Saturday, April 9, 2016

ချဉ်ခြင်း..

တိမ်နီတောက်တဲ့ ညနေ..
သူ့ အကြောင်းတွေးနေမိတယ်။

အရည်ပျော် ပင်လယ်ထဲကျတဲ့နေမင်း..
ဆားရနံ့ သင်းပင်လယ်လေ..
အလင်းဖေါက်ဝင်နေတဲ ဇကာကြဲလို
ခပ်ညိုညို မိုးသားကောင်းကင်က
လင်းလက်စ ကြယ်
ပြုံးတုံ့ ရှက်သွေးမြမြ. ကိုယ့်ကိုစနေတယ်..
“တယောက်ထဲလား..ချစ်သူ က ဘယ်ကို သွားသလဲ”တဲ့

အသက်ရှုရင်ကျပ်။
နှလုံး တုန်ခါ
ဖျားနာနေဆဲ အလွမ်းတရပ်။
ငွေရောင်ခြည် ဘောင်သတ်တဲ့
ချုပ်ညရီ ရဲ့ တညနေ
ချစ်သူ့ ရင်ခွင်ထဲမှာ ကိုယ်နေချင်တယ်။
ချစ်သူ့ လက်ဖျားလေး ဆုတ်ကိုင်ဖူးချင်တယ်။

အဝေးက အိမ်ဆီ ပျံနေတဲ့ ဇင်ယော်လေး
တနေ့ မှာ အိပ်တန်းဆီ ရောက်သလို..
တနေ့ မှာ…ဒို့ တူတူ..
ရွန်းလက်ညနေခင်း လမ်းလျှောက်ကြမယ်
လရောင်တွေ ချဉ်းနင်း..
ဒီ ငွေသောင်ပြင်ရဲ့ ခြေရင်း

မ (၁၀။၃၁။၂၀၀ဂ)

No comments:

 
/* EOT ----------------------------------------- */