အကြိုက်ဆုံးသူငယ်ချင်း.(သို့ ) အချစ်ဆုံးမင်း
နားလည်မှုတွေ အပြန်အလှန်နဲ့ စ
ခင်တွယ်မှု က
သူနဲ့  ကျမ
နှလုံးသားထဲက..အခင်ရဆုံး။
အနီးကပ်ဆုံးမှာ..ရင်းနှီးစွာ။
ပြောစရာစကားတွေ အပြည့်..
နေ့ တိုင်း..ရှာဖွေဆဲ..
မတွေ့ ရင်..မနေသာ..
On line ပေါ်လိုက်ရှာ.
သူ ဘယ်ဆီ မှာ။
ရင်က..သံယောဇဉ်မျိုးစေ့..
မြေပေါ်ကျ..အကြင်နာမျှတဲ့အခါ..
မြတ်နိုးမှု က..
သူနဲ့  ကျမ
နှလုံးသားထဲက..တွယ်တာရဆုံး။
နက်ရှိုင်းဆုံးမှာ..ဖျက်မရစာ။
တစ်နေ့ ထက်တစ်နေ့ ..
မျှော်လင့်ဆုတောင်းဆဲ..
သူမရှိ ရင်..မနေသာ..
ရင်ထဲမှာ..လပ်ဟာ.
အတွေး၏ ခြေရာ..
နှလုံးသားထဲမှာချန်ထားတယ်..
မင်းအတွက်.တစ်နေရာ။
စုစု.
No comments:
Post a Comment