ဘယ်သူနိုင်နိုင်..ပြိုင်မလား..
မြောက်ပြန်လေ အမြူး..
စိတ်ထွေရူးအောင်..
ကျီစယ်တဲ့မောင်။
အသက်တော့ မပုံရဲ..
အသည်းဘဲယူပါစေတဲ့
နှုတ်ခမ်းစူက..မက ငြင်း..
ခေါင်းခါရင်း ဟင့်အင်း..
ချစ်သူကို ချစ်ကြတဲ့ အခါ..
မပိုပါ..အမြဲတမ်းလိုနေဆဲ။
လောဘကြီးတယ်ဘဲ ထင်လည်းထင်..
အကြင်နာများစွာ..
မေတ္တာ၏ လားရာ..
ကတ္တီပါနု..သူ့ ရင်ခွင်ထဲ..
အနမ်းတစ်ထောင်၊ ပန်းတစ်ထောင်၊
အသဲတင်မက..အသက်.
နည်းနေသေးထင်..
ရှက်..မှ..ရှက်..
သစ္စာတွေ..ရှိသမျှ ပုံအပ်
ဂရုဏာတွေ တသက်စာထပ်..
ကျမ ကို လောင်းကြေးထပ်မလားမောင်..
ချစ်တာတွေ ပြိုင်ကြရအောင်။
မ
No comments:
Post a Comment