Saturday, April 9, 2016

အိမ်မက်ဖော် သို့ 

ဌက်ကလေး..ဓါတ်ကြိုးတန်းပေါ်က.
ပျံသွားတဲ့အခါ..ကြိုးကလေးတုန်ခါသလို.
ကျမရဲ့ ရင်ထဲ တုန်ခါခဲ့တယ်။
သူ ကျမကို မထိတထိနမ်းခဲ့တယ်။
အကြင်နာလက်တွေ ကမ်းခဲ့တယ်။

ပန်းပွင့်ပေါ်က လိပ်ပြာငယ်တွေ
ဝတ်ရည်စို့ နေဆဲ..
ပန်းကလေးက ရှက်ခေါင်းငုံ့ တတ်တယ်။
ချစ်ပေမဲ့ ကျမလည်းရှက်တတ်တယ်။
ဒါပေမဲ့ ပြောခဲ့တယ် ကျမချစ်တယ်။

အရွယ်ရိုင်းလွန်ခဲ့ပေမဲ့..
အပျိုရိုင်းလို ရင်ခုန်ဆဲ..
သူမှသူဘဲ..တဦးထဲ.

တနေ့ တနေ့ ပြောမကုန်စကားများ..
နှစ်ယောက်သားအနားမှာ..
အိပ်ချိန်မတူတဲ့ ချစ်သူ နှစ်ဦး
ကျမ အိပ်ပျော်နေတဲ့အချိန်..
စိတ်ရှည်စွာ အနားက သူစောင့်နေခဲ့
သူ အိပ်ပျော်နေတဲ့အချိန်..
ကျမသူ့  အနားမှာ
ညောင်ရေအိုး လည်ပင်းလေးနဲ့ 

messenger ထဲက အသက်ရှူမျှင်းမျှင်း..
မြတ်နိုးရခြင်း ပကတိ
အိပ်စက်ခြင်း နဲ့ ချစ်သူ
မိုးသောက် အာရုဏ်တက်မနိုးသေးခင်
အနားမှာ တလှည့်စီစောင့်.
ညသန်းခေါင် လရောင်ပျောက် တွေကြား။
အိမ်မက်ချိုများ ပန်းပျိုးကြသူ။

No comments:

 
/* EOT ----------------------------------------- */