တဖြစ်လဲ
မကြောက်ပါနဲ့  ချစ်သူရယ်
ချူလှဲ့ ပါ။
အများတကာအတွက်..
နှင်းဆီကဆူးနဲ့  ကာကွယ်ထားပေမဲ့..
ချစ်သူကို ချုစေလိုတဲ့အခါ..
နှင်းဆီဟာ.. ဆူးမဲ့ သွားခဲ့တယ်။
အရောက်လာလှဲ့  ချစ်သူရယ်
အချစ်သာ ယူခဲ့ ပါ။
အများတကာအတွက်..
တံတိုင်းကာ အ၀င်ခက်ပေမဲ့..
ချစ်သူ အတွက်.. ကိုယ့် အိမ်ဟာ...
တံခါးမရှိ..ဓါးမရှိပါ။
တခါတခါ..အဖြစ်အပျက်တွေဟာ ဆန်းကြယ်..
အချစ်နဲ့  တွေ့လိုက်တဲ့ အခါ..
ကျမရဲ့ ဆူးတွေ ပိတ်
အရွက်တွေ အိပ်သွားတယ်.
တကယ်တမ်းကျ..
ထိကရုန်းပန်း နှယ်..
အချစ်ရဲ့ ရင်ခွင်ထဲ..
ပျော့ပြောင်းစွာ..ကျရှုံးသွားခဲ့တယ်။
မ
No comments:
Post a Comment