Sunday, April 10, 2016

တခါတရံလေးလောက်ဘဲ..သတိရ။

“ မ..ကျန်းမာရေး ဂရုစိုက်
မောင် အမြဲရှိတယ်။
မ ကို ချစ်တယ်။
မောင့် သစ္စာကိုယုံပါ။
ထာဝရ...မောင်”
တဲ့

 
 ချစ်သူရဲ့ စကား..
ရင်ထဲ စိမ့်အေးသွားတယ်..
ဘယ်အချိန် ဖြစ်ဖြစ်..
အမြဲတမ်း သူအနားမှာရှိတယ်..
စိတ်အားမငယ်ဘူး။
အော်…ဒါပေမဲ့..တကယ်တမ်းကျ..
သူနဲ့ ကိုယ် က အဝေးကြီးမှာ..

“ မောင်..မတည့်တာတွေမစားနဲ့ 
ကောင်မလေးတွေနား.မသွားနဲ့ ။
ဘာမှ အားမငယ်နဲ့ 
မ မောင့် ကို ချစ်တယ်။
သတိတရ...မောင့်ရဲ့ မ”

ကျမရဲ့ စာ..
သူဖတ်ရင် ပျော်မှာသေချာ..
ဘာ အခက်အခဲဘဲ ဖြစ်ဖြစ်..
ကာကွယ်ပေးဖို့  အဆင်သင့်..
ဘယ်တော့မှမောင် မျက်နှာ မငယ်စေရဘူး။
သို့ ပေမဲ့..အပြင်ပမ်းမှာက..
သူနဲ့ ကိုယ် ပင်လယ်ကြားမှာ ကာ။

တွေ့ ကြဖို့ ကြိုးစားနေတယ်။
အိမ်မက်လေးများ..တည်ဆောက်နေတယ်။
နားလည်မှူများတွေ ညှိနေတယ်။

ကံကြမ္မာ..ပေးခဲ့ရင်တော့..တွေ့ ကြမှာပါ။
သံသရာ ရှိခဲ့ရင်တော့..ပေးဆပ်ကြရမှာပါ။
မတွေ့ ရဘဲ..တစုံ..တရာရာ..
ဖြစ်သွားကြရင်သာ.မောင်..
ဒီလောကမှာ.. တခ်ျိန်ချိန်က..
မောင့်ကို သိပ်ချစ်ဖူးသူတဦးရှိကြောင်း..
အမှတ်မထင်တွေးမိတဲ့အခါ..
သတိရ..ကျမကို အမျှပေးနော်။..

ခုတော့
နှလုံးတွေ ခုန်နေဆဲ..
ဝင်သက်တွေ..ရှူနေဆဲ..
ကိုယ်ခန္ဓာ နွေးပူနေဆဲ..
မလွမ်းရဲရဲ..လွမ်းရဲရဲနဲ့ .
မျှော်လင့်ဆဲလေ..အိမ်မက်တွေ..

No comments:

 
/* EOT ----------------------------------------- */