Saturday, April 9, 2016

ချစ်သူများရဲ့ မနက်ခင်း

မနက်ခင်းလေး တမနက်.
နိုး ထခဲ့တဲ့အခါ.
တောက်ပတဲ့ နေရောင်ခြည်က
ပြူတင်းဝက အသံပေး ဌက်ကလေးတွေက
ကိုယ့်ကို လှောင်ပြောင် ခွန်းစလာတယ်..
“မိုးလင်းပြီလေကွယ်” တဲ့

ပူနွေးတဲ့ ကျောပြင်တလျှောက်.
ချစ်သူရဲ့ ရင်ခွင်အောက်မှာ..
ဖြာကနဲ ရှက်သွေး.
ရဲသွားခဲ့တဲ့ မျက်နှာကလေး..
ပထမ အကြိမ်မြောက်မဟုတ်တဲ့
ပထမ ရဲ့ ရင်ခုန်ဖွယ် နံနက်
ချစ်သူတို့ ရဲ့ အပျော်ဆုံးရက်။

လူးလွန့် ရင်း နဲ့
သူလေ အိပ်ချင်မူးတူး နဲ့
ကပြာကယာ ကမန်းကတမ်း
ကျမ ဆံစကလေးတွေ ပေါ်ကိုနမ်း..
ပါးပြင်ပေါ် ရှပ်ပြေးတဲ့စကားငွေ့ ငွေ့
ရှိန်းရှိန်းဖိန်းတဲ့ အတွေ့ 
“စု ကို မောင်ချစ်တယ်”
ကျမ ရင်ထဲ နွေးထွေးသွားတယ်။
ဘ၀ဆိုတာ ပြည့်စုံသွားခဲ့တယ်..
မင်္ဂလာပါ..မနက်ခင်းကလေးရယ်။

စုစု  ( ၁၁။၇။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */