Saturday, April 16, 2016

ဒီကလေ..မောင့်ကို ချစ်လို့ 

ညည လမင်းကိုကြည့်ရင်း..
သက်ပြင်းတွေ ရှိုက်ရင်း..
ရင်တွင်းနာ တစစ်စစ်..
အလွမ်းဒဏ်ရာ..တနင့်နင့်..
နှလုံးသားမှာ အဖျားတက်တယ်..
မောင်ရယ်..လွမ်းရလွန်းလို့ ..

ပြန်မရမဲ့ နုပျိုရက်တွေနဲ့ အရော်အစား..
တူတူ နေဖို့ နီးလာတဲ့ရက်များ..
မနက်ဖြန်လား သဘက်ခါလား..
မတည်မြဲတဲ့ နောက်တစ်မိနစ်..
အသက်ဆက်ရှင်မယ်ဘဲ..ထင်ထားတယ်..
အချစ်တန်ခိုးများ..စိတ်ခွန်အားကိုပေးတယ်..
မောင်ရယ်…ယုံကြည်လွန်းလို့ ..

တမ်းတတ..နွမ်းလျလျ.
နေလုံး အတက်အကျကို ငေးကြည့်ရင်း..
သန်းကောင်ယံ ကြယ်ကြွေချိန်မှာ ဆုတောင်းရင်း..
ဆွေးမြေ့ နာကြင်ရင်… အပြုံးတွေ ရပ်..
မျက်ရည်မြစ် ရေခဲတောင် ဖြစ်ခဲ့တယ်..
မောင်ရယ်..ဆုံဖို့ ခက်လို့ 

မေ့ မရ သူ့ မျက်နှာကို..
ဖတ်စာ လို အလွတ်ကျက်..
သက်ပြင်းသဲ့သဲ့သံကို…
အမြဲကြားယောင်လျှက်.
ဒီတညလည်း အိပ်ရေးပျက်ဦးတော့မယ်..
ဒီကလေ…ချစ်လွန်လွန်းလို့ ..မောင်

စုစု

ရှင်သန်ခြင်း အတိနဲ့  မနက်ဖြန်…

မြူမှုန်မနက်ခင်း..
ဆောင်းရနံ့ သင်းလေ..
ပွေ့ ဖက်လာတဲ့..အအေး..
ချစ်သူ မျက်နှာလေးကို လွမ်းတယ်။

အိပ်မပျော်ည များစွာ
စောစောနိုးထ မနက်ခင်း များစွာ..
အိမ်မက်ဆိုး မက်တဲ့ အခိုက်..
တယုတယ လက်များရဲ့ အလယ်
ချစ်သူ ရင်ခွင်ထဲမှာ..တရေးနိုးချင်တယ်။

အသက်ရှုပြင်းပြင်း..
ချစ်သူရင်ခုန်သံ ကလေး ကြားချင်တယ်။
ပြန်အိပ်ဖို့  သူချော့သိပ်မှာ သေချာတယ်။
အာရုဏ်ဦးအနမ်း..ချိုမြိန်မှာသေချာတယ်။
ချစ်သူ..ကိုယ့် ကို တကယ်မြတ်နိုးတာ..သေချာတယ်။

သေချာတာက..
တနေ့ အတူတူ နေကြဖို့ 
မရေရာ တာက..မမြဲတဲ့တရား..
ချစ်သူ က ကမ္ဘာ့တဖက်ဖျား..
ခုများတော့ ..
အိမ်မက်များသာ..ဖြေသိမ့် ရာ..
မျှော်လင့်တယ်..ဒီမိုးယံအောက်
တနေ့ နေ့  တွေ့ ကြမယ်..
ယုံကြည်ထားတယ်..
မောင် ဘယ်တော့မှ သူ မညာ။

မနက်ခင်းနေခြည်နဲ့  အချစ်ကိုမြီးစမ်းခြင်း.

သန်းခေါင်ည.
မှိန်ပြပြ ကြယ်ခေါင်မိုး..
စိန်ကတ္တီပါ ဖြိုးဖျတဲ့ကောင်းကင်
ဝေရီရီ နဂါးငွေ့ တန်း
အမှောင်လမ်းက စောင့်နေတယ်..
မနက်ဖြန်ရယ်..ဘယ်ဆီမှာလဲ…

ညပန်း ရနံ့ 
မှုန် သန့် သန့် မှာ..
ပုရစ်သံ သဲ့သဲ့..
အမှောင်ရဲ့ နရီ…
အထီးကျန်ဆန်လွန်းသည်။

ရွေ့လျှား ညလေပြေ..
ညင်သာ ဆော့ကစား..
ပါးပြင်နား ဆီ..
နမ်းရှိုက်နေသည်။

ဒီတည..အချိန်ကာလ..
ရှည်ကြာပါလှ..
ရောင်နီစ တွေ..
လျှံကျမဲ့ မနက်ခင်း..
ပန်းဖူးတွေ နိုးထမဲ့ မနက်ခင်း
စောင့်ရသူ နွမ်းနှင့်ပြီ။

အရှေ့ ဖျားဆီ ..
အမှောင်ဇာ ဖျော့ဖျော့ မှာ..
ရွေရည်ဖြာနော့နော့ ဖြာယှက်.
ပုဇွန်ဆီ..မနက် နေခြည် ပေါ့
ပန်းသင်းလေ နဲ့
လိပ်ပြာတွေ ကခုန်မဲ့ အာရုဏ်သီချင်း..
မနက်ဖြန်.အတွက်..
အချစ်ကို ခစားရင်း..
သူ့ ရင်ခွင်ထက်..
ကိုယ်...မျက်နှာလေးဝှက်ချင်တယ်။

ရင်မဆန့် အလွမ်း…

ညညတိုင်း မှာ တွေ့ တယ်…
ချစ်သူရဲ့ မျက်နှာလေး အိမ်မက်ထဲ..

ချစ်သူ့ ရနံ့ ကိုရ တယ်…
ညမှာသွေးတဲ့ လေပြေတွေထဲ..

ပြူတင်းပေါက် ဇာခန်းစီးက တဖျတ်ဖျတ်..
ချစ်သူကို လွမ်းမိ..ရင်တွေ တလှပ်လှပ်

တရေးနိုးချိန်..လူးလွန့် ..
ချစ်သူမရှိတဲ့ အခါ စိုးရွံ့ 

ကောင်းကင်ပေါ်က အေးစက်နေတဲ့လ
ရင်ခွင်နွေးမရှိ..ဒီကရဲ့...အဖော်မဲ့ ည..

ညဌက်ကလေးတွေ အော်မြည်
ချစ်သူရယ်…တယောက်ထဲမို့ ကိုယ်လွမ်းမိသည်။

မျှော်လင့်ပါသည်..။
မကြာခင်မှာ..ဆုံဆည်းကြဖို့ ..

လွမ်းရတဲ့ အချိန်များ..
အရည်ပျော်…နှင်းလို ပျောက်ပါစေသား..

အိမ်မက်တူတူ..ည

အထီးကျန်..အိမ်ပျက်ညတွေထဲ..
သူလေ..အနားမှာရှိတယ်..
ချိုညင်သာ ကြင်နာတဲ့ စကားများ...
သန်းခေါင်ကျော်ညနဲ့ အတူ..
ဖြေသိမ့်တတ်သူ…

မောပမ်းစွာလျှောက်လှမ်းတဲ့ ခရီးကြမ်းရဲ့..
အားလျှော့ပြိုလဲည တွေမှာ
သူလေ..အနားမှာရှိတယ်..
ပျော့ပြောင်းတဲ့ လက်ချောင်းတွေနဲ့ ..
“ ဘာမှ မပူပါနဲ့ .. မောင် အနားမှာရှိပါတယ် ”
သူ က ကျောပွတ် ချော့သိပ်အိပ်စေတယ်.

တဦးထဲ တ၀က်ထဲရှိတဲ့ ဘ၀..
သူက ပြည့်စုံစေတတ်သူ..
နားလည်ဆုံး..ခွင့်လွှတ်.
အဆုံးဆုံးရက်တွေ ဖြတ်ကျော်အားပေးခဲ့သူ..

ချစ်တယ်မောင်..
ချစ်မြတ်နိုးမှကလွဲ ဘာမှ မလိုဖူး..
သန်းခေါင်ညတွေ ထဲ..
တိုးတီးသံ သဲ့သဲ့..
ရင်ခုန်သံလေး ယဲ့ယဲ့.
အနားမှာဘဲနေပေးပါ..
လင်းရောင်နီ နဲ့ မနက်ဖြန်အတွက်..
ဒီတညလည်း မအိပ်ဘဲ စောင့်မယ်..

ငယ်သွေးကလေး...မစင့်တစင်..

တနေ့ ကုန်တဲ့နေ၀န်း..
ပင်လယ်ထဲ ရေသောက်ဆင်းရင်..
မောင်နဲ့ တူတူနေမဲ့ ရက်တရက်..
ပိုနီးလာပြန်ပြီ..

အပျိုမလို..ရှက်သွေးဖြန်း..
မောင်နမ်းတဲ့အခါ..
ကျမ ရှက်မှာ..သေချာတယ်..
ရှက်စနိုး..မောင့်ရင်ခွင်ထဲ တိုးချင်တယ်။
ဟွန်း...မောင်မရီ ရဖူးနော်...

