ကိုယ်တိုင် ဖန်တီးသော ဒုက္ခ
အချစ်စွဲ ဝေဒနာ..
မသေချာ..မရေရာတာမှ..
စိမ်ခေါ်ချင်တဲ့ ဝါသနာ.
လူတိုင်းရဲ့ မွေးရာပါ။
အပျံသင်ဌက်ကလေးတစ်ကောင်..
လမ်းလျှောက်သင် ကလေးလေးတစ်ယောက်
ဘာလည်းဟဲ့ အချစ်..
လွမ်းဆွတ်စွာ..တမ်းတဖူးတဲ့
မီးကို နမ်းသူ..နှုတ်ခမ်း ဓါးရှ
အချစ်ခံရတာက ကံကောင်းပေမဲ့
ကိုယ်က ချစ်ရတဲ့ ရသ
အသည်းနင့်နင့်
မျက်ရည်နှင့်ကွဲကြေခြင်း။
အချိုမဲ့ အချစ် ၏ အရသာ..
ရင်မှာ စပ်ဖျင်းဖျင်း။
မရှိခက်ခက်..ရှိခက်ခက်..
အတက်ခက်ခက်..အဆုတ်ခက်
အသိဖက်လည်း.. သတိစွက်လည်း..
စိတ်၏ စေစားရာ..အချစ် လှည့်စားရာ
မီးညွန့် ထဲမှာ..ပျံသန်းနေဆဲဘဲ..
မိုက်မဲသော..ပိုးဖလံများစွာထဲ
ငါလည်း တစ်ယောက်အပါအဝင်.
မကြာမီ..အတောင်ကျွတ်သေပွဲဝင်။
မ
No comments:
Post a Comment