မျှော်လင့်ချက်များကို..လုံခြုံစွာသိမ်းထားတယ်..
မောင် နေမကောင်းလို့  ပျက်ကွက်..
မတွေ့ ရတဲ့ရက်တွေ မှာ..
နေမထိ..ထိုင်မသာ..
ဘယ်လိုလွမ်းနေတာ..
ပြောပြဖို့ စကားလုံးမရှိ..
ချစ်သူပျောက် ဝေဒနာ..
ဖိစီးနှိပ်စက်..ခံရခက်တယ်။
ညညဖက်..အိပ်ရေးပျက်..
သူ ဖျားကာ..စိတ်ပူအနေခက်
ကိုယ်တွေပူလား မပူလား..စောင့်ကြည့်သူ မရှိတဲ့ရက်..
တယောက်ထဲ မောင်လည်း
လွမ်းနေမှာ..အသေအချာ။
အော်..လေဟုန်တွေ ထဲ..
စက္ကူစွန်လို ဝဲသာလာခဲ့ချင်မိ..
ဆန္ဒသာရှိ..
လက်တွေ့ မလွယ်သည့်ဘဝ
နှစ်ပြည်ထောင်ဝေး ချစ်သူဘဝ.
မင်းနန္ဒာ နဲ့မွေ့ နွမ်းလို..
မီးခိုးဘဝတောင် ပေါင်းရဖို့ မလွယ်။
နည်းပါးတဲ့ မျှော်လင့်ချက်များ..
မပျောက်ပျက်..မပါးလျှားသွားအောင်..
သစ္စာသေတ္တာမှာ..အပြည့်သိပ်..
သော့ခတ်ပိတ်ထားတယ်။
တနေ့ နေ့ တွေ့ မယ်..မျှော်လင့်တယ်။
No comments:
Post a Comment