Sunday, April 10, 2016

ဝေဒနာတောတွင် ပျော်မွေ့ ခြင်း

"အချစ်" ဆိုတာ..
အအေးမိ ဗိုင်းရပ်လိုဘဲ..
လေထုထဲ မြောစီးပြီး..
တကိုယ်လုံး အဖျားတက်လာတယ်...။

 "အကြည့်" ဆိုတာ..
စပါးကြီးမြွေ ညှို့ သလိုဘဲ.
မှင်သက် တွေဝေပြီး....
ချစ်သူ့ပြု သမျှ နုချင်လာတယ်...။

"အနမ်း" ဆိုတာ..
မီးပူ မပူ စမ်းရ သလိုဘဲ.
မတော်တဆ..လောင်မြိုက်ပြီး....
ပူလောင် စပ်ဖျင်းဖျင်းဖြစ်လာတယ်...။

"အလွမ်း" ဆိုတာ..
အပူလှိုင်း လိုဘဲ..
သတ္တု ကို ဖြတ်စီးသလို..
တကိုယ်လုံး စီိးကူးလာတယ်...။

အားလုံးပေါင်းပြီး မင်းကိုချစ်..
မျှော်လင့်ခြင်းဆိုတဲ့ ကျွန်းပင်တပင်
စိမ်းစို ရွက်နုတွေ.. လန်းဆန်းနေဆဲ..
အမုန်းနဲ့တော့
သင်း မသတ် လိုက်ပါနဲ့ ချစ်သူ..
ကိုယ့်မေတ္တုာတွေဘဲ အပိုင်စားယူလှည့်။

မရေရာခြင်း နဲ့တော့ ..
အရှုံးပွဲ လက်နက် မချပါရစေနဲ့ ။
မသေချာခြင်း နဲ့တော့ ..
နှလုံးကြေကွဲ ..မလွဲပါရစေနဲ့ ။

တန်ဖိုးရှိတဲ့ အချိန်တွေ..
မင်း ရင်ခွင်ကြား..ငါမှ တပါးတခြား မရှိ။
သိင်္ဂါ့ရသ၏ ပျားဝတ်ရည်စက်..
မွေးဖွားခဲ့ပြီ။
မင်းအတွက်ဘဲ..ကိုယ်သက်သက်.။

No comments:

 
/* EOT ----------------------------------------- */