မေ့ မရမဲ့ မိုးသဲည။
ရွာနေတဲ့ မိုးနေ့လေး တစ်နေ့မှာ
ချစ်သူကို ဆုံတွေ့ချင်တယ်။
မတိတ်နိုင်အောင် သဲကြီးမဲကြီး.။
ဘယ်အငြိုးနဲ့များ ရွာနေနေ..
လျှပ်မီး ရောင်စုံလက် ထစ်ချူံး မိုးမဲစေ.
ချစ်သူသာ အနား..
ကိုယ် မကြောက်ဖူးလေ။.
နွေးထွေးသော အပြုံးလေး..
သူ့ ကိုပေးမယ်။
အေးစက်တဲ့ လက်ဖျားလေး..
ကိုယ်..ဆုတ်ထွေးမယ်။
မှုန်မွှားတဲ့ မိုးရေစက်..
ချစ်သူဆံနွယ်ထက်ဆီ.
ပုလဲဥသီ..မိုးရဲ့ပန်းချီ။
ချောမွေ့နေတဲ့ သူ့ ပါးပြင်ကိုကြည့်ရင်း.
ဟင်း ကနဲ...
သက်ပြင်းလေးက တရှိုက်
အင်း...မိုးမဲက ပြေးရွာခဲ့.တပြိုက်.
မိုးရေထဲသာ..
ခုန်ပေါက် ကစား
ခလေးလေးလို ပျော်ရွှင်မှုများ.
တဖန် ဆန်းသစ်မဲ့ ပုံရိပ်သား..
ှုငယ်စဉ်ကလိုဘဲ..ချစ်မယ်။
တသက်လုံးရည်ရွယ်ပြီး ချစ်တယ်။
ကဗျာဆန်တဲ့ သူ့ အကြည့်တွေ..
သူ့ အချစ်တွေ ကို
မိုးလေပြေထဲအတူ..
ရင်ထဲ ကြည်နူး..
မှော်ဝင်တဲ့ လက်ချောင်းများနဲ့ 
သက်ငြိမ်ပန်းချီ..ဆွဲခြစ်ချင်မိတယ်။
ချမ်းနေရင်..ဒီနားလာ
ရင်ခွင်ထဲ.အနွေးပေးမယ်။
စိမ်းစိုလမ်းဆတ်တဲ့ သစ်ရွက်စိမ်းတွေ..
လေပြေထဲ ယိမ်းက သလို..
ပေါက်ကွဲလုလု..ရင်ခုန်သံ က
ကျမတို့ ရဲ့ ရာဇ၀င်ကိုစမလား။
ရေစိုရွှဲတဲ့ နှုတ်ခမ်းလေးတွေ..
ဝေးနေတဲ့အခါ သတိရမလား..
အိပ်မရ ညပေါင်းများစွာထဲက
ကျီစားရက်သူရယ်။။
မိုး တညမှာ..တွေ့ ချင်တယ်။
မ (၁၁။၂၇။၂၀၀၈)
No comments:
Post a Comment