စုဗူး ထဲက..အကြင်နာများ..
အလုပ်သွားတဲ့အခါ..
ချစ်သူဖတ်ဖို့  စာ..
ခေါင်းအုံးဘေးမှာ..ထားခဲ့ပါတယ်။
နိုးလာရင် ဖတ်ကြည့်..
ပီတိနဲ့သာ..သတိရကြည့်။
ကျမ အိပ်ရာထ..
မနက်စာပြင်တဲ့အချိန်
ချစ်သူ စားဖို့ မနက်စာ..
စားပွဲပေါ်မှာ..ထားခဲ့ပါတယ်။
နိုးလာရင် မောင်..စား..
ရင်ထဲမှာ လွမ်းထားနှင့်။
ညနေဘက်.သူ အိမ်ပြန်ရောက်..
မောပမ်းလာတဲ့ အချိန်.
အမောပြေ ရေတစ်ခွက်..
အနားက ယပ်ခတ်ပေးချင်တယ်.။
ကျမဖေဖေ လို..မိသားစုဘဝ
မောင်ခံစား ရဖို့ ပါ။
အခုတော့ အဝေးမှာ..
တူတူ မနေနိုင်ဆဲ ကာလ..
အိပ်ရာထရင်..ဖတ်ဖို့ ကဗျာ..
မင်္ဂလာနံနက်ခင်း..ဖြစ်ဖို့ ရာ.
အနမ်းတွေ..စုဘူးထဲမှာစု…
လွမ်းသတိတရ..ကျ..
ရွှေမျက်ရည်စတွေ..
မရအောင်ပင်..တွက်ရေ။
မ
No comments:
Post a Comment