တယောက်ထဲကိုဘဲ..
Epiphyllum (သို့ မဟုတ်)
လရောင်အောက်မှ.မိန်းမလှပန်း..
လရောင်နမ်းမှ ပွင့်သလို
ကျမရဲ့ အချစ်
ချစ်သူ ကိုဘဲပေးချင်တယ်။
အေးမြတဲ့လခြည်မျှင်လို..
ချစ်သူရယ်..ပါးပြင်ကိုနမ်းမှာလား..
တသက်မှာ တခါ၊
ပန်းပွင့်ပြီးသေဆုံးတဲ့
ဝါးပွင့်ကလေးလို..
တသက်မှာတခါဘဲ ချစ်တဲ့အချစ်..
ချစ်သူ ကိုဘဲ ချစ်ချင်တယ်။
ဂန္ဓဝင်အချစ်လို..
ချစ်သူရယ်..တန်ဖိုးထားမှာလား..
အောက်ချင်းဌက်များလို
တသက်မှာ ကြင်ဖော်တဦးဘဲ
မသွေ မခွါ လက်တွဲ.
ချစ်သူနဲ့  မခွဲ
တသက်လုံးတူတူ နေပါရစေ။
အောက်ချင်းဖိုရဲ့ အကြင်နာမျိုး
ချစ်သူရယ်..ကျမကို ပေးမှာလား..
ကိန္နရာများလို
ချစ်ဖော်ဝေး ပူဆွေး
တစ်ည ချောင်းခြားဝေးတာတောင်..
ရက်ပေါင်းခုနှစ်ရာ သတိတရ..လွမ်းနေတယ်။
ကိန္နရာဖို ရဲ့ အချစ်လို..
ချစ်သူရယ်..ကျမအပေါ်ထားနိုင်မှာလား။
အချစ်ကို..
လူတွေက အရောင်ဆိုး
တချို့ လူတွေက တနပ်စား..
တချို့ လူတွေက ကပ်ပါး..
တချို့ လူတွေက မြှောက်စား
တချို့ လူတွေက ခြောက်စား
တချို့ လူတွေက လုစား..
တချို့ လူတွေက မုသား..
တချို့ လူတွေက အတုများ..
ဒီလောကကြီးထဲမှာ..
ရှားမှ..ရှားပါးတဲ့ အချစ်..
စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်တယ်..
ရူးတယ် ပြောပြော..
တုန်းတယ် ပြောပြော..
မပျက် သစ္စာ..
ဒို့ တွေ ရင်ထဲမှာ.ထာဝရ.
ချစ်ကြတာ..ဒို့ နှစ်ယောက်နားလည်။
မ .
No comments:
Post a Comment