ဆဌမအာရုံ၏ ချစ်ခြင်းရသ။
ကန်ရေပြင်ပေါ်က လ..
ရွန်းပနေပေမဲ့..
တကယ်ကျ..ထိတွေ့ မရပါဘူး
ရေပြင်လှိုင်းလှုပ်..
လပုံရိပ်..ရုတ်ချည်းပျောက်ကွယ်။
ကောင်းကင်ပေါ်က သက်တန့် ..
ကိုင်းကျနေပေမဲ့..
တကယ်ကျ..သက်တန့် ခြေရာရှာမရပါဘူး
လေပြေဆော်သုတ်..
ရေမှုန်ဆုတ်ရင်..ရုတ်ချည်းပျောက်ကွယ်။
မြေပြင်ပေါ်က တံလျှပ်..
တဖျတ်ဖျတ် အရောင်လက်နေပေမဲ့..
တကယ်ကျ..ရေဘယ်နေရာ ရှာမရပါဘူး
နေခြည် ရုတ်ရင်..
အရောင်မှိန်တုတ် ပျောက်ကွယ်။
ဒစ်ဂျစ်တယ်ပုံရိပ်ရဲ့ မြင်လွှာ..
မင်းက ဝေဝါးနေဆဲ။
သံလိုက်လှိုင်းများရဲ့ အသံ..
မထင်တထင် သူဘယ်သူလည်း။
အိမ်မက်ထဲ ဝိုးတဝါး.
အိပ်ခြင်းများကို ဖဲ့ကိုက်စား
ကိုယ့်နှလုံးသားကို ပြုစား
အချစ်များ ဖန်တီးသူ
သူ...ဘယ်သူလည်း။
အတွေးထဲကမင်း..
အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့ရင်း.
လျှို့ဝှက်ဆန်းကြယ်ခြင်းအတိ
မပွင့်တပွင့် ကြယ်ငုံများ
နဂါးငွေ့ တန်း၏ မြူမှုန်မွှား
အနမ်းများ အလွမ်းများ အချစ်များ
ဆဌမအာရုံ ၏ ချစ်ခြင်းရသ။
ကိုယ် အိမ်မက်များမှာ
မင်းကို မျှ ခဲ့တယ်။
စုစု
No comments:
Post a Comment