Saturday, April 9, 2016

မိုးသို့ မျှော်ရည် ကန္တာရ၏ နှင်းဆီ.

ကြေကွဲ မြေပတ်ကြားအက်.
ခြောက်သွေ့ တဲ့ ကန္တာရထဲ
ပွင့်ရတဲ့ .ပန်းကလေး.

နေခြည်ခ လည်း..
ပွင့်ချပ်လွှာစ..
အရောင် တောက်ပနေဆဲ
ရေမရ လည်း..
အံတင်းခဲ ကာ
မိုးငွေ့ လေပြေကို မျှော်နေဆဲ..

နေခြည်မှာ ယိမ်းကာနွဲ့ 
သဲကန္တာရ ရဲ့ နှင်းဆီ
သဲမုန်တိုင်း လေကြမ်း
ပွတ်တိုက်နမ်း လည်း
အားမာန် ခဲထား.
ပွင့်ချပ်အလှ ရွက်တိုင်ထူ.
ပန်းအလံ မလှဲ.ဇွဲမာန်ဝင့်သူ
ဆူးကြဲများ ၀ိုင်းရံ၊
ကာကွယ် အိနြေ္ဒများနဲ့ သူ

နေပူ မကြောက်.
လေပူ မကြောက်.
ဘယ်လောက်ကြာအောင်ဘဲ စောင့်ရပါစေ.
မိုးသက်မှုန် လေးဘဲ တပေါက်နှစ်ပေါက်.
အမောပြေ ဆု
သောက်စို့ ခွင့် ရပါရစေ။

မ (၁၀။၂၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */