Sunday, April 10, 2016

ဘယ်သူက ပိုခံစား

သဲသဲမဲမဲ၊ ရွဲစိုတဲ့မိုးရေက..
သူ့ ကို..နာဖျားနေစေသလို..
စိတ်ပူပြီး..ဘာလုပ်ရမယ်..မသိတဲ့ကျမ..
ကွဲကွာတဲ့ ဝေဒနာက..
ရင်ကိုပို.နာမကျန်းဖြစ်စေတယ်.။

သူနေမှကောင်းရဲ့လား.
သူ အစာမှ စားရဲ့လား.
သူ ထသွားမှ စွမ်းရဲ့လား..
လား..လား..လား..ပေါင်းများစွာ
သို့ လော..သို့ လော..သံသယ..
ကျမ တယောက်ထဲလေ စိတ္တဇ

ချစ်သူအနားမှာနေ..
သင့်တော်တဲ့ အစာချက်ပြုတ်
ဂရုစိုက်ကြင်နာ.ပြသချင်တဲ့မေတ္တာ..
ပူပူနွေးအစာစားပါ။ ရေများများသောက်..
ကိုယ်ပူရင်..ရေပတ်တိုက်ဖို့ မမေ့နဲ့ 
အေးခဲ့ရင်.အနွေးထည် ဝတ်ဖို့ မပျင်းနဲ့ 
ညအခါ..အိပ်ရာပေါ်စောင်ခြုံ
လေစိမ်းအလာ..
ပိတ်ပါနော်။ ပြူတင်းပေါက်
ဆေးမှန်မှန်သောက်၊
လမ်းများများလျှောက်။
တည့်တာဘဲ စား။
ဆရာဝန်ဆီလည်း မှန်မှန်သွား။
ညည အိပ်ရေးပျက်။
အင်တာနက်တွေချည်းဘဲ..တက်မနေနဲ့ ။

တနေ့ နေ့  ပူပင်သြဇာပေး..
သူ့ ကို ခလေးလေးလို..
ကျမ အပူပင်ပို.
တကယ်ဆို..
ဖျားနာတဲ့သူနဲ့  ပြုစုတဲ့သူ.
ဂရုစိုက်ခံရတဲ့သူနဲ့ ..ဂရုစိုက်သူ..
ဘယ်သူက အပူပိုများ..
ဘယ်သူ က..ပိုအချစ်များသလဲကွယ်။


No comments:

 
/* EOT ----------------------------------------- */