အမှောင်ညမှ ပြန်ရုန်းထွက်သောဌက်
မကြောက်တော့ဘူး..
ဘာအခက်အခဲဘဲ လာလာ
ချစ်သူနဲ့ သာ..ဖြတ်ကျော်ရဲတယ်။
ညင်သာစွာ..နမ်းတဲ့ သူ့ အနမ်းမှာ..
သတ္တိဆိုတာ နီရဲတဲ့ ခွန်အားတွေ။
နောက်မဆုတ်တော့ဘူး..
ဘာတွေဘဲ ဖြစ်ပစေ။
ချစ်သူနဲ့ သာဆို..ဆက်လျှောက်သွားမယ်။
ကြင်သာစွာ..ဆုတ်ကိုင်ခဲ့ သူ့ လက်တွေမှာ..
ဘ၀သစ်ဟာ ဖွားမြောက်လို့ ရှင်သန်လာ။
လင်းအာရုဏ်ဦး..ဟိုအရှေ့ ဆီ လှမ်းမျှော်..
အမှောင်ထဲမှာ..နေခဲ့ ရ ဘ၀ကရှည်ကြာ။
ချစ်သူနဲ့ ရှိရင်..ကြယ်အလှရဲ့ ညပန်းချီ
ရင်ခွင်တခု ဟာ မှေးစက်ဖို့  ကျမပိုင်တယ်။
လေနုအေးတွေ ပန်းရနံ့ ကိုဆောင်ယူ.
ချစ်သူအပြုံးမှာ..လုံခြုံခဲ့ပြီ။
အမှောင်ညတွေ ကုန်လွန်ခဲ့ ပြီ။
စုစု ( ၁၀။၁၈။၂၀၀၈)
No comments:
Post a Comment