မရယ်ရဖူးနော်..ဒါဘဲ
ထောင်သောင်း မကများခဲ့
အသားကျ နေခဲ့ပေမဲ့
ချစ်သူရဲ့ ရင်ခွင်..
မေးတင် အိပ်စက်ချင်တယ်..
ချစ်သူရယ်..ခွင့်ပြုမယ်လား.
တယောက်ထဲ စမ်းတဝါးလမ်း
ဆူးခင်းလမ်း တွေ
လျှောက်လှမ်းခဲ့ဖူးပေမဲ့
ချစ်သူရဲ့ လက်တဖက်..
ဆုတ်ကိုင် လမ်းဆက်ချင်တယ်..
ချစ်သူရယ်..ခွင့်ပြုမယ်လား.
လောကဓံ ရေစီးမြောထဲ..
ပေါ်တခါ မြုပ်တလှည့်
လှေငယ် စီးနေရပေမဲ့
ချစ်သူက တက်။ ကိုယ်က လှော်တက်..
တူတူ ပန်းတိုင်အထိလှော်ခတ်ချင်တယ်..
ချစ်သူရယ်..လိုက်ခဲ့မယ်လား.
ကျမကို သူ..ချစ်ပါ့မလား..
ချစ်သူရယ်..ချစ်တာတကယ်ရဲ့လား။
ညင်သာ ပါးကပ်
တိတ်တိတ်ကလေးမေးမိတယ်..
ချစ်သူရယ်..ခေါင်းခါမယ်လား။
ချစ်သူရဲ့ပြုံးအချိုဆုံး..
“ဘာမှအတွေးမမှား..
ဘာကိစ္စများနဲ့မှ မပူ
မောင့် အချစ်များယူ.
ထာဝရတူတူ..နေမဲ့သူ ”တဲ့..
ခုမှဘဲ ကျမရင်က အလုံးကျ..
သက်ပြင်းချလိုက်တယ်။
ကိုယ်ကို သူ ချစ်တယ်..
မ
No comments:
Post a Comment