စုစု

မှုန်တရေးရေး..ချစ်သူလေး၏ မျက်နှာ..

မဟူရာည..
ကြယ်ခြုံစောင်ကိုလွှမ်းလို့  အိပ်တဲ့အခါ.
ပုရစ်မြည်သံက လွဲ
ပကတိတိတ်ဆိတ်ဆဲ..
တိမ်စင်လ.
မဲနယ်ရောင်မိုးသားပေါ်မေးတင်တဲ့အခါ
ရောင်စဉ်ဖြာ..ငွေရည်ကြဲ
ရှက်စနိုးလေး မရဲတရဲ

နေကြာဝါ၀ါ..နေခြည်ရမှ မွှေး
ကုမုဒြာကြာ..လရောင်နမ်းမှ ဖွေး
ချစ်သူရဲ့ မျက်နှာ.. လမင်းပေါ်ရေးရေး..
ဒီတညလည်း ကိုယ်တကိုယ်ထဲ..
လွမ်းလိုက်တာ ချစ်သူရယ်..
မင်း ဘယ်မှာလည်း.......

သူနဲ့ သာဆို..

မောင်ရေ..
ခေါ်သွားမလား..
တိတ်ဆိတ်ငြိမ်သက်..
မြစိမ်းရောင် တောအုပ်ကြားမှာ
သွင်သွင်စီး..စမ်းချောင်းလေးဘေးမှာ..
တူတူ ဒို့ နှစ်ယောက်..
ခြေရာဖျောက်ချင်တယ်..
ကဲ့ရဲ့ အတင်းဆိုသူတွေ မရှိဖူး..
မျက်လုံးစိမ်း အကြည့်တွေ မရိုင်းဖူး..

အစိမ်းရောင်မြက်ခင်းပေါ်
လဲလျှောင်းရင်း..
လေပွေမှာဝဲတဲ့ သစ်ရွက်ကြွေတွေ ရေတွက်ရင်း...
ကြည်နူးစရာ့ ချစ်သူမျက်လုံးလေးတွေ..
ချိုကြည်တဲ့ ရယ်သံလေးတွေ..
စမ်းချောင်းရေစီးသလို သာယာတယ်..

ချစ်သူရဲ့..
အပြစ်ကင်းတဲ့ သိုးကလေးရဲ့နူးညံ့တဲ့ အကြည့်..
အချစ်အရသာ ပျားရည်ချိုအတိ
ပတ်ဝန်းကျင်ရဲ့ အဆိပ်ခတ်မှုမရှိဖူး..

ခေါ်သွားပါနော်..
တူတူ သာဆို နှစ်ယောက်ထဲ..
ဘယ်သူမှ မရှိတဲ့ အဝေးတနေရာ..
ချစ်သူရင်ခွင်သည်သာ..ခိုနားရာပေါ့..
ဒီကလေ လိုက်ခဲ့မယ်နော့

မျှော်လင့်ချက်မျှင်တစ်ခုနဲ့  ညပေါင်းများစွာကို ကျော်ဖြတ်ခြင်း..

လောကဓံရဲ့ ရိုက်ပုတ်တဲ့ လှိုင်းထဲ..
အနေကြာခဲ့ပြီ..
သစ်ခေါက်တွေလို အပွေးတက်..
ဒဏ်ရာတွေ လည်း ကျက်ခဲ့ပြီ..

သန်းခေါင်ယံ အိပ်ရေးပျက်.
ယမ်းယောင်နိုးထတိုင်း..
ပြင်မရ..တခြမ်းပျက်နေတဲ့ ဘ၀..
ပြန်သတိမရအောင် ချုပ်တီးရင်း..
အချစ်ဆိုတဲ့ အခါးရောတဲ့ ပျားရည်..
ငုံမိတိုင်း ပြန်ထွေးထုတ်မိတဲ့ သူ..

အချစ်ဆိုတာ..အင်အားတစ်ရပ်..
ချစ်သူ ရဲ့ အနားမှာ..နေချင်သူချည်းပါဘဲ.
မယုံဝံ့ ယုံဝံ့
နောက်ဆုံးမှာ အကောင်းဆုံးတော့ မျှော်လင့်
ချစ်သူ ရဲ့ မြတ်နိုးမှု တစ်ရပ်..
မရဖူးခဲ့တဲ့..ဆုလာဒ်..
ဒီလောက် ကံကောင်းပါ့မလား…
ဒါ အိမ်မက်များလား..
ပျားရည်မြစ်ပေါ်ချော်လဲခဲ့သူ..
ချစ်သူရဲ့ အချစ်က ပြန်ထူခဲ့တယ်..
နိဒါန်းမကောင်းသော်လည်း…
နိဂုံးတော့ ကောင်းတတ်ပါသေးတယ်..

သာမန်လူသာ အကောင်းဆုံး

မြေသျှိုးမိုးပျံ..အစွမ်းထက်တဲ့ သူရဲကောင်းကို
ကျမ မလိုပါဖူး
မိမိ အပေါ်သစ္စာတည်ကြည်မဲ့
သာမန် ယောက်ျားကောင်းဘဲ လိုချင်တယ်။

ဥစ္စာ စည်းစိမ် ဓန ရွှေမှုန်ကြဲဘ၀..
ရှင်ဘုရင်ကတော် လည်း မဖြစ်ချင်ဖူး..
လင်တစ်ထမ်း..မယားတစ်ရွက်..
ဒိုးတူဘောင်ဘက် အဖေါ်ကောင်းဘဲ လိုတယ်။

သူ လဲတဲ့ အခါ ထူမဲ့ ကျမလက်..
ကျမ လဲတဲ့အခါ ကမ်းပေးမဲ့သူ့ လက်..
သူ စိတ်အားငယ်ရင် ဖြေသိမ့်မဲ့ ကျမ.
ကျမ ငိုရင်..ထွေးသိမ့် မဲ့ သူ့ ပုခုံးတဖက်
အချစ်သည်သာ
ဘ၀အတွက် ထာဝရအသက်ပေါ့..
သာမန်လူသာ ကျမအတွက် အကောင်းဆုံး..
ကျမ လိုတာ အသက်ထက်ဆုံးပေါင်းမဲ့သူ။

စုစု

ဘ၀ရဲ့ အဖော်

အားမငယ်နဲ့ 
မုန်တိုင်းတွေ ထဲမှာ ကျမ အတူရှိတယ်..
လက်ကလေးတွေ မြဲမြဲတွဲ..
မိုးသည်းစဲမဲ့ အထိတိုင်

မငိုပါနဲ့ 
မောင်ဝမ်းနည်းပူဆွေးတဲ့ အချိန်မှာ ကျမ ဒီမှာရှိတယ်..
ပါးပြင်လေးကို အသာပွတ်သပ်..
မျက်ရည်ရပ်တဲ့ အထိတိုင်

မကြောက်ပါနဲ့ 
အမှောင်လမ်းဖြတ်နေဆဲ အနားမှာ ကျမရှိတယ်..
ဖေးမ ကူပို့ ..
မနက်ဖြန်တွေ မိုးသောက်စို့ ။

ခေါ်မလား..ခေါ်ဘူးလား..ကဲ..ပြော

လူဆိုတာ ကတောက်ကဆ..
တခါတလေ ရန်ဖြစ်ကြ..
ကိစ္စမရှိဖူး..
အချိုဆုံးဘဲ ပြုံးပြပါ..
ခွင့်လွှတ်မယ်..ချစ်တာဘဲ။

လူဆိုတာ အလိုမကျ..
တခါတလေ..မျက်ထားညိုကြ
ကိစ္စမရှိဖူး..
ညင်သာဆုံးဘဲ နမ်းချော့ပါ..
ခွင့်လွှတ်မယ်..ချစ်တာဘဲ။

သူကြိုက်တာအဖြူ
ကိုယ်ကြိုက်တာအမည်း.
နှစ်သက်ရာ ကိုယ်စီ
လွတ်လပ်စွာ ကိုယ့်စည်းနဲ့  နေနိုင်ပါသည်။

အသွင်မတူသူ နှစ်ယောက်..
အတွေးမတူသူ နှစ်ယောက်..
နေရာတိုင်း ချွတ်စွပ်မတူနိုင်ဖူး.
မှားသူက ပြန်ချော့..
ရန်ုဖြစ်ပြီးလည်း ပြန်ချစ်ပေါ့။

ဘာမှ ကိစ္စမရှိ..
အချစ်နဲ့ တွေ့ တဲ့အခါ..
မတွေ့ ရရင် သာ ကိစ္စရှိ..
ဒီကရင်ထဲ လွမ်းလှပြီ..
မျက်နှာဆူ..သူဘဲဟန်လုပ်တတ်သည်။

ကလူနေ မူမနေနဲ့ 
ခေါ်မယ်ဆို
မြန်မြန် လက်ကိုနှိပ်…
ကြာနေရင်..
ပုဇွန်ဆီ ဆိပ်ဆိပ်..
ဟွန်း..မောင်ရင်လာရင် တံခါးပိတ်မယ်။


စုစု

တူတူပျော်ရမယ့် သင်္ကြန်

သတိတရစိတ်တွေက ဖျောက်ဖျက်မရ
အလွမ်းရင်အပြည့် ချော့သိပ်မရ
ဒီအချိန်ဆို လွမ်းလိုက်တာ..
သင်္ကြန်ကျပြီမောင်…

သင်္ကြန်ရေစိုစို..
အင်းယားရေကို ကျမ ကြိုက်တယ်

တကယ်ဘဲ ခွဲမရ နိုင်တဲ့ ချစ်သူ..
မျှော်လင့်ချက် ပင်လယ်
တနေ့ မှာ အတူတူ ပြန်ရဖို့ 
ရွှေတိဂုံ တူတူဖူးစို့ ..
ရန်ကုန် သင်္ကြန်ရေထဲ တူတူနွဲဖို့ ..

