Sunday, April 10, 2016

မမြင်ရတဲ့ ကြိုးများနှောင်

စကားအပြောနည်းတဲ့ သူနဲ့..
ကိုယ်ရေးကိုယ်တာ ကိစ္စ..
လှို့ ဝှက် တကိုယ်ထည်းနေတတ်တဲ့ကျမ..
ဘာတွေဖြစ်နေကြတယ်..
ဘယ်သူမှမသိနို်င်ဘူး။

တွေ့ လိုက်ရင်..
ဘယ်လောက်သတိရနေတယ်။
ဘာတွေ ပတ်ဝန်းကျင်မှာဖြစ်နေတယ်..
ဘ၀ရဲ့ ဝေါဟာရ ..ဖလှယ်ကြတာ တတ်သိသမျှ။
မဆုံးတဲ့စကား...ရယ်မောသံများ..
သီချင်းတွေ တူတူနားထောင်..
ကောင်းကင်ယံတွေထဲ..တိမ်မီးခိုး ကိုဆွတ်ခူးနေဆဲ။

သူရဲ့ ရိုးသား တည်ကြည်တာကို ကျမ က ကြိုက်.
ကျမရဲ့ ကြင်နာတတ်မှုကို သူ က ကြိုက်
ရည်းစားလား ချစ်သူလား..
ဘာလား ညာလားမသိ..
အတွေးတိုင်းမှာတော့ နေရာယူ..
အိမ်မက်ထဲမှာတော့ သူ..

သည်းခံတတ်လွန်းတဲ့ သူနဲ့..
တခါတခါ ဂျီကျတတ်တဲ့ကျမ..
ရန်ဖြစ်ချင်တာ တောင်..သူက ပြန်မစ.
ကျမ အပေါ် သူ ဒ်ီလောက်ချစ်တာ။
တန်ဖိုးမဖြတ်နိုင်တဲ့ အချစ်ဟာ။

သေချာတယ်..
ကျမ..သူနဲ့ပျော်တယ်..
သူကျမနဲ့..ပျော်တယ်..
တနေ့ နေ့ မှာတူတူနေမှာပါ။

သဲလွန်စ တခုဘဲပေးမယ်..
တင့်တောင်းတင့်တယ်..သူငွေစုနေတယ်.
သူကိုချက်ကြွေးဖို့ ..ကျမ ဟင်းချက် သင်နေတယ်..
ကျမအတွက် လက်ထပ်လက်စွပ်တကွင်း..သူရှာနေတယ်.
သူကို I do ပြောဖို့  .ကျမ မှန်ကြည့်လေ့ကျင့်နေတယ်..

ခုလောလောဆည်…
သူနဲ့ ကိုယ်
ပွင့်ပွင့်လင်လင်း..ဘာမှ မဖြစ်သေးပါဘူး..
သူနဲ့ ကိုယ်
ပွင့်ပွင့်လင်လင်း..ဘာမှ မချစ်ကြသေးပါဘူး..

သေချာတာ..ကိုယ်ဖက်နဲ့ ကိုယ်..
တိတ်တိတ်ကြိတ်..စီစဉ်နေတယ်.
အံသြဝမ်းသာ (surprise) အတွက်ပါ။
သေချာတာ.. ဒို့ တွေ မခွဲနိုင်ပါဘူး။

တနေ့ မှာ တူတူနေဖြစ်မှာပါ..
သိချင်ရင်..
ငွေရောင် ပိတ်ကားပေါ်မှာ အဖြေရှာပါ။

No comments:

 
/* EOT ----------------------------------------- */