တကိုယ်ရည်ထဲ..မိုးအေးသည်းတဲ့ည
ညို့မှိုင်းတိမ်စိုင် မိုးသားပြင်
ပြိုဆင်းကျခဲ့ ကောင်းကင်
အုံ့ဆိုင်း ရွာမစဲမိုး
အညှိုးနဲ့ စွေနေတဲ့အခါ..
သတိရတယ်..ချစ်သူရယ်။
အေးစက်တုန်ရီ နှူတ်ခမ်း..
အပြာရောင်သန်းနေ..
ချစ်သူနဲ့ ဝေးတဲ့ အချိန်တွေ။
ချမ်းခိုက် လက်များ..
ချစ်သူရယ်..ဆုတ်ကိုင်ထားပေးမလား..
မင်းရင်ခွင် အငွေ့ ထည်း..
နွေးထွေး ကြင်နာ ယုယ
အချစ်ဆိုတဲ့ ရသကို..ခံစားကြည့်ချင်တယ်။
ပူနေခြည်ကို ရော်တမ်း
သူလှမ်း လာမဲ့ လမ်း..
မှန်းမျှော်ကာ ကြည့်ခဲ့လည်း
ရေငွေ့ မှုန်ဝါးတဲ့ ပြူတင်းပေါက်။
မိုးစက်စင်..တစ်ပေါက်နှစ်ပေါက်။
ချစ်သူကတော့ ရောက်မလာ။
မိန်းမကြိုက်တော့ မျှော်လိုက်ရတာ။
ကြာရက်ရှည်ရှည်..အလွမ်းခါးအဆိပ်
တယောက်ထဲ ဖေါ်ကွဲ၊ မိုးညတိတ်ဆိတ်
နှမျောစရာ့..အချိန်ကုန် တရိပ်ရိပ်
ရင်ကို တစစီ ခြွေတဲ့..မိုးရေ..
အထီးကျန်ဝဋ္ဋ် ဒုက္ခဆင်းရဲတွေ
ဒီ တစ်ညလည်း အိပ်မရသည်..
မိုးသောက်မို့ ထခဲ့ရပြန်ပြီ။
မ
No comments:
Post a Comment