မနက်ဖြန်များသို့  ဆုတောင်း
ငြိမ်သက်တဲ့ ကန်ရေပြင်ပေါ်
ခဲလုံးကလေး..ကျသလို
နေသားကျနေတဲ့ ကိုယ့်ဘဝ
မင်းကြောင့် အသစ် စတယ်။
ဂယက်ရယ်..လှိုင်းငယ် အဝေး..
ဆူပွက်နေတဲ့ ရင်ခွင်ငယ်..
အချစ်ကို တမ်းတ မျှော်မောတယ်။
မင်းပြောတယ် ချစ်တယ်။
ကိုယ်လည်းသိတယ်..ကိုယ်ချစ်တယ်။
နေခြည်ဖြာသောကြောင့် နွေး..
ကန်ရေပြာသောကြောင့် အေး..
ပန်းသင်းလေပြည်ကြောင့် မွှေး..
အချစ်နဲ့ ထွေးပေမဲ့..
တနေ့ နေ့ မှာ..
ဂယက်၏ အဆုံး..
အမုန်းတွေ မရှိစေချင်..
သံယောဇဉ်ကြိုးနွယ်ယှက်..
တသက်ဘဲတူတူ နေချင်တယ်..
မင်း ဖြည့်ဆည်းပေးမယ်လား..
မျှော်လင့်ထားပါရစေ။
ရွှေရောင်လွှမ်း မနက်ဖြန်များသို့  အဖြေ။
မ
No comments:
Post a Comment