Sunday, April 10, 2016

မတူညီသော..တူညီခြင်းများ

ကျမက ကဗျာတွေကို ရေးလေ့ရှိတယ်။
သူက ကဗျာဆန်ဆန် ချစ်တတ်တယ်။

ကျမက သီချင်းတွေကို ငြီုးလေ့ရှိတယ်။
သူက သီချင်းတွေကို နားထောင်အိပ်လေ့ရှိတယ်။

ကျမက ချစ်တဲ့အခါဆို စွဲမြဲလေ့ရှိတယ်။
သူက ချစ်တဲ့သူအပေါ် သစ္စာရှိလေ့ရှိတယ်။

ကျမက..လူကြီးဆန်တဲ့လူတွေ သဘောကျလေ့ရှိတယ်။
သူက..လူကြီးဆန်တဲ့ စိတ်ထားရှိတယ်။

သူနဲ့ကျမ..တူညီတာတွေ အများကြီးဘဲ။
သူနဲ့ကျမ..မတူညီတာတွေ အများကြီးဘဲ။

ပြတ်သားပုံမှာ မတူဘူး..
လွမ်းတဲ့နေရာမှာ..တူတယ်..

ပိုင်ဆိုင်တဲ့ ဘဝက မတူဘူး..
အမုန်းမရှိတာက..တူတယ်..

အသက်မှာ မတူဘူး..
ချစ်တဲ့နေရာမှာ..တူတယ်..

နေတဲ့နေရာမှာ မတူဘူး..
အတူတူ နေချင်စိတ်က..တူတယ်..

တူတူ မတူတူ..
အမှန်က..ဒို့ နှစ်ယောက်အတူတူ
စိတ်တူကိုယ်တူ..ချစ်ကြသူတွေပါ။
တူတူ မတူတူ..ဒို့ တူတူဘဲ
ဘယ်တော့များမှ မခွဲလို..
မနက်ဖြန်တွေကို.စိမ်ခေါ်နေဆဲ..
မုန်တိုင်းတွေ ကြားက ချစ်သူ။

No comments:

 
/* EOT ----------------------------------------- */