မင်းနောက်မှာ..ကိုယ်လေ အရိပ်
စိတ်ခန္ဓာ မင်းပင်ပန်း နောက်ကျိ
ကိုယ့်ရင်တွေ မချိပါဘူး။
မင်းအတွက် ဆို..
အမောပြေ..ကျောက်စက်ရေ
ရင်ကိုအေးမဲ့ စမ်းရေ..ကိုယ် ဘဲဖြစ်ပါရစေ။
မိုးရေထဲ..ထီးမပါစိုရွှဲ..
မင်း အိမ်ပြန်လာတဲ့ရက်များ..
ကိုယ် မကြည့်ရက်နိုင်ပါဘူး..
မင်းအတွက်ဆို..
တံစက်မြိတ်အောက်က.
တစ်ပေါက်ချင်းကျတဲ့.မိုးစက်ကိုမခ စေရ..
ကိုယ်ထီးလို မိုးပေးပါရစေ။
နှင်းမှုန်ပွင့်များ..မင်းဆံဖျားမှာငြိ
အေးစက်လက်ဖျား ဆောင်းလေကြားထဲ
ကိုယ်ပစ် မထားရက်ပါဘူး..
မင်းအတွက်ဆို..
အအေးလုံ ထွေးတဲ့
ခေါင်းစွပ်ပါ ဆောင်းအနွေးထည်
ကိုယ် ဘဲဖြစ်လိုက်ချင်တယ်။
မင်းအနားက အဖေါ်.
အပျော်ခေါ် တူတူကစားဖေါ်
အရိပ်ကလေးတစ်ရိပ်..
မောလာရင် ရင်ခွင်မှာ..ထွေးသိပ်မယ်။
နွေနေ။ မိုးလေ..
ဆောင်းနှင်းတွေ။
တူတူဖြတ်မဲ့ ကန္တာလမ်း
မင်းအနားမှ အဖေါ်..
ကိုယ် ချစ်တာကိုဘဲ ယုံကြည်ပေးပါနော်။
မ
No comments:
Post a Comment