ဒို့ တတွေရဲ့...နောက်ဆုံးအချိန်
ကျမ တို့  နှစ်ယောက်ရဲ့ ဘဝ ..
ပန်းနွမ်းတွေလို..ကြွေကျသွားမှာပါ။
မြေမှုန့်  က..စတဲ့ဘဝ
မြေမှုန်ကိုဘဲ ပြန်ဖြစ်
မြေဆီလွှာထဲပျော်ဝင်မဲ့..ကျမတို့ အရိုးတွေ.
ဒါ..မမြဲတဲ့..သဘာဝလေ။
ကျမ..နဲ့မောင်..
ဘယ်သူ..အရင် သွားမလည်း..
ဘယ်သူမှ မသိကြပါဘူး..
ဘယ်ဗေဒင်ဆရာမှလည်း မပြောနိုင်ပါဘူး။
သေချာတာ တခုဘဲရှိတယ်။
ကျန်ရစ်သူကတော့ ခံစားရမယ်။
ကျမ တို့ နှစ်ယောက် သိပ်ချစ်တယ်။
ကျမရဲ့ဘဝ..ဖယောင်းတိုင်မီးစလို..
ရုတ်ခြည်း ငြိမ်းခဲ့ရင်..
မောင့်ကို..အနားမှာရှိ..
လက်ကလေးကို..ကိုင်ကြည့်ချင်ပေမဲ့..
သူ့ ရဲ့ စိုစွတ်တဲ့မျက်လုံးတွေ..
ကျမ မကြည့်ရဲပါဘူး..
ကြေကွဲနေမဲ့ မျက်နှာ..
သူရဲ့ ခံစားလွန်ဝေဒနာ.
ကျမ မပေးရက်ပါဘူးမောင်။
တကယ်လို့  ကျမ အရင်သွားရင်..
သူ့ ကို..ကျမ အကြောင်း..
သူငယ်ချင်းများရယ်..သတင်းမပေးကြပါနဲ့ ။
လေပြည်တွေထဲ ချက်ခြင်းပျောက်..
စိမ်းကားတတ်သူတယောက်
သူ့ ကို ခြေရာဖျောက်သူ..
မိန်းမရိုင်းလို့  ကျမကို သူ..
မြင်သွားပါစေ..ထင်သွားပါစေ..
ကိစ္စ မရှိပါဘူး။
သူ့ အချစ်ကို ကျမ ရသလို
သူ့ အမုန်းကို ယူသွားရဲတယ်။
စိတ်နာ..သူ မုန်းပါစေ။
မုန်းတာက..ဆုံးရှုံးတာထက်..
မနာကြင် လောက်ပါဘူး။
အချိန်တွေကြာ..သူသက်သာလာမှာဘဲ။
သူရင်ထဲ..ကျမအတွက်
မဆွေးမြေ့စေချင်ဘူး..
ကျမ သူ့ ကို ချစ်တယ်။
တကယ်လို့ ..သူအရင်..သွားမယ်ဆို..
သူ့ နောက်ဆုံးရက်များ..
အနားမှာ..ကျမ.နေပါရစေ။
ခန္ဓာ နာကျင်..သူ့ စိတ်ညိုညင်..
ဟောက်ချင်ဟောက်..ကျမမကြောက်ပါဘူး။
အေးစက်စပြု သူ့ လက်..
ကျမ ဆုတ်ကိုင် နွေးထွေးပေးပါရစေ။
တိုးညှင်းစ..ထွက်သက်..
ကျမ..ဘုရားစာရွတ်ပေးပါရစေ။
ခြောက်နေစ..ဆံနွယ်တွေ သပ်..
ကျမ အသံတွေ..မတုန်ရီအောင်..
ဟန်ဆောင်တတ်မှာပါ။
စိုနေမဲ့မျက်ဝန်း..
မျက်ရည်ကို မကျအောင်
အံခဲ သိမ်းတတ်မှာပါ။
သူရဲ့နောက်ဆုံးအချိန်တွေ အတွက်..
ကျမ အဆင်သင့်ရှိနေတယ်..
ကျမ ..သူ့ ကို..ရင်နင့်အောင်ချစ်တယ်။.
မ
No comments:
Post a Comment