ကျေးဇူးတင်ပါတယ်..အချစ်
ဒီနေ့ မနက်..
အိပ်ယာက နိုးလာတဲ့ အချိန်
သောကတို့ပြည့်နှက်...
အိမ်မက်ဆိုးတို့ လက်မှ..
လွတ်မြောက်ခဲ့ပြီ။
ဝေ့ဝဲ နေခြည်စ..
မင်းရင်ခွင်ထက်မှ..
လူုးလွန့် တဲ့ အာရုဏ်
ဒို့ အတွက်..မင်္ဂလာနဲ့ ပြည့်စုံတယ်။
မနေ့ က.ကိုယ်
မနက်ဖြန်မဲ့ မှောင်မဲတဲ့ အခန်းထဲ
မွန်းသိပ်လှောင်ပိတ်..
ထွက်ပေါက် သော့ချိတ်တဲ့တံခါး
မြားဆိပ်သင့်သော နှလုံးသား
ထုံကျင်ကိုက်ခဲတဲ့ အချစ်..
ခံစားတတ်အောင်..ပြန်သင်ခဲ့
ကျေးဇူးပါဘဲ ..အချစ်ရယ်။
မ
No comments:
Post a Comment