ချစ်သူအတွက် သီးသန့် သက်သက်
ချစ်သူဖတ်ဖို့ ရေးထားခဲ့မယ်….
ကိုယ် ဘယ်လောက်ထိချစ်တာ..
ခံစားချက် အကြင်နာ.
ဖွေရှာကြည့်ပါ။
ဒီမှာ….
နက်ရှိုင်းတဲ့ အချစ်တွေ.
ဒီကဗျာထဲမှာ… ပန်းကလေး သို့ သီ။
ခိုင်မြဲတဲ့အချစ်တွေ
ဒီကဗျာထဲမှာ… လေပြေသို့ လူးလွန့် သည်။
တည်တံ့ တဲ့ သစ္စာတွေ
ဒီကဗျာထဲမှာ… စာထိုးလို့ ကဗျည်းတင်မည်။
စာသားမဲ့ ကဗျာ..
ကာရံမဲ့ ကဗျာ
အဖြူဆွတ်ဆွတ် စက္ကူ..
မှင်မတင်တဲ့ အဖြူ
ပေးမယ်..ယူ
ကိုယ်ရဲ့ ဒီကဗျာ..
မြင်အောင်ဖတ်ပါ နော်..
ကိုယ့် ရဲ့ အချစ်ကို..
မြင်အောင်ကြည့်ပါ နော်..
တစိမ်းလူတွေ မမြင်သာ
ကိုယ့် ရဲ့ အချစ်ချို..
ရေးထားခဲ့မယ်။
ပဟေဠိနဲ့ ပုစ္ဆာ
နှလုံးသွေးနဲ့  စာ…
မင်းအချစ် နဲ့ ဖတ်ရန်
မင်းအတွက် အချစ်စာ
စာသားမဲ့ ကဗျာ
မြင်အောင်ကြည့်ပါ။
မ (၁၁။၂၉။၂၀၀၈)
No comments:
Post a Comment