ခပ်ညံ့ညံ့လေးဘဲ ကောင်းတယ်။
သူ့ အကြောင်း တွေးနေမိတယ်။
ဒီအချိန် သူဘယ်မှာလည်း..
ဘာတွေ လုပ်နေသလည်း.
သကြားလုံးလေးတွေ စားရင်သတိရတယ်။
ကော်ဖီသောက်တဲ့အခါ သတိရတယ်။
သူကပြောတယ်။.
အချစ် မကြီးအောင်နေ..
မခံစား ချင်ပေမဲ့..
နှင်းဆီဖူးလေးတွေတွေ့ ရင်သတိရတယ်။
ကျမ ဆံဖျားထက် သူ ပန်စေ့ချင်တယ်။
ရီသံလွင်လွင်.သူပျော်တာဘဲကြည့်ချင်တယ်။
ခလေးငယ်လေးလို လေဟုန်ထဲမှာ သူမြူးတူးနေတယ်။
ဒစ္စနေးကာတွန်းကြည့် တူတူ ပျော်မိတယ်။
ဝေးကွာနေလည်း..အမှတ်တရ သတိရနေတယ်။
ရင်ထဲ အလိုလို သိနေတယ်။
ကိုယ်တို့ ဘယ်လောက်အထိချစ်တယ်။
သူက.လည်း လွမ်းတယ်..
ကိုယ်ထမင်းစားရင် ထိုင်စောင့်နေတယ်။
သူဟင်းချက်ရင် ကျမထိုင်စောင့်နေတယ်။
သူ့ ရှိတဲ့အစာ ဝေမျှကြွေးချင်တယ်။
ကျမလည်းအေးအတူ ပူအမျှသူနဲ့ နေချင်တယ်။
သေချာတယ် ကျမတို့ ချစ်ကြတာ။
ညည အိပ်ချိန်မတူပေမဲ့.
အိပ်ရာဝင် နဖူးကို သူနမ်းတယ်..
သူ့ ပါးပြင် ကျမနမ်းတယ်။
မင်္ဂလာညပါ ။ အိပ်စက်ပျော်ပါစေတဲ့။
တိတ်တိတ်ကလေးချော့ သိပ်နေကျ။
သူက ပြောတယ်။ သူကချစ်ဖို့ မကောင်းလှပါဘူး.
ဒါပေမဲ့ ကျမချစ်တယ်။
တခါတခါ သူများမကြိုက်တာလေးဘဲကောင်းပါတယ်။
ကျမက ပြောတယ်။
ကျမက အလှကြည့်ဖို့ မကောင်းလှပါဘူး.
ဒါပေမဲ့ သူက ချစ်တယ်။
တခါတခါ မလှတာလေးဘဲကောင်းပါတယ်။
သူကို ကျမချစ်တယ်။ ကျမကို သူချစ်တယ်.
တခါတခါ..ရောင့်ရဲတာလေးဘဲ ကောင်းပါတယ်။
ကျမတို့  နှစ်ယောက်ထဲဘဲ ချစ်တယ်။။
ဘယ်သူမှ နားလည်ဖို့ မလိုဘူး..
ဘယ်သူမှ သိကြဖို့ မလိုဘူး..
အဆုံးစွန်ထိ တိုးချစ်ကြမယ်။
မောင်နဲ့  ကျမ ရယ်
စုစု
No comments:
Post a Comment