အ၀ါရောင် ပိတောက်ဖူး..
ကျမ ပန်ဖို့ ခူးခဲ့မှာလား မောင်…

ထပ်ပြန်တိုးနဲ့  အချစ်..မင်းဖို့ ဘဲဖြစ်တယ်။

မနက်ခင်း နေခြည်တွေ ကြား
သတိရခြင်းတွေ က
နှင်းလို အရည်မပျော်ဖူး။
အလွမ်းတရ နဲ့  ရောင်နီမှာ
ဌက်ကလေးလိုသာ ပျံသန်းချင်တယ်..
ချစ်သူရှိတဲ့ နေရာ..
ကိုယ်အရောက်လာ

ဆည်းဆာ လရောင်ခြည်ဝါး.
ကြယ်တွေ ကြွေတဲ့ အချိန်.
လေပြေအလာ အလွမ်းတွေ က
ဆောင်တော်ကူးပန်းနံ့ လို မြောမပါသွားဖူး
ရာသီတွေ ပြောင်းလဲ ခိုင်မာသော အချစ်
မင်းမှ မင်းဘဲဖြစ်တယ်။

အဝေးဆုံးနေရာက ချစ်သူနှစ်ဦး
အသံလှိုင်းတွေကြားထဲ ရင်ခုန်ဖူးတယ်
တယ်လီဖုန်းထဲ က
အမှတ်တရ အနမ်းတွေ

ရေးပြီး မှတ်ထား..မောင်
တေးပြီး မှတ်ထား..မောင်
မေ့ မရတဲ့ အလွမ်းညကဋ္ဋေ
တွေ့ ခါမှ ဘဲ အကြွေးဆပ်ပါရစေ။

ကာရံညှိဆဲ..သံစဉ်ချို

ဒီနေ့ ည..
လပြည့်ည..
ကန်ရေပြင်ပေါ်ကို..
မှန်ကြည့်နေတဲ့
လရဲ့ အလှ..
ကဗျာဆန်တဲ့ ည။

ရေပြေ အတိုက်မှာ..
လှိုင်းရဲ့ခြေရာ.. တဖြတ်ဖြတ်.
လရောင်က လင်းလှပ်လှပ်..
ရင်ခုန်သံတွေ မရပ်သ၍
လွမ်းနေဆဲ..
ချစ်သူရဲ့ မျက်လုံးအကြည့်တွေ

သက်ပြင်းသံသဲ့သဲ့
လှပတဲ့ အိမ်မက် ရဲ့ အချိန်တွေ..
ခြစား သလို တရွေ့ ရွေ့ပျောက်.
တစ်ရက်ပြီး တစ်ရက်
အသက်နံပါတ်တွေ
အထက်ရောက်ရောက် လာဆဲ..
နီးရေးက ဝေးနေသေးတယ်..
လွမ်းတာလေးနဲ့ ဘဲ ဖြေနေရသေးတယ်။
ချစ်တာလေးနဲ့ ဘဲ မျှော်လင့်ရသေးတယ်။
မနက်ဖြန်..ရဲ့ မနက်ဖြန်များစွာ..
သံစဉ်ချိုတွေ ညှိဖို့ ရာ။

အိမ်မက် ပန်းဖူးငုံ

အိပ်မက်ကလေးတွေကို ယုံကြည်တယ်
တနေ့ မှာ ဒို့ တတွေတွေ့ မယ်..

ကြယ်ကြွေ မဲမှောင်ည.
တူတူ ပုန်းတဲ့ လ..
နှေးကွေးတဲ့ နာရီ တပတ်ကို..
ရင်မောစွာစောင့်စားရင်း
ညဌက်တို့ ရယ်
ချစ်သူကို ပြောပေးပါ..စောင့်နေတယ်။

အနောက်ပင်လယ်ကျ..နေမင်း.
ရက်တစ်ရက်စီ ဖြုန်းတီးရင်း..
ရင် ပလာရက်တွေ ဖြည့်ဆီးဖို့ 
အကြင်နာဆေးရောင်စုံတွေ စုထားတယ်
နေလုံးကြီးရယ်..
ချစ်သူကို ပြောပါ..ကျမစိတ်ရှည်ပါတယ်။

ပျော်ရာနဲ့ တော်ရာ
အဖော်မဲ့ စွာ ဘ၀ကို ကျော်ဖြတ်နေရပေမဲ့
ဒီ မှောင်မဲတဲ့ ဂူအထွက်လမ်း..
ချစ်သူက ပန်း ကမ်းမဲ့ လူ..

ဘ၀အမောတွေအတွက်.ရက်ရေတွက်လို့
ကြောင့်ကြမှုတွေပြေစေမဲ့
အလိုချင်ဆုံး တောင့်တမိတဲ့ချစ်သူ
သူကလည်းပြောတယ် လွမ်းနေတယ်တဲ့

နေခြည်နူတွေ သာမဲ့ မနက်ဖြန်မနက်..
ကြယ်တွေ ငိုနေရာက မျက်ရည်သုတ်မဲ့ ရက်.
ပေါက်ကွဲ မတတ် ထိန်းထားရတဲ့ အလွမ်း..
မောင့်ကို ဖြေးဖြေးလေး နမ်းချင်တယ်။
ခဏလောက်ဖြစ်ဖြစ် ရင်ခွင်ထဲပစ်လှဲ
ရှက်ပြုံးလေးဘဲ ပြုံးပါရစေ။

မနက်ဖြန်လေပြေ..နုးညံ့နေတယ်…
မျှော်လင့်ချက်ဟာ..အပြစ်မဲ့တယ်။
မောင့် အချစ်ကို ယုံကြည်တယ်..
တနေ့ သူ ပြန်လာလိမ့်မယ်။
.

စုစု

မြေပြင်ကြောကို ချူံ့ နေကြသူများ

တောင်ကမ်းပါးယံတောတန်း..
တအားဟစ်အော်ပြီးခေါ်လိုက်တယ်…
“ မောင်ရယ်…
လွမ်းလိုက်တာ…”

ပဲ့တင်သံသာ ပြန်လာခဲ့ ခြေရာ
ချစ်သူရယ် ကြားပါ့မလား.

ပင်လယ်သောင်ပြင်ထက်
တအားဟစ်အော်ပြီး ပြောလိုက်တယ်…
“ မောင်ရယ်…
လွမ်းလိုက်တာ…”

လှိုင်းပုတ်သံသာ ပြန်လာခဲ့ မရေမရာ
ချစ်သူရယ် ကြားပါရဲ့လား.

တိမ်ဝေဟင်ထက်
တအားဟစ်အော်ပြီး ပြောလိုက်တယ်…
“ မောင်ရယ်…
လွမ်းလိုက်တာ…”

လေအလာမှာ လွင့်ပါးတဲ့ တိမ်သလ္လာ
ချစ်သူရယ် ကြားမယ်မထင်ဖူး..

ကွန်ပြူတာ ဖွင့်ပြီး
တိုးတိုးလေးပြောလိုက်တယ်
“ မောင်ရယ်…
လွမ်းလိုက်တာ…”

ပြန်ပြောတဲ့ တီးတိုးသံ
မောင်လည်းလွမ်းနေတယ်တဲ့
ကျေးဇူးတင်ပါရဲ့ ဂရေဟမ်ရယ်..
ဒို့ တတွေ..လွမ်းလွန်လွန်းလို့ပါ စုစု

မမျှော်လင့်ထားသော မျှော်လင့်ထားတဲ့ ချစ်သူ

အမြဲတမ်း အိမ်မက်တွေထဲမက်နေကျ
ဝိုးတဝါးမျက်နှာရှင် ဟာ..
သူ လို့  တခါမှ မယုံကြည်မိဖူး..
အမှန်ကတော့ သူ ဘဲဖြစ်တယ်..

အပျော်ရွှင်နဲ့  နိဂုံးချုပ်မဲ့ပုံပြင်
လက်ကမ်းမဲ့ လက်တစုံရှင်ဟာ..
သူ လို့  တခါမှ မယုံကြည်မိဖူး..
အမှန်ကတော့ သူ ဘဲဖြစ်တယ်..

မျှော်လင့်ချက်ရဲ့ အဆုံး
မြတ်နိုးခြင်းနဲ့ မျက်လုံးရှင်ဟာ
သူ လို့  တခါမှ မယုံကြည်မိဖူး..
အမှန်ကတော့ သူ ဘဲဖြစ်တယ်..

ကိုယ်ကြိုက်တာ ဒါမျိုးမဟုတ်ဖူး..
သံသယတွေ နဲ့ ပေမဲ့
နှလုံးသားရဲ့ ခြေရာနောက်..
တကောက်ကောက်လိုက်ကြည့်မိတဲ့အခါ
ပျော်ရွှင်ခြင်းအတိ..နားလည်စွမ်းရှိသူ
အမှန်ကတော့ သူ ဘဲဖြစ်တယ်..

ဘ၀ ရင်တခြမ်းထဲ..
မောင်ပါမှ ဘဲပြည့်စုံတယ်..
ကဲ…ယုံကြည်မှာလား မောင်..

ရင်ခုန်သံများရဲ့ လားရာတဖက်ဆီ..

ကြယ်ရောင်မှေးအောက်..
လင်းတောက်တဲ့ မျက်လုံးတစ်စုံ..
ညင်သာထွေးပွေ့ ..
ကြည်မွေ့ တဲ့ အတွေ့ ..
ဖဲသားလို နူးညံ့တဲ့ အနမ်း..
ဆောင်းလေသရမ်းတွေထဲ..
အမှတ်တရ..
မောဟိုက်ရင်ထဲ..ဖို

ချိုနေတဲ့ လ..
ရှက်သွေးပြယ် ည..
မိုးတိမ်စမှာ…

ရယ်နေတဲ့ ပင်လယ်..
ကမ်းကို ပုတ်တဲ့ လှိုင်းရယ်.
စိုနေတဲ့ သဲပြင်သား..
ကမ်းခြေတခုရဲ့ ညများ..

ပန်းချီဆေးမသီ
ကဗျာရေးမမီ
ကာရံတေးမညီ..
ဗုံသံလို ရိုင်းသည့်..
ရင်ခုန်သံ ပိုင်ရှင်များ..
ညများ၏ အခြားတဖက်..
နေ့ သစ်အတွက် အဖြေရှာ..
ရင်ခုန်သံတို့ ရဲ့ လားရာတစ်ဖက်..
အိမ်မက်ကလေးရှိတယ်..

လာ...တူတူမက်ကြစို့ ..
မနက်ဖြန်များစွာသို့ …

သိင်္ဂါရသ၏ ဝေဒနာ..

နာကြင်မှုကြောင့်တံခါးပိတ်
တိုးတိုးတိတ်တိတ် အိပ်တဲ့အချိန်..
ဘယ်သူလာတံခါးခေါက်ခေါက်..
မဖွင့်ပါဖူးရယ်..ချတဲ့ သံဓိဌာန်..

ညင်သာစွာထွင်းဖောက်..
လရောင်လို မင်းရောက်ခဲ့တယ်..
ပန်းရနံ့ တွေ လို..ခြေဗွေပေါက်..
နှိုးဆွတဲ့..အလွမ်းရယ်..
သံကွန်ခြာတွေ..အရေပျော်ခြင်း..
ယုံကြည်မှု ပကတိ..
ယုံမှားခြင်းမရှိ..
ချစ်ခြင်း၏ အဓိပ္ပါယ်..
တိမ်ခိုးခြေရာပေါ် ဝေ့လည်လည်..

ဖျတ်ကနဲသတိ..
သိလိုက်တာက..
မင်းက..နက်ရှိုင်းစွာ..
ရင်တွင်းရဲ့တနေရာ..

တားမရတဲ့ရေစီး..
နှလုံးသားက ငိုငြီး..
သူမှ သူဘဲဆိုပြီး..
လက်မခံချင်လည်း..
လက်ခံလိုက်တယ်..

ကိုယ်လေ  ချစ်သွားပြီ..

ယဉ်ပါးရတဲ့ အလွမ်း

ကိန္နရာ မောင်နှံ အဖော်ကွဲ
ရက်ပေါင်းခုနှစ်ရာလွမ်းတာ မယုံဖူး..

အောက်ချင်းဌက်ဖော်..အတူမကွဲ
သေပွဲဝင်တာ မယုံဖူး..

ရှင်မွေ့ နွမ်း မင်းနန္ဒာ
သေတောင်..မီးခိုးချင်းဆုံတာ မယုံဖူး.

အလွမ်းဆို တာ ဘာမှ မသိခဲ့တဲ့သူ..
ထားရာနေ စေရာသွား..
ဝတ္တရားများနဲ့  လူ…

အချစ်ဆိုတာ..သိပ်မလွမ်းလောက်တဲ့အရာ..
အလွမ်းဆိုရုံနဲ့ ..မသေနိုင်လောက်တဲ့အရာ..
သံမဏိတံတိုင်းကာ..နှလုံးသားတစုံ..
ချစ်ခြင်းက..ရင်ထဲမှာသိမ်းထားခဲ့ အမြုံ..

အလွမ်းဆိုတာက မယုံခဲ့ဖူး
အပြောကြီးတယ်ဆိုခဲ့သူ..
အခုကြုံမှ မျက်ရည်ကျတယ်..
ချစ်တဲ့အခါမှ..ရင်ထဲလွမ်းရဲ့..
လွမ်းတဲ့ အခါ..တွေ့ ချင်ပါရဲ့..
တစ်ရက်တစ်ရက်..
ယဉ်ပါးတဲ့ အလွမ်း..
အားအင်တွေ..ရေလို ခမ်းနေပြီ..
သရော်မိခဲ့သူ တောင်းပန်ပါသည်။

အောင့်မရ အလွမ်း

မြူတိမ်မီးခိုး..
မှောင်ပြရိုးရီ
နတ်ပန်းချီရှုံး..
ဆည်းဆာရောင်နီ..
ထက်ဝဠာဆီ

ရော်ရွှေရည်ရွက်
နီရောင်စွက်၍
ရှက်စနိုးဖြာ
ညပုံလွှာ

အပျော်လွန်ဌက်
ကောင်းကင်ထက်ဆီ
ပျံသန်းလာပြီ..အိပ်တန်းဆီ

ညပန်းချီသည်
တိတ်ဆိတ်နိုးကြား
ညမွှေးပန်းများ
ပွင့်တဲ့အချိန်

ပုရစ်မြည်သံ
မရဲတရဲ..
ချစ်သူကိုလွမ်းနေဆဲ..

ညလေပြေအေး
နွေးထွေးမှုမဲ့ ရင်တစ်စုံ..
ကံမကုန်သေးရင်ပေါ့
မျက်နှာချင်း တနေ့ နေ့ မှာဆုံ
လရောင်မှာ တလဲ့လဲ့
ရွန်းလက်နေမဲ့ မျက်ဝန်းတစုံ
ရင်ခုန်စရာ အချိန်များရဲ့.
ငလျှင်မိမဲ့ ..ကာလရဲ့ အလင်္ကာ.

ခုချိန်ဆီ..
တယောက်ထဲ..
မျှော်ငေးဆဲ
တိမ် အနားသတ်ရဲ့ ငွေရောင်ခြည်
အဝေးရောက် ချစ်သူရယ်.
ကိုယ်လွမ်းသည်။

နေမထိ

 မတွေ့ ရသေးတာ..
ရင်ဟာဟာ..
ရေဆာနေသလိုဘဲ..

နေကောင်းပါရဲ့လား..
အလုပ်အဆင်ပြေရဲ့လား..
တခြားသူ ပိုချစ်သွားပြီလား..

မတွေးရဲတာ..
တစိမ်းတွေ ကြားဝင်လာမဲ့အရာ..
အတွေးထဲမှာ..ရှိနေတာ
ခိုင်မြဲသစ္စာ..

ဌက်ကလေးများလို ကြိုးမတုတ်..
စိတ်နှလုံးသယ်ဆောင်ရာ..
လွတ်လပ်စွာသာပျံပါ။
နှစ်လိုသူသာ..ချစ်လှည့်ပါ။

ခုတော့..တယောက်ထဲ…
အလွမ်းတွေနဲ့ ..
မနက်ဖြန် သူပြန်လာမဲ့ရက်..
နွမ်းလျှရက် စောင့်နေတယ်..
မကြာခင်..မျှော်လင့်တယ်
ကျမ ရဲ့ ရင်ခွင်အလယ်..
သူ မုချ ပြန်လာမယ်..

ဖော်ကွဲ

ညနက်နက်မှာထွက်တဲ့
ကြယ်ပွင့်လေးတွေ ကို ရေတွက်ချင်တယ်
ချစ်သူရဲ့ ရင်ခွင်ထဲကပေါ့..
ဒီငယ်အိမ်မက်များ ခဏခဏ မက်.
အိပ်ရေးလည်း ပျက်လှပြီချစ်သူ..
တကယ်ပါမောင်..
လွမ်းမှ တအားလွမ်း..

နေ့ ခင်း နေခြည်ထဲထွက်တဲ့
လိပ်ပြာလေးတွေ ကိုရေတွက်ချင်တယ်
ချစ်သူနဲ့ အတူ မြက်ခင်းပေါ်လှဲရင်းပေါ့
စိမ်းရနံ့ သင်းနေတဲ့ မြက်ခင်းဖျား..
နှင်းကလေးလိုဘဲ..အေးဆေးတဲ့ ချစ်သူ
မလိမ်ပါဘူးမောင်
ချစ်မှ တအားချစ်

နေ့ နဲ့  ည တူတူပုန်းတမ်းကစားတဲ့ ညတွေ..
ကြယ်တွေ ငေးကြည့်..
သူက မရှိ..

နေရောင်နဲ့  လရောင်..
အစွမ်းပြိုင်တဲ့ ညနေ
မြက်ခင်းစိမ်းပေါ်
သူက မရှိ..

ချစ်သူနဲ့  ဝေးတဲ့ ဝေဒနာ..
ဖြေစရာမရှိ..
ကျမတော့
ဒီမှာလွမ်းဘဲ လွမ်းနေရပါ၏။

တောင်းပါရစေ..တနင်္ဂနွေ အပြင်ထွက်ခွင့်..

တနင်္ဂနွေနေ့ တိုင်းဆို..
ကျမ အပြင်ထွက်တတ်တဲ့အခါ
တော်တော်လေး လည်း..
စိတ်ပူပင်တတ်တဲ့ မောင်..

ကားသတိထားမောင်း..
မီးဝါရင် အရှိန်လျှော့
အာရုံတွေ များ..
စကားတွေ သိပ်မပြောနဲ့ ပေါ့
ဆရာကြီးလုပ်တတ်တဲ့ သူ ရယ်..
ကျမ ချစ်တယ်။

သူဘဲ ဂရုစိုက်တတ်တာ
ကျမ မှ ကျမ တယောက်ထဲ
မပြန်မလာမချင်း
စိတ်လက်ရှည် မအိပ်ဖဲ စောင့်နေဆဲ..
ဟွန်းနော်..သိပ်လည်း မချွဲနဲ့ 
ဟွန်းနော်..သိပ်လည်း မသည်းနဲ့ 
ပိုပိုချစ်လာအောင် မလုပ်နဲ့ 
မောင်ချစ်တာ ကျမ သိပါရဲ့

တနင်္ဂနွေရဲ့ ရုံးအားရက်များ..
ချစ်သူသာ အပါးရှိ..
ချစ်သူရင်ခွင်ထဲမှာ..ကျမ ရှိမယ်..
လည်လည်မသွားဖူး ကတိပေးတယ်..

ခုဝေးတဲ့ခဏ..
တယောက်ထဲနေလွန်းလို့  လွမ်းရ..
ခဏလေးတော့ အပြင်လေးထွက်ပါရစေ..

အကောင်းအဆိုးတွေတက် လိုအပ်တာ.နားလည်မှု တစ်ခု

ကြယ် အရောင်ပျောက်တဲ့ညတွေ..
ပိုးစုန်းကြူးတွေသာ..
အလင်းပြရာဘဲ..
အရောင် မှောင်မွဲမွဲ..
လမ်းပျောက်နေတဲ့အခါ ဖေးကူဆဲ..

နေပူတဲ့ ကန္တာရလမ်းထဲ..
ရေတပေါက်ဟာ
အဖိုးတန်ဆဲ
ရေကြည်..ရေနောက်
ဘယ်ရေဘဲသောက်ရ သောက်ရ..

အချစ်ဆိုတဲ့ အရာ..
ဘ၀မှာ မရှိမဖြစ်လိုနေမြဲ..
၁၅၀၀ ဘဲဖြစ်ဖြစ်..
၅၂၈ ဘဲဖြစ်ဖြစ်..
ဘယ်အချစ်မဆို..ဘ၀မှာမျှော်လင့်..

အကောင်းဆုံးကို မျှော်လင့်ကြပေမဲ့..
အဆိုးဆုံးတွေ မဖြစ်လာဖို့ ..
အလယ်အလတ်..
တော်တန်ရုံ..
နားလည်မှုတွေ ကုံလုံရင်
ဘ၀ဆိုတာ ပြီးပြည်စုံတယ်..
မောင်ရယ်..
ဘာဘဲဖြစ်ဖြစ်..
သေချာတယ်..တနေ့ အတူ နေဖြစ်မယ်..
မောင်သာ..အားမငယ်နဲ့ ..
စိတ်ရှည်ရှည် သာစောင့်ပါလှဲ့ 

Friday, April 15, 2016

စောင်ခြုံထဲက အချစ်..

ခရေပွင့်ကလေးတွေ လို မကြွေချင်ဖူး..
ပန်းခြောက်ကလေးလိုဘဲ..
နွမ်းနေရင်တောင် လှပချင်သေးတယ်..
ရည်ရွယ်ချက်ပန်းကလေးတွေ..

နေခြည်လိုဘဲ..နွေးထွေးချင်ရဲ့
ပျားရည်စက်လိုဘဲ ချိုမြချင်ရဲ့..
ရေစင်လိုလဲ အေးမြချင်ရဲ့
ချစ်သူ အတွက်ဘဲ အသက်ဆက်..
တရက် ရက်မှာ ဒို့ တွေတူတူ..

ချိုးရလက်တွေညောင်းပေမဲ့လည်း..
ညနေစောင်းနေလုံး
ကြည့်ရတဲ့ ရက် ပြောင်းခဲ့ပေမဲ့ လည်း..
လရောင်ခြုံ မလုံညအိမ်မက်..
မောင်ရယ်..
အလွမ်းညများ ရက်ဆက်..
ညှင်းဆဲတဲ့ အဖေါ်မဲ့ညတစ္ဆေအရိပ်များ
အင်တာနက်စာမျက်နှာပေါ်ချန်ထားခဲ့တယ်။

ကျမ ခံစားတဲ့ လေညှင်းထဲမှာ အချစ်ရှိတယ်။
မောင်ခံစားချက် သက်ပြင်းထဲမှာ အချစ်ရှိတယ်။
ကျမရေးတဲ့ ရင်တွင်းကဗျာထဲမှာ အချစ်ရှိတယ်။
ကျမ အိပ်ရာဝင် မောင်နားထောင်စေချင်တဲ့
သီချင်းလေးတွေ ထဲမှာ အချစ်ရှိတယ်။
အဖော်မဲ့ ညများစွာ..
အတူတူ ရင်ခုန်ဖြစ်ပါတယ်။

နောင် အဖိုးကြီးဘ၀ရောက်ရင်..
ကဗျာတွေ..တူတူပြန်ဖတ်..
မြေးအလစ်တွေ.. မသိအောင်ရင်ခုန်..
ရှက်မျက်နှာကို တူတူစောင်ခြုံပိတ်ချင်တယ်။
မောင်ရယ်..ကျမချစ်တယ်..
ထာဝရ ယုံကြည်မယ်လား

လွမ်းတာ..ပြောမပြတတ်ဖူး..

လူတွေ အလည်..
ရီဟန်စကားပြောနေရပေမဲ့..
ချစ်သူအနားမှာ မရှိတဲ့အခါ..
ရင်မှာ ဟာတာတာ..
ဘ၀မှာ အချိုမဲ့တဲ့ ပျားရည်

ချစ်သူမရှိတဲ့ ည
သူလည်းလေ တယောက်ထည်း..
တိမ်ကြားထဲက လကိုရှာနေမယ်..

ပိုးစုန်းကြူးလေးတွေ လို အတောင်ဖြန့် 
ချစ်သူရယ်…
ဒီိမှာ စောင့်နေတယ်။
လွမ်းရင် လာခဲ့ပါ။

မျက်နှာကျက်အောက်က သက်ပြင်းညတွေ..
တံစက်မြိတ် အမိုးပေါ်ကကျ..
အေးစက်တဲ့ မိုးရေ..
ကာရံမညီတဲ့ ကဗျာတပုဒ်လိုဘဲ..
တေးမသီတဲ့ ဌက်တွေ ငိုယိုနေဆဲ..

ကောင်းကင်ထက်က မိုးစက်မှုန်ရေ..
သောင်ပြင်ပုတ်ခတ်..ညဒီရေ..
မိုးညတွေဆို ပိုလွမ်းတယ်

ချစ်တတ်ရင်..လွမ်းရမှာပေါ့..
အခါးမပါတဲ့ ကော်ဖီလို..
အလွမ်းမပါတဲ့အခါ..အချစ်က ခပ်ပေါ့ပေါ့..

တွေ့ တဲ့အခါ မှ..
အလွမ်းမျက်ရည် ကို
အနမ်းနဲ့ ချော့ပါ့မယ်..
သိပ်မကြာပါဖူး..
လာတွေ့ မယ်..

အေးစက်နေသော မွေးနေ့ ရက်များ..ပူနွေးလာထိတိုင်

ဒီနေ့  မောင့်မွေးနေ့ ..
အနားမှာ နေပေးချင့်တယ်..
အပြုံးလေးတွေ ဝေမျှ ကြည်နူးချင်သေးတယ်။
တကယ်တမ်းလည်း.
ဖျောက်မရကို လွမ်းတယ်..

နဖူးပေါ်က သန့်စင်တဲ့မွေးနေ့ အနမ်း..
သူ့ မျက်စေ့ကို..လက်နဲ့ ကာ ဖုံးပြီးမှ
အံသြတကြီး ပြချင်တဲ့ကျမရဲ့ လက်ဆောင်..
အနာဂတ်တနေ့ နေ့ မှာ..
မိုးပွင့်လေးတွေနဲ့အတူ..ဆောင်ယူစေမယ်။
နှင်းပွင့်လေးတွေနဲ့အတူ..အေးမြစေမယ်။

စောင့်နိုင်မယ်တကယ်လား..
သစ္စာခိုင်မြဲမယ် တကယ်လား။
တွေးရင်းတောင် ကြည်နုးရတယ် ရင်မှာ။

မတတ်တတတ် ကိုယ်ကိုယ်တိုင်
သူ့ အတွက် ဖုတ်ချင်တဲ့ မွေးနေ့ ကိတ်..
ပုံပန်း လှလှ မလှလှ..
အချိုးကျကျ မကျကျ.
အမှတ်တရ.ရေးမဲ့ သကြားချိုများနဲ့
သူ့ နာမည်..နဲ့ အသက်
ရယ်ဖွယ်ရာ ရုပ်ပြမကောင်းပေမဲ့..
မီးလောင်နာ ပလပွ နဲ့ ကျမရဲ့လက်ချောင်းများ
သူက တယုတယ
ဥုံဖွ မန်းပေးမယ် သေချာတယ်။

အိမ်မက်ဆိုတာ..မက်ကောင်းပါတယ်။
မက်ဖူးကြတယ် မဟုတ်လား
မျှော်လင့်ချက်ဆိုတာ..တမ်းတကောင်းပါတယ်။
ဆုတောင်းဖူးတယ် မဟုတ်လား။

ခု တနှစ်တော့ မောင်..
မွေးနေ့ အမှတ်တရ.card ကလေး..
ဖတ်ရင်း..လွမ်းရင်း
အထီးကျန် ဆွေးရင်း
အေးလာရင် တယောက်ထဲဘဲ
စောင်ခြုံထဲဘဲ ကွေးနေပါဦးနော်..
အတူတူ နေနိုင်မဲ့ရက်တွေ ရောက်လာဦးမှာပါ။
ပျော်ရွှင်စရာ..မွေးနေ့ ပါမောင်..

ဘ၀ဆိုတာ..မျှော်လင့်စရာအချိန်တွေ ကျန်ပါသေးတယ်။
တနေ့ နေ့ ပေါ့..တနေ့ နေ့ ပေါ့..
ကျမတို့ ရဲ့ နေ့ တွေ..
တံခါးလာခေါက်မယ်..စောင့်နေတယ်။

မှ တဆင့်.... ချစ်သူ့ ထံ

ခုအချိန် မှာ ကျမ မောင့် အနားမရှိပေမဲ့
အိုမင်းတဲ့ အရွယ်ကျ ရင် ကျမ အနားမှာရှိမယ်..
မောင် ဆုတောင်းပါ မွေးနေ့ မှာလိုရာ..

လေပြေနဲ့ အတူ..
ပန်းရနံ့ တို့ နဲ့ အတူ
တိမ်တိုက်တို့ နဲ့ အတူ..
နေရောင်ခြည်တို့ နဲ့ အတူ..
ချစ်ခြင်းများစွာတို့  ပို့ လိုက်ပါတယ်..
သက်တန့် ကြီးရယ်..
အရောက်သာ..ယူသွားပေးပါ..
ချစ်သူရှိတဲ့နေရာ..
ရင်ခွင်မှာထွေးပိုက်..
မောင်..ရယူ သိမ်းပိုက်
စံစား ခံစားစေ..

ပျော်နိင်ပါစေ..မွေးနေ့ ဒီည..
ကျမ မျှော်နေတယ်..
မောင် အရောက် လာမဲ့နေ့ 
မနက်ဖြန် သို့ မဟုတ်..
မဝေးတော့တဲ့နေ့ 

အိမ်မက် မဆုံးခင်..အထိ

တိမ်ခိုးတောက်တဲ့..လပြည့်ညတွေ..
ဝေးဝေးကနေ
အမှတ်တရ လွမ်းနေခဲ့..

ချစ်သူရဲ့..စကားသံတွေ လေထဲ..
ခိုးခိုးခစ်ခစ် ရယ်မောသံ ဝေဟင်ထဲ..
နာရီသံထက် မြန်တဲ့ရင်ခုန်မှု..
ရူးမတတ်..ကြင်နာမှု..
ချစ်သူအတွက် သိမ်းထားတယ်..
တွေ့ လိုခဲ့ရင်..လိုက်ရှာ…
လရောင်ခြည်တွေ ထဲမှာ

တဖြုတ်ဖြုတ် သစ်ရွက်လိုကြွေတဲ့ရက်..
မလန်းဆတ်တော့တဲ့ အသက်..
နေလုံးနဲ့  လမင်းနဲ့ ကြား..ပြေးလွှား
ဗျာများနေဆဲ..
ပွင့်ကြွေတွေ မပန်လိုခဲ့
ချစ်သူရယ်..အဝေးကဘဲချစ်တယ်။

အိမ်မက်ဆိုတာ..မနိုးခင်ထိ ဘ၀မှာအလှ..
နိုးတဲ့အခါ..
ဦးနှောက်က သတိပေးတယ်..
ဘယ်အရာ..က အမှန်..
ဘယ်အရာ..က ပုံရိပ်ဆန်..

ရင်မှာ လှိုင်းထန်ပေမဲ့..
နောက်ဆုံးတစ်ရက်..
ရောင်နီ မသက်ခင်ထိ..
အိမ်မက်များကို တက်မက်နေဆဲ..
ခွင့်ပြုပါလှည့် ချစ်တဲ့သူ

နေ့ တဓူဝ….မောင်နဲ့  ကျမ


မောင်..
ဒီမနက် အိပ်ယာအထ..
မောင်က နှစ်ခြိုက်စွာ အိပ်နေဆဲ..
အသက်မှန်မှန်ရှု..
အပြစ်ကင်းတဲ့ မျက်နှာနဲ့ သူ

သူ ပင်ပမ်းနေတယ်..
အိပ်ပါစေ..
နဖူးပေါ်ကို အနမ်းတစ်စ
တိတ်တိတ်ကလေးကိုယ်ထ..
အလုပ်သွားခဲ့ရပြီ..

ညနေ သူ့ အပြန်..
စိတ်ပူစွာ မျှော်လင့်ဆဲ..
အလုပ် အဆင်ပြေရဲ့လား..
ကျန်းမာ..ဘေးရှင်းပါရဲ့လား
မောင် အလုပ်က အပြန်
ပြုံးးပြတဲ့ အပြုံးတစ်ခု..
ဒီနေ့ တနေ့ လုံးစောင့်နေတယ်။
ညကျမှ တွေ့ မယ် နော်..

ဒီက က ချစ်တယ်။
စိတ်ချသာ နေ..မောင်..
ဘာမှ သ၀န်တွေ ကြောင်မနေနဲ့ 
.

မ၀ံ့မရဲ…အိမ်မက်မြူ

တခါတရံ သူနဲ့ ကိုယ်ရဲ့ ကြား..
မှန်သားတချပ်ခြားနေသလိုဘဲ..
ထွင်းဖောက် မြင်နိုင်သော်လည်း..
တိုးဖောက်..အနားသို့ ရောက်ဖို့ က ခက်လှတယ်။

တခါတရံ သူနဲ့ ကိုယ်ရဲ့ ကြား..
စည်းကလေး ခြားနေသလိုဘဲ..
တူညီသော ချစ်ခြင်းရှိသော်လည်း
မတူညီတဲ့ အရာများက ကာဆီးထားတာ ခက်တယ်။

တခါတရံ သူနဲ့ ကိုယ်ရဲ့ ကြား..
ပတ်ဝန်းကျင် လူ့ စည်းက များနေသလိုဘဲ..
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းရဲ့ လောကဓံ
လေကို ဆန်ရတာ ရင်မောတယ်။

တခါတရံ သူနဲ့ ကိုယ်ရဲ့ ကြား..
အလွှာခြားနေသလိုဘဲ..
ရေနဲ့ ဆီလို ရောမရ..ရှိနေမလား
သကြားနဲ့ ရေ လို ပျော်ဝင်တသားထည်းလား။

လေးသံ ကြားရနိုးနိုး
မြှားတန်းလန်းနဲ့  ဌက်ကလေးတွေ..
ဘ၀မှာ..အချစ်ငတ်ပေမဲ့
သံသယဆိုတာ..အချစ်မှာ မရှိအပ်ပေမယ့် ..
အပေးကို သဘောဖြူသူ နှစ်ယောက်..
ချစ်သူ ပျော်ပါစေ..စတေးခံရဲတဲ့အခါ..
အချစ်မှာ ပွင့်လင်းစေချင်ပါတယ်။
တနေ့ မှာ..အစာသစ်တွေ့ 
အဝေးကို ပျံနိုင်ပါတယ် ဌက်ကလေးငယ်ငယ်
နှောင်ကြိုးမဲ့ အချစ်သက်သေပြမယ်။

လူမတန် ကံချတာ မဟုတ်ပေတဲ့
သစ္စာမှန်ကန်..တနေ့ မှာ..ပျော်ရွှင်ရန်ပါဘဲ..
ဖူးစာမှန်ကန်..တနေ့ မှာ.အတူတူနေရန်ပါဘဲ..

ခုတော့ မသဲမကွဲ
မိုးည မြူအိမ်မက်ကလေး ဘဲ..
မနက်ဖြန် မိုးမလင်းထိ ဆက်မက်ပါရစေ။


စုစု

ကိန္နရီမရဲ့ အလွမ်း

သူနဲ့ ကျမ တွေ့ တဲ့အခါ တိုင်း
သူ့ လေသံတိုးတိုး က ဖမ်းစားနေကြ..
ဒိတ် ကနဲ ရင်ခုန်သွားတယ်..
သူပြောတဲ့စကား.”စု ကိုမောင်ချစ်တယ်.”

သူနဲ့ ကျမ တွေ့ တဲ့အခါ တိုင်း
ညည အိပ်ရေးပျက်နေကြ..
ပြောမကုန်တဲ့ စကား..
ဘာမှ ထူးထူးထွေထွေ မရှိလည်း
တညလုံးပြော..မနားစတမ်း မောင်
ကျမ နားထောင်ချင်တယ်

ဒီလိုဘဲ..တစ်ညပြီး..တစ်ည..
အော်..ရက်ပေါင်း ၅၀၀ တောင်ရတော့မယ်.
ချောင်းရေ အကျ ကိန္နရာမောင်နှံကွဲ..
ဒါ မယုံရဲရင် ပုံပြင်မဟုတ်ဘူး..
တကဲ့ ကိုယ်တွေ့  ဖြစ်ရပ်မှန်ဘ၀..
မောင် နဲ့  ကျမ..ပင်လယ်က ခြားတဲ့အခါ..
ကိန္နရာတွေ ထက် ဆယ်ဆသာပေါ့..
မောင်ရယ် မောင်ရယ်...လာပါတော့
ကျမတော့ တမော့မော့ မျှော်နေသူ။

ရုတ်ထားတဲ့ဆူး..ချစ်သူ ခူးစေ.ပန်တော့လေ

မောင်..
ကျမ က လှလှပပ.
ဝင့်ဝင့်ကြွားကြွား
အများခုံမင်
အချုခက်တဲ့ နှင်းဆီပွင့်ကလေးမဟုတ်ပါဘူး။

ကြမ်းတမ်းတဲ့ ဘ၀ထဲ
စော်ကားလိုသူတွေ ကို
ခေါင်းငုံ မခံမဲ့..
ဆူးများနဲ့ ..ထိကရုန်းကလေးတစ်ပွင့်..
နေပူကြမ်းမှာ ပွင့်တဲ့သူ

ချုစေချင့်သူ နမ်းလှင့်တဲ့အခါ..
ကန္တာပြင်..ကျောခင်း..
အရွက်စိမ်း..ပိတ်ရင်း
မျက်လုံးတွေစင်း အိပ်သွားခဲ့သူ..
ချုလှဲ့ပါတော့ ချစ်တဲ့သူ

သူ ဘယ်မှာလဲ..မျက်ရည်ဝဲ..

မတွေ့ ရတဲ့..အချိန်
ပူနေတယ် ရင်ထဲ..
ကုန်ခဲလိုက်တာ..

မနက်ခင်းနေခြည်တွေ မနွေး.
ပန်းတွေ မမွှေးဘူး..
မောင် ကိုသတိရ..
အိပ်လို့ ကို မရ

တွေ့ ခွင့်ရတာ
အိမ်မက်ကလေးထဲမှာပေါ့
ယမ်းယောင် နိုးထ..ကြည့်မိမှ
အနားမှာသူမရှိဘူး..
အသက်ရှူသံလေးတောင်..မကြားရဘူး..
ပြောမပြတတ်..ရင်ထဲလွမ်းတယ်.

သိနေတယ်လေ..သူရောလွမ်းနေမှာ။
မိုးပေါ်ကလ..ရောင်ခြည်ဖြာကျတိုင်း..
ဆောင်းညလေညှင်းတွေ..
သူမျက်နှာကို ပွတ်တိုက်တိုင်း..

ရက်ပေါင်း..၅၀၀ နီးတော့ မဲ့အချိန်ထိ..
အနားမှာ မောင်ရှိနေမှာပါ…
အတွေးထဲ သေချာပေမဲ့..
ညတိုင်းစောင့်တယ် တွေ့ နိုးနိုး..
တနေ့ တနေ့ ..
မနက်ဖြန်တွေ့ မှာဘဲ..
မျှော်နေဆဲ မောင်..
လွမ်း တိမ်တောင်မို့ 
မျက်ရည်စို့ 

စုစု

အဖြေညှိမဲ့ ပဟေဋ္ဋိ

ဒီနေ့ 
မောင် ကဗျာ လာမဖတ်ဘူး..

မအားတာလား..
နေမကောင်းဘူးလား။
ရင်မှာ ပူပင်ပွါးတယ်.
ကျမ ချစ်တယ် မောင်..
On line ပေါ် ဒီညတက်ခဲ့နော်..

ကြာကြာလေ..
ရိုးတတ်တဲ့ ယောက်ျားတွေရဲ့ သဘော..
စောကြောသိပေမဲ့..
ယုံကြည်တယ်..နောက်ဆုံးထိ ကိုယ်ထွက်သက်..
မောင်..ဘယ်တော့မှ မရက်စက်။

သီတင်းကျွတ် သာတဲ့လ..
လင်းလက်နေတဲ့ ည..
မျက်နှာချင်း လမင်းပေါ်မှာတွေ့ ဖို့ ..
လပေါ် ယုန်ငယ်နဲ့ ဘဘိုးအို..
ထမင်းဆီဆမ်း..ရွှေလင်ဘန်းကို မလိုပါဘူး..
စည်းစိမ်ရွှေငွေ..ဘာဘာညာညာမလိုဖူး..
ချစ်သူရဲ့ မျက်နှာကို တစ်မိနစ်..
ဖတ်ကြည့်ခွင့်ဘဲ ရပါရစေ။
သူ မျက်ဝန်းညိုထည်း..
ဘယ်လောက် ကိုယ့်ကိုချစ်သလည်း
မရဲတရဲ ပဟေဋ္ဋိ အဖြေညှိ လိုက်ပါရစေ။


စုစု

စိတ်ဝိညာဉ် ထပ်တူညီမျှ..ကျမ၏ ချစ်သူ

မပြေမလည်..ငိုကြွေးနေတဲ့ မျက်ရည်စက်များထဲ.
သုတ်ပေးမဲ့လက်ကလေးတခုရှိတယ်…
ကြင်နာစွာ မျက်လုံးများနဲ့ သူ..
ကျမ ချစ်ရပါသောသူ..

အထစ်အဖု..ခရောင်းဆူးလမ်းကြမ်းထဲ.
တွဲခေါ်မဲ့ လက်ကလေးတခုရှိတယ်…
ယုယစွာ လက်ချောင်းများနဲ့ သူ..
ကျမ တွယ်တာရပါသောသူ..


အနိုမ့်အမြင့်...မုန်တိုင်းလမ်းထဲ.
တက်ကိုင်မဲ့ လက်ကလေးတခုရှိတယ်…
တူတူ..လှော်ခတ်မဲ့ ခိုင်မာစိတ်ဓါတ်နဲ့ သူ..
ကျမ မြတ်နိုးရပါသောသူ..

အမှောင်ဝိုးတ၀ါးထဲ စမ်းတ၀ါးဝါးယောင်လည်လည်
အနောက်နားမှာ နွေးထွေးသော ရင်ခွင်တစ်ခုရှိတယ်.
ပင်ပန်းနွမ်းလျှမဲ့ကျမကို ထွေးပွေ့ မဲ့ လက်မောင်းများနဲ့ သူ..
ကျမ အားကိုးရပါသောသူ..

ကျမ အတွက် သူ..
နေရာတိုင်းမှာရှိတယ်..
နေရောင်တွေထဲ…မိုးသားတွေထဲ.
နှင်းပွင့်တွေထဲ..မြက်ခင်းစိမ်းတွေထဲ…
လေပြေနဲ့ အတူ..
ဆောင်ယူလာတဲ့ ညပေါင်းများစွာ..
သူ့ မေတ္တာရည်ကို သောက်..
ကျမဘ၀ ရွက်သစ်အညှို့ ပေါက်တယ်…
ချစ်သူရယ်…ကျေးဇူးပါ…
ဘ၀အတွက်..စိတ်တန်ခိုး.
နှလုံးသားထဲက ပုံတူချစ်သူ..
မောင်သာ ကျမရဲ့ Soul Mate ဖြစ်တယ်။
ယုံကြည် မောင်..
ကျမ တသက်လုံးချစ်တယ်။

ကြယ်တွေ ရယ်တဲ့ည..

ပိုးသားအိ ကတ္တီပါစ..
မိုးပြာသားမှောင်ကျတဲ့ ညပေါ့
လရောင်က မှေးမှေး..
ပိုးစုန်းကြူးလေးက ရေးရေး..
လေအ၀ဲ..မိုးသင်းရနံ့ နဲ့ ည..
ဘယ်တော့မှ မေ့ မရဘူး..

