Saturday, April 9, 2016

ရေနှယ်သို့  ကြည်လင်ပါသော

သံယောဇဉ်ဆိုတာ..
ရေလိုဘဲ..ဖြတ်မရတတ်ဘူး။
ရေကာတာလို ထိန်းချုပ်လို့ မရ.
တိုးလာတဲ့ အရှိန်တွေ တရိပ်ရိပ်မြင့်
ပေါက်ကွဲတတ်တယ်.။

မင်းဘယ်ခွက်ထဲဘဲထည့်ထည့်
ရေရဲ့ အာနိသင် ပျက်မသွားဘူး။
မင်းဘယ်လောက်ဘဲ စိမ်းကား ရက်စက်
ကိုယ့်ရဲ့မေတ္တာက
စွမ်းအင် ပျက်မသွားဘူး။
ကြည်လင်နေမြဲ..အေးမြဆဲ။

ရေလို..အငွေပျံလည်း…
တိမ်တိုင် တိမ်လိပ် များဖြစ်
နောက်တဖန် ပုံစံပြောင်း..
အခိုးအငွေ့ ကနေ ရေစက်
တိမ်တိုက်တို့ က ငိုတဲ့ မိုးစက်..
မြေပေါ်ဘဲ ပြန်သက်။
ရေဆိုတာ
ကိုယ့်အချစ်လိုဘဲ သစ္စာမပျက်။

စီးဆင်းတဲ့ မြစ်ရေတွေ..
လွင်ပြင်တွေပေါ်ဖြတ်သန်း..
ကန္တာရတွေကို စိမ်းလမ်းတယ်..
ပင်လယ်ထဲထိ ခရီးကြမ်း နှင်သွားတယ်။

ပေးအပ်ခဲ့ တဲ့ သံယောဇဉ်တွေ..
စမ်းချောင်းလေး အသံလွင်လွင်..
နဒီ မြစ်ပြင်..ကြည်လဲ့ဖြူစင်
မင်း အသဲနှလုံးပေါ်မှာ ဖြတ်ကာစီးဆင်း
မင်းဘ၀ကို လန်းဆန်းစေမယ်။
မင်း အသဲနှလုံးကို..
တဖန် အသက်ရှင်ထမြောက်စေမယ်။
စိတ်အနယ်ညစ်.ဖြူစင်အောင်

ဆေးကြော သန့် စင်ပေးမယ်.
ဘ၀သစ်နဲ့ အချစ်..
မင်းအတွက် ဖြူစင်တဲ့ သံယောဇဉ်..
ကိုယ်ဟာလေ..အေးမြတဲ့..ရေ။
စုစု

No comments:

 
/* EOT ----------------------------------------- */