Sunday, April 10, 2016

ဘာမှ မပူနဲ့ ..အာမခံ တယ်။

အချစ်ရယ်..
မင်းနဲ့ ငါရဲ့ အချစ်ကို..
ဘယ်အရာ ကမှ တန်ဖိုးဖြတ်လို့ မရပါဘူး။
ဘယ်အရာ ကမှ..အရောင်ဆိုးလို့ မရပါဘူး။
ဘယ်အရာ ကမှ..သေအောင်သတ်လို့ မရပါဘူး။
ထာဝရ ရှင်သန်တယ်..အာမခံတယ်။

သူက ပြောတယ်။
သစ္စာနဲ့ ရည်ရွယ်ပြီး ချစ်တယ်။
နီးဖို့ လည်း..အပူတပြင်း ကြိုးစားနေတယ်.။
မနီးသေးတဲ့ ရက်တွေထဲ
မမြင်ရတဲ့ ကံကြမ္မာ
ဒီတစ်ခုသာ ဘဲ..
စိုးရိမ် နှောင့်တယ်။
နောက် တမိနစ် ဘာဖြစ်မယ်..
ဘယ်သူ မသိတယ်။

ကျမက ပြောတယ်။
မေတ္တာနဲ့ ရည်ရွယ်ပြီးချစ်တယ်။
ဆင်းရဲ ချမ်းသာ..စည်းစိမ်ဥစ္စာ
နာမကျန်း..ကျန်းမာ..
ကောင်းချိန်..ဆိုးချိန်..
ဘာကိုမှ ချိန်ခွင်နဲ့ မချိန်ဘူး..
ဘာဘဲဖြစ်ဖြစ်..ကျမသူ ကို ချစ်တယ်။
စိုးရိမ်က တစ်ခုဘဲရှိတယ်။
သူ ကျမ ကို. ဘဝတသက်လုံး
နှစ်သက်မြတ်နိုးပါ့မလား။
တော်ကြာနေ..ရိုးများ သွားမလား။

ယေဘူယျ အနေနဲ့ ပြောရရင်
ယောက်ျားဆိုတာ..မိန်းမချောချောကြိုက်တယ်။
ကျမ မချောပါဘူး..
သူ ဘာကြောင့် ကျမကိုချစ်ပါသလည်း။

မိန်းမဆိုတာ..ချမ်းသာတဲ့ ယောက်ျားကို နှစ်သက်တယ်။
သူ က မချမ်းသာပါဘူး။
ကျမ ဘာကြောင့် ကျမကိုချစ်ပါသလည်း။

ဘာကြောင့်ဘဲချစ်ချစ်..
ကျမ သူကို ချစ်တာ ဘာမှ မမျှော်လင့်..
သူလည်း..ကျမ ကိုချစ်တာ ဘာမှ မမျှော်လင့်..
ဝေမျှ ချင်တဲ့ အချစ်။
အပျော်တွေ ရစေချင်တဲ့အချစ်
တွဲထူမ ချင်တဲ့ အချစ်

စိတ်မပူနဲ့ နော်
မင်း မထနိုင်ရင်..မင်းအနား..
ကိုယ်စောင့်ရှောက်ပေးမှာပါ.။
ကိုယ် ကြေကွဲရင်..ကိုယ့် အနား..
မင်း အားပေးမှာပါ.။

လုံလောက်တယ်..
ကံနည်းပေမဲ့လည်း..ဥာဏ်အားကု..
ဘယ်လိုတူတူ နေနိုင်ပါ့မလည်း ကြံဆနေတယ်။
ဝိရိယတိုင် ထူ. ဘဝသစ်စဖို့ ..
အချိန်မလပ်.ကြိုးစားနေတယ်။
ကံ နေရာက လပ်ပေမဲ့ ဥာဏ်နဲ့ ဝီရိယ..
ဒို့  တွေ ရဲ့ အနာဂတ် လှမှာပါ..။
ရင်မှာ စိတ်ချယုံကြည်ပါ။

No comments:

 
/* EOT ----------------------------------------- */