Sunday, April 10, 2016

မှ..တဆင့်..

စိမ်းစိုလန်းဆန်း…
မျှော်လင့်ခြင်း ဆိုတာ..ပန်းပွင့်
ရင့်ရော် မညှိုးနွမ်း သင့်ပေမဲ့
မရေရာခြင်း က..
သေအောင်သတ်တဲ့အခါ.
မနက်ခင်းများ ရဲ့ ရယ်သံများဟာ..
နေဝင်ခြင်း ညနေရဲ့ ဆည်းဆာမှာ..
ဒူးထောက်.အရှုံးပေးခဲ့ရပြီ။

 လွင့်စင်ဖိတ်ကျနေခဲ့တဲ့..အိမ်မက်များ..
သွေးကြောအနှံ့ က ရင်ခုန်သံတွေ က..
သံသယဆိုတဲ့..အကျဉ်းထောင်ထဲမှာ
အော်..စိတ်အားငယ်ငယ် လွမ်းမိတယ်။

ဝေးကွာတယ်ဆိုတာ..
တော်တော် ခံစားရခက်..
အဖိုးတန် အချိန်တွေ..
ကိုယ်တို့ တသီးတခြား ရင်ခွင်မဲ့..
သူ့ နှုတ်ခမ်းလေးတွေ ရဲ့ အထိ..
ခုထိတိုင် မှတ်မိနေဆဲ။။

ပျားရည်မြစ်မှာရေကူး..ချိုမြိန်ဖူးတဲ့..ရက်များ..
တိမ်တွေပေါ်ဆော့မြူး ကြည်နုးခဲ့ဖူးတဲ့..ရက်များ..
ခုတော့ သင်းကွဲဌက်များနှယ်.ခံစား
အနေအစား ပျက်တယ်။

ဆည်းဆာတိမ်တွေကို နှုတ်ဆက်
နေမင်းကြီး ပင်လယ်ထဲ..
မေးချ အိပ်တဲ့အချိန်တိုင်း.
လည်လည်သွားဖို့ နိုးထတဲ့
ဇီးကွက် ကလေးတို့ ရေ..
ချစ်သူ ကို..ပြောပေးပါ..
ဒီမှာ..အိပ်မရ..ကျမ လွမ်းနေတယ်ဆိုတာ။

No comments:

 
/* EOT ----------------------------------------- */