Sunday, April 10, 2016

သူနေမကောင်းဘူးဆို..ကိုယ် လည်းနေမရ။

သူပြောတာတော့ အအေးမိ ချောင်းဆိုး
သာမန် ဖျားတာမျိုးဘဲတဲ့
ဒါပေမဲ့ ..
ကျမ ..အိပ်မရဘူး..
စိတ်ပူတတ်တာက ဆိုးတယ်..

နဂိုကမှ နူးညံ့တဲ့ သူ့ အသံဟာ..
ဖျားနေတဲ့အခါ တိုးညှင်း..
ဖျော့တော့ခြင်းအတိ..
စိတ်မသက်သာခြင်း ဖြစ်မိတယ်။

အလုပ်တွေ ပင်ပန်း.
စိတ်မသက်သာ ရင်မှာနွမ်း..
ချစ်သူကို..အဝေးမှာရော်ရမ်း
လွမ်းတာက..ဆိုးတယ်။

စိတ်မပူနဲ့ မောင်။
ကျမနဲ့ မောင် ဘယ်လောက်ဝေးဝေး..
အနီးလေးမှာ ရှိတယ်။
မမြင်ရ မတွေ့ ရ..
ချစ်သူ ဖျားနေတဲ့အခါ
စိတ်ပူပင်တဲ့ ကျမအသံ
ငိုသံမရှိ၊ ပုံမှန်ပကတိဖြစ်အောင်
ကြိုးစားနေဆဲ..
ရင်တွင်းမှာတော့ရှိုက်သံ
တူတူ မနေနိုင်သေးတာ ဝဋ္ဋ်ဆင်းရဲအမှန်။

မောင်ရယ်..
ရော်ရမ်း.
မှန်း သိပ်များ ကိုယ်ပူနေသလား..
ရေပတ် တိုက်ပေးရမလား..
ညင်သာ ပါးနဲ့ အပ်
သူ့ နဖူးပေါ်ကို စမ်းကြည့်ချင်။

ချောင်းဆိုးအက်ကွဲနေတဲ့ သူ့ အသံကြား
ကျမ အသည်းများ ဖျတ်ကနဲကွဲသွား
နေတဲ့ ကုန်းမြေ ဆက်နေရင်များ.
အပြေးသာ လာခဲ့ချင်တယ် မောင်ရယ်။
တောင်ပန်တစုံ ပိုင်ခဲ့ရင်များ..
ဝေဟင်ဖြတ်..ပျံသန်း လာခဲ့ချင်တယ်။

အဝေးရောက် နေ့ များ..
အပါး မှာထား..
နေကောင်းအောင် ကြိုးစားဖို့ 
ကျမကို.မမေ့ဖို့ ..
မျှော်လင့်ချက်တွေ အမြဲသစ်နေဖို့ .
ကျမကို..မောင်အမြဲချစ်
မောင့် ကို ကျမ အမြဲချစ်
အချစ် သက်တော်ရှည်..
ဆုတောင်းတယ်..ကြာရှည်ခိုင်မြဲစေ..

No comments:

 
/* EOT ----------------------------------------- */