မိုးနဲ့ အတူ
မိုးတွေက ရွာပြန်ပြီ။
ကားပြူတင်းပေါက်က မှုန်နေတဲ့မိုးရေစက်
တကျွိကျွိ မြည်နေတဲ့..မိုးကာသုတ်တန်က
ဘယ်ညာ ယိမ်းက ချောက်ချက်ချောက်ချက်။
အေးစက်တဲ့ မိုးလေညှင်း
ဝိုးတဝါးမပီတဲ့ ရှုခင်း
ထီးရောင်စုံနဲ့  လူတွေကြားမှာ..
ဒီကမ္ဘာရဲ့ တနေရာရာ..
သူ ရှိနေမှာဘဲ။
သူလဲ ကိုယ်လိုပါဘဲ
ရင်မှာပလာ နှလုံးသားနဲ့ 
လွမ်းနေတာများလား..
နှင်းတွေကြားမှာ
သူ့ ကိုပွေ့ ဖက်
ဆောင်းနှင်းမြူက
အေးစက်စက် လူသေလက်
ကြေကွဲခြင်းအတိ
တစတစကြွေလေတဲ့ လူသက်တမ်း
ယော်ရွက်လို မဝဲသေးခင်
ချစ်သူရဲ့ အနမ်းတော့ သူ ခံချင်လေမယ်။
ချစ်ခင်သူနဲ့ ဝေးကွာတဲ့ဝေဒနာ
ဆွေးသက်သက် သေရာပါ။
နွေဥသြတို့  ငိုရင်သတိရ။
မိုးပုလဲစက် စို ရင်သတိရ။
ဆောင်းနှင်းမြူ ပြိုရင်သတိရ။
ဖော်ကွာဝေးခဲ့ ညပေါင်းကဋ္ဋေ။
အချစ်ဦးအတွက်..ကျမျက်ရည်။
မ (၁၁။၀၄။၂၀၀၈)
No comments:
Post a Comment