တွေဝေခြင်း...
ပြတ်သားရမဲ့ ဆုံးဖြတ်ချက်
တွေဝေ မလှုပ်မရှက်နေခဲ့တာ.
ရက်ကြာညောင်းခဲ့။
သတ္တိမရှိဘူးဘဲ ဆိုလည်းဆို။
သူ့ လောက် မချစ်ဖူးဘဲ ဆိုလည်းဆို။
ကံကောင်းလား..ကံဆိုးလားမသိခဲ့
အချစ်ရှေ့ မှောက်ရက်..
လဲခဲ့တာလည်း လူမိခဲ့ပြီ်။
အချုပ်အနှောင်လား.
အခွင့်အလမ်း လား..
အိမ်မက်အဆန်းအပြား.
အရူးအနှမ်း စိတ်ကစား
လူလတ် အရွယ်ရဲ့ ပဋ္ဋိပက္ခ..
အချစ်လိုချင် တတ်မက်ဒုက္ခ..
ရီစရာ လား..
လှောင်စရာ လား.
ပြောင်စရာ လား..
မျှော်လင့်ချက်များနဲ့ ဆော့ကစား။
ကိုယ်တော့ ဒေါင်ချာစိုင်းနေ။
ဖြစ်နိုင်သလား..
ဖြစ်သင့်သလား..
သင့်တော်သလား.
အမြင်မတော် ကဲ့ရဲ့စကား..
အတွေးဆူ..မပြတ်မသား..
ရှေ့ တိုး နောက်ဆုတ်..
ရွေးချယ်မှူကို..စက်ဆုတ်။
ဘယ်လို လုပ်မလဲ..
ဘာတွေ လုပ်ချင်သလဲ။
ရင်ထဲမှာ..မီးဇာ တဖက်..ရေမှူတ်တဖက်..
ရွေးချယ်ရခက်သည်။
ယုံကြည်မှုနဲ့ တလမ်းသွား
ပူပန်မှုနဲ့ ..ကံစမ်းထား..
အချစ်ပေးရင်..အချစ်ပြန်ရမလား?
အသက်တွေကြီးလာရင်..သူချစ်ပါ့မလား?
စိတ်သံသယ ထားရင်တော့ ပူပန်..
သူသစ္စာထားရင်တော့.လူမှန်နေရာမှန်.
အရေပြားတစ်ထောက်အလှ..စဉ်းစားရင်တော့ မတူမတန်..
ချိုအိမ်မက်တွေကို ချေနင်း..
ယုံကြည်မှုကို စတေးခင်း
ရွေးချယ်ရမဲ့ ဆုံးဖြတ်ခြင်း
အမှန်ကို..ဖြတ်လျှောက်ရမဲ့ အလင်း
အသည်းနှလုံးတော့..ရင်းရမယ်။
ချစ်ပေမဲ့..
တခါတလေ..ပေါင်းစပ်ရန် မလွယ်ကူ
အတွေးထဲဘဲ ချစ်ကြသူ
စိုးတထိတ်ထိတ် ကြေကွဲ..
မေမေရယ်
ဘာလို့ များ..
ဒို့ အရွယ်တူတူ..မမွေးခဲ့ကြသလည်းကွယ်။
မ
No comments:
Post a Comment