မင်းကလွဲ ဘာမှ ကိုယ်မလို
အားငယ် လာရင်.မှီစရာ
ပုခုံးစွန်းလေး တစ်ခုဘဲ လိုတယ်။
အာဏာတွေ ကျော်ကြားမှု တွေ ကိုယ်မလိုပါဘူး
ဝမ်းနည်းခဲ့ရင်.ပါးအပ်တင်စရာ
ရင်ခွင်လေး တစ်ခုဘဲ လိုတယ်။
ဂုဏ်ပကာသန.စည်းစိမ်တွေ ကိုယ်မလိုပါဘူး
ပင်ပမ်းလာရင်.အုံးစက်စရာ.
ညာလက်မောင်းကလေး တစ်ခုဘဲ လိုတယ်။
ရွှေမှုန်ကြဲ အလှအပတွေ ကိုယ်မလိုပါဘူး
ကိုယ် ပြိုလဲခဲ့ရင်.
လှမ်းထူ မဲ့ လက်ကလေးတဖက်ဘဲ လိုတယ်။
ဘ၀ဆိုတဲ့ အရာ သုညက ပြန်စ
ဘယ်လောက်ဘဲ ကြမ်းကြမ်း ကိုယ်မကြောက်ရွံ့ ပါဘူး
ကိုယ် ကို သက်သေပြမဲ့
မင်းရဲ့ ဖြူစင်တဲ့အချစ်ဘဲ လိုတယ်။
အချစ်ရယ်..ဖြစ်နိုင်မလား..
မင်းနဲ့ ဒို့ တဘ၀တာ..
တူတူ နေသွားကြမဲ့..
အချစ်တာဝရ ခိုင်မြဲသစ္စာ။
No comments:
Post a Comment