Saturday, April 9, 2016

ဆောင်းခိုဌက်သို့  ခွန်းဆက်ခြင်း

နွေဦးပေါက် တေးသံနဲ့ အတူ..
နွေးထွေးရာ..ရင်ခွင်ဆီ..
ပျံသန်းလာတဲ့ ဌက်ကလေး..

အခု အခါ. သင့်ဌာနီမှာ
အေးစက် နှင်းမှုန်ထဲ
သင် တကောင်ထည်းအဖော်မဲ့
ဆာလောင်မွတ်သိပ်ညထဲ
သင် တကောင်ထည်း အအိပ်ပျက်

ကြမ်းတမ်းတဲ့လောကဓံ ထဲ
သင် တကောင်ထည်း တွယ်ရာမဲ့

အထီးကျန် မင်းဘ၀ထဲ.
နေခြည်နွေးတွေ ရရှိစေ။

တေလေမဲ့ မင်းဘ၀ထဲ
လုံခြုံ မှု တို့ ရရှိစေ။

ကြိုနေတဲ့ ကမ်းလက်
နွေးထွေးမှု ၏အပြည့်နဲ့  မေတ္တာ
ဒီရင်ခွင်မှာ .နားလှဲ့ ပါ။

အစာရေစာ ဝ
လှပ ဆူဖြိုးတဲ့ အခါကျ..
လွတ်လပ်မှာ ဝေဟင်ထဲ
သင်ပျံလိုက ပျံ။
ဒီနေရာ..တသက်လုံးဘဲ
သင်နေ လို ကနေ။
ပူပင် ကင်းမဲ့
ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းစေ။

ခရီး မိုင် တစ်သောင်း
အတောင်တွေညောင်းကာ
ပင်ပန်းစွာ ပျံသန်း
ခရီးကြမ်း ဖြတ်သန်းလာခဲ့ရတဲ့ဆောင်းခိုဌက်.
နွေရင်ခွင်က မဝံ့ မရဲ ခွန်းဆက်တယ်။
မင်္ဂလာပါ ဌက်ကလေးရယ်။

မ (၁၀။၂၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */