ဒို့ တတွေ အိုမင်းတဲ့အခါ..
တွန့် လိပ်လာမဲ့ ကိုယ့် အရေပြား..
မင်းရွံ့ ရှာများသွားမလား။
အလှတွေ ပျောက်ကွယ်ကုန်ပေမဲ့..
ခိုင်မာတဲ့ အချစ်..ထာဝရရှိနေမှာပါ။
ဒို့ တွေ အိုမင်းတဲ့အခါ..
ငွေရောင်သမ်း လာမဲ့ ကိုယ့် ဆံစများ..
မင်း စိတ်ညစ်သွားမှာလား။
ဆံပင်တွေ အရောင်ကျွတ်ပေမဲ့..
အရောင်မပြယ်မဲ့ အချစ်..
မင်း အပေါ်မှာတသက်တာ။
ဒို့ တွေ အိုမင်းတဲ့အခါ..
ကိုင်းလာမဲ့ ကိုယ့် ခန္ဓာ..
ချိနဲ့ လာမဲ့ အားအင်..
လျှော့နည်းလာမဲ့ မြင်လွှာအာရုံ..
သွားတွေ ကြွေ..ရောဂါတွေ နှိပ်စက်ပေမဲ့..
မပျက်သော သစ္စာ..
နက်ရှိုင်းသော မေတ္တာ။
ခိုင်မြဲသော..သမုဒယ
မင်းအပေါ်ချစ်နေမယ်။
ကိုယ်ဆံပင်ဖြူဖြူပေါ်
မင်း ပန်ပေးမဲ့ စံပါယ်ကုံး..
အချိုဆုံးအပြုံးနဲ့  ကြည်နူးပါရစေ။
မသွေ ပျက်မဲ့ အချစ်တွေ.
သက်ဆုံးခံစားပါရစေ။
မ
No comments:
Post a Comment