ပုံပေါ်ခဲ့တဲ့ ပန်းချီကားတစ်ချပ်
စိတ်ကူးယဉ် ထဲက မင်းသားလေး
နမ်းမှ လန့် နိုးရတဲ့ မင်းသမီးလေးတဦး
စိတ်ကူးထဲမှာ ဖြစ်ခဲ့ဖူးတယ်။
စိတ်ကူးယဉ် မျှော်လင့်ဖူးသမျှ..
လက်တွေ့ ဘဝနဲ့ ဝေးကွာစွ။
ဘာမှ ဖြစ်မလာတဲ့ အခါ..
အတိတ်တွေ သဲထဲသွန်..
ကျန်တဲ့နှလုံးသား က အခွံ။
တယောက်ထည်း အထီးကျန်ဘဝ
အခြေအနေ လိုက်လျှောညီထွေ..
အဆင်ပြေပြေဘဲနေ။
အချစ် ဆိုတဲ့ အရာ..
မယုံဝံ့ဝံ့ ဒဏ္ဍာရီရဲ့ ခြေရာ
မင်းရယ်သံတွေကြားမိတဲ့ အခါ..
မင်းအပြုံးတွေ မှန်းဆတဲ့အခါ..
မင်းပျော်ရွှင်ဖို့ အရာရာပေးဆပ်..
အချစ် ဇာတ်ကို..ပြည်ဖုံးကားလှပ်
ကဏ္ဍအသစ် ထပ်ဖွင့်တယ်။
ကိုယ့်အနား မှာ..မင်းရှိမှ ဖြစ်မယ်။
မင်းအနား မှာ..ကိုယ်ရှိမှ ဖြစ်မယ်။
လွင့်စင် ပျောက်ကျနေတဲ့
Jig saw ပဟေဠိ ပန်းချီ ရဲ့အပိုင်းအစ
ကောက်ယူဖြည့်ကြည့်လိုက်မှ
ပြည့်စုံလှပ..ဒို့ ဘဝ
ပြေးထွက်ဖို့ တောင်..သတိမေ့ သွားတယ်။
မ
No comments:
Post a Comment