ဝိုင်းကြီးပတ်ပတ်..ဒူဝေဝေ။
မင်းအကြောင်းဘဲ စဉ်းစား.
အစာစားနေရင်း..
မင်းအကြောင်းပဲ တွေးမိသွား..
ဦးနှောက်များ.ဆူဝေ.ရူးသွပ်..
အလွမ်း ဒဏ်ရာ..
အရောင် ချွတ်ရခက်တယ်။
တခါတခါ ရင်မှာဒေါသ..
ဘာကြောင့် ဒီလောက်ကိုယ်ချစ်..
ရေတိမ်တိမ်မှာ ကိုယ်နစ်..
မတော်လို့  သူပစ်သွားခဲ့ရင်..
မကြာမကြာ တွေးမိ..
အင်း..ရပ်မှဖြစ်မယ်..
သူမရိပ်မိခင်..ထွက်ပြေးမှ ဖြစ်မယ်..
အသဲကွဲဒဏ်..နာကြင်ခံခက်..
တစ်ခါကွဲ ထားဘူး..
ဒုတိယအကြိမ် မကွဲချင်ဘူး..
ဒါပေမဲ့လည်း..
အမြဲဘဲ..
အတွေးထဲ..မင်းမျက်နှာ..
နားထဲမှာ မင်းအသံ..
အိမ်မက်မှာ..မင်းလာ..
တိမ်တွေကြည့်လွမ်း..
ဌက်တွေ ကြည့်လွမ်း..
သီချင်းသံ ကြားလွမ်း..
ထမင်းစား လည်းလွမ်း..
မရည်မှန်းပေမဲ့..
သိနေခဲ့ပြီ..
အရူးအမူး ချစ်ခဲ့မှ တော့
တူတူပုန်း လို့ မရ။
သစ်စိမ်းချိုး မရ။
လမ်းပိတ်ထဲ ဝင်္ကပါနှယ်။..
ထွက်ပြေးမရ..ကိုယ်..ချာချာလည်။
မ
No comments:
Post a Comment