ဖက်မိုးထီးကလေး မလုံ့ တလုံ
ထီးမပါ တကိုယ်ထဲ..
အချစ်ရယ်..အေးလိုက်တာ..
ပြာနေတဲ့နှုတ်ခမ်း
ညင်သာအနမ်းပေးမဲ့သူမရှိ။
တုန်ယင်တဲ့ လက်များ..
ဆုတ်ကိုင်ထွေးသူမရှိ.
ချမ်းစိမ့်တဲ့ ခန္ဓာ..
အထီးကျန်တဲ့ ဝေဒနာ
ရက်စက်တဲ့ မိုးရေအောက်မှာ..
သစ်ရွက်ထီးကလေး.. မလုံတလုံ..
မောင်မရှိ. ဘဝမပြည့်စုံတဲ့ခဏ..
ယောင်ချာချာ..တယောက်ထဲငေး..
မိုးမင်းရယ်..တိတ်လှည့်ပါတော့။
တစစ်စစ်.. နာကြင်ကြင်ရင်ထဲ
မျက်ရည်စတို့  မိုးလိုပြို..။
စုစု
No comments:
Post a Comment