သမရိုးကျ ကို ပုန်ကန်ခြင်း။
မုန်းဖို့ တကယ်ကောင်း..
ချစ်တယ် စပြောတာက..
ကောင်ကလေး မှ တဲ့။
ဒါ မတရားဖူး။။
ကောင်မလေးမှာလည်း အချစ်ရှိတယ်။
ချစ်တဲ့ မချစ်တဲ့နေရာ…
ယောက်ျားမိန်းမဟာ အရေးပါသလား..
ချစ်ခြင်းဆိုတဲ့ ပုစ္ဆာ..ချိန်ခွင်လျှာမပါဘူး။
ချစ်သူ နဲ့အချစ်ခံသူ..
နှစ်ကိုယ်ကြည်ဖြူ..သဘောမျှ..
ဘယ်သူကဘဲ စစ
လွတ်လပ်သူဖြစ်ကြဖို့ ဘဲအရေးကြီးတယ်။
ချစ်နေကြဖို့ ဘဲအရေးကြီးတယ်။
ချစ်ပါသော်လည်း..တအိပ်ယာစီအိပ်..
တိတ်ဆိတ်နေသည့် အိပ်ခန်းလေး..
နှစ်သက်သော်လည်း
ဒို့ နှစ်ယောက် တယောက် တမြေစီဝေးတဲ့အခါ..
ဘယ်သူစချစ်.မချစ်တဲ့ ပြဿနာထက်..
တွေ့ ရခက်.တဲ့ပြဿ နာက ဆိုးတယ်။
နောက်တခါ..သူ အလည်လာဖို့ 
အကြာကြီးစောင့်ရမယ်။
ဘာဘာညာညာ
သမရိုးကျတွေ မလိုဘူး။
တွေ့ ရင်တော့ လား..
ကိုယ်ချစ်တာ အရင်ပြောချလိုက်မလို့ 
ဗမာ မိန်းခလေးတွေ..ခေတ်မှီနေခဲ့ပြီဘဲလို့ ။
မ
No comments:
Post a Comment