ချိုသောရယ်သံလေးတွေနဲ့ 
အဖြူထည်..နှလုံးသားတခုနဲ့ သူ
ပျောက်ဆုံးနေသော
ဘ၀၏ ရယ်မောပျော်ရွှင်ခြင်း..
ကျမ ရင်တွင်းကို ချင်းနင်းတယ်..
ထွက်သက်လေနဲ့ 
ပါးပြင်ပေါ်အကျမှာ
ရင်ခုန်ခြင်းည စတယ်....
ချွဲတယ်..မထင်နဲ့ ..
ပြောရင် ယုံမှာလား..

မြတ်နိုးမွတ်သိပ်.အာရုံရိပ်မှာ..
နားစည်ကို..ဖြေးညှင်းရိုက်ခတ်..
သူမှသာ ပြောတတ်တယ်..
ပျားရည်ချိုစကား…
“ စုရယ်..မောင်ချစ်တယ်”

ဆံသွယ်လျှလျှ..ကြက်သီးမြမြ..
နဖူးထက်က..အေးမြတဲ့ သူ့ အနမ်းစ
ကြည်နူးချမ်းမြေ့ သောကမေ့တယ်..
ရင်နဲ့ အမျှ ချစ်ရပါသော
သူသာဘဲ..သူ.ပေါ့.
ကျမ ရင်ခုန်သံတွေ ခိုးယူသွားသူ..

ရှက်ပြုံးနဲ့  မျက်လွှာချ..
ခုနှစ်စဉ်ကြယ် အမြီးစထောင်တဲ့ည..
တိုးတိုးကလေး ပါးကပ်ပြောပြမယ်…
ကျမ ချစ်တယ်..မောင်..
ညိမ်သက်စွာ နားထောင်..
ပုခုံးပေါ် မှီမှေးစက်..
မောင့်အတွက်
အချစ်ည သက်သက်ပေါ့
လင်းအာရုဏ်တက် တဲ့အထိအောင်…

အနမ်း..

ပန်းကလေးတွေကို..ပျားကလေးကနမ်း
ကန်ရေပြင်ကို နေခြည်က နမ်း.
သစ်ရွက်စိမ်းတွေ လေပြေက နမ်း..
ပျံဝဲနေတဲ့ လိပ်ပြာအမလေးကို
လိပ်ပြာ အထီးလေးက နမ်းတယ်…
ဒါ သဘာဝ..လှပတဲ့ဝန်းကျင်…
အရာရာဟာ အချစ်နဲ့ မှ အသက်ရှင်

အထီး..အမ..
ဘယ်သူဘဲ စစ..
အရှုံးမတွက်..အဆုံးမဲ့
ချစ်မြတ်နိုးရင် နမ်းကြတာဘဲ

အပြစ်မပါ..အညစ်မပါ..
ဟန်ဆောင်ခြင်းမဲ့..
စိတ်၏ စေစားရာ..
နှလုံးသားရဲ့လှုံဆော်ချက်
နမ်းဖြစ်ခဲ့တယ်…
နဖူးပေါ်..ပါးပြင်ပေါ်
ပုခုံးပေါ်..မေးစေ့ပေါ်
လက်ဖမိုးပေါ်…ရင်အုံပေါ်..
နှုတ်ခမ်းပေါ် ???? ပေါ်…
နေရာမလပ်..အဆက်မပြတ်
ချစ်ခြင်း၏ သင်္ကေတ..
ဖော်ညွှန်းရာ မသိကိန်း တစ..
ချစ်သူ သိစေဖို့ ဘဲဖြစ်တယ်..
သခင်ပျော်လှည့်..ခံစားယူ

ယုံကြည်ခဲ့မယ်ဆို…

အိမ်မက်ဆိုးကြမ်း
ယောင်ရမ်းနိုးထ..သူ အိပ်မရတဲ့အခါ..
အဖော်ကွဲ တေလေည၏ အဖော်..
ရင်ခွင်မှာပွေ့ ဖက်
နားလည်စွာ ကြင်နာလျှက်..
မကြောက်နဲ့ အနားမှာရှိနေတယ်
ကြောင့်ကျ ကင်းမဲ့  ချစ်သူရေ ပြန်လည်မှေးစက်
မက်ပါစေ..ကောင်းသော အိမ်မက်..
ပူလောင်သောနေ့ ရက်..
ဆိုးသွမ်းတဲ့ အမဲရက်..
ရိုက်ပုတ် ရက်စက်ချိန်
ချစ်သူရဲ့လက် ဆုတ်ကိုင်..
မနက်ဖြန်ဟာ နေ့ သစ်တစ်ရက်
အားမလျှော့နဲ့  အချစ်ရေ..ရှေ့ ဆက်.
မရွံ့ နဲ့ အနားမှာရှိနေတယ်
မင်းရဲ့အနောက်မှာ အရိပ်လိုမခွါ

လူသားသဘာဝ..
တဦး တစ်သဘောနဲ့  ရှင်သန်ကြ..
ချစ်ခြင်း မုန်းခြင်း..ကြိုက်ခြင်း မကြိုက်ခြင်း..
ကွဲပြားခြင်း..ခြားနားခြင်း..
တုန့် ပြန် အနိုင်စစ်မခင်း..
သဘောမတူတဲ့ ခဏ
အပေးအယူမျှဖို့ ဘဲလိုတယ်..

အချစ် ဆိုတဲ့အရာ..
ပေးဆပ်သော နားလည်မှု
ဖြူစင်သော မေတ္တာတခုသာဖြစ်တယ်..
အသာ အနာ..ဈေးတွက် မပါဘူး..
အနာအဆာ..ရွေးချယ်တာ မပါဘူး..
အကောင်းအဆိုးတွေရဲ့နေ့ ..
ကျော်ဖြတ်တဲ့နေရာ..အတူတူ..
စိတ်သဘောဖြူရန်သာ လိုတယ်..
" ယုံကြည်ရင်..ပေးပါ မောင့် လက်…"
ကျမ တို့ ခရီးဆက်ကြရအောင်
.

အချစ်မပျက်မဲ့ အချစ်အတွက်..ချစ်သူများနေ့ 

မနက်ခင်းရောင်နီစ
တံခါးလာ ခေါက်တဲ့တခဏ..
ဖွင့်ကြည့်တဲ့အခါ
တွေ့ လိုက်ရတယ်…
အသည်းတုန်..ရင်ထိတ်သွားတယ်..
ပျော်လိုက်တာ..
သူပေးတဲ့ ဘာလင်တိုင်း နှင်းဆီနီနီ..

လေပြေစတွေနဲ့အတူ..
နဖူးဆံမြပေါ်သက်..
နုဆွတ် အေးမြ..ဆောင်းနှင်းစရဲ့.
မနက်ခင်းမှာပွင့်တဲ့ ပန်း..
နွေးသွားတာ…သူရဲ့အနမ်း..

အမြဲတမ်းလန်းဆန်းနေတဲ့ မေတ္တာ..
အထီးကျန်သူများရဲ့ အစာနာ..
ဖြူစင်တာ..သူပါဘဲ..
ကြင်နာသူဟာ..သူပါဘဲ

မပျက်မကွက်..
အချစ်ရက်ဆက်…
မရိုးသွားနဲ့ 
နောင်နှစ်ခါထိ..သူနမ်းဦးနော်..။

ရင်နဲ့ အမျှ ချစ်မြတ်နိုးရပါသော

ထိတ်ကနဲ ရင်တုန်သွားတယ်။
သူက..ချစ်တယ်ပြောတဲ့အခါ

ကြက်သီးတောင်ထတယ်..
သူက နဖူးပေါ်နမ်းတဲ့အခါ

ကလေးလေးလို ရီမောမိတယ်..
သူက ကျမကို ပျော်အောင်လုပ်တဲ့အခါ

ကြည်နူးပြီး ပီတိဖြစ်တယ်..
သူ အကြင်နာတွေ့ ထိတဲ့အခါ..

မျက်ရည်တောင် ကျမိတယ်…
သူတကယ်ဘဲ ချစ်တာ..ကျမသိလိုက်ရလို့ 

သူလေ..
ကျမ အပြုံးများစွာကို ဖန်တီးသူ…

သူလေ..
ကျမ အိမ်မက်များတွေ ကိုဆေးခြယ်တဲ့သူ

သူလေ..
ကျမရဲ့ အနာဂတ်တွေကို ရှင်သန်စေသူ..

မနက်ဖြန်သာ ရှိသေးမယ်ဆိုရင်ပေါ့..
ဆက်လက် ချစ်နေမယ်..
နောက်ဆုံး ထွက်သက်အထိ..
ကြင်နာသောသူ..
ဘ၀တခုအတွက် မောင်ဟာ
ကျမ ထာဝရ ချစ်သူ..

မယူ ရက်ရက်...အချူခက်..

တင်းကြပ်စွာ..ဆုတ်ထားတဲ့သူ့ လက်...
ဒါ အိမ်မက်မှန်းသိပေမဲ့..
လန့် နိုးမှာတောင် ကြောက်တယ်။
နူးညံ့တဲ့ ချယ်ရီပွင့်တွေကြွေ..