အနီးကလေးပါ.
မောင်..
လွမ်းနေရင် ပင်လယ်ကိုကြည့်
ကျမရှိနေတယ်။
မ.
လွမ်းနေရင် တိမ်စိုင်ပေါ်ကြည့်
မောင်ရှိနေတယ်။
မောင်..
သတိရခဲ့ရင် online မှာကြည့်
“မ” ရှိနေမယ်။
မ.
သတိရခဲ့ရင် ဖုံး ဆက်ရှာကြည့်
မောင် စောင့်နေတယ်။
မောင်..
လေပြေနဲ့ အတူ တိတ်တဆိတ်လာရောက်
နဖူးပြင်ကိုနမ်းမယ်
မ.
မိုးစက်လေးနဲ့ ခြေရာဖျောက်..
“ မ ” ဆီအရောက်လာခဲ့မယ်။
တယောက်နဲ့  တယောက် တနယ်မြေစီဝေး
လွမ်းရင်..စဉ်းစားနေ
ညအိပ်ရာဝင်ခဲ့ရင်..
မျက်စိလေးပိတ်..ငြိမ်ငြိမ်လေးနေ။
အိမ်မက်တွေ ထဲ “ မ ” ရှိတယ်။
အိမ်မက်တွေ ထဲ “ မောင် ” ရှိတယ်။
စုစု
No comments:
Post a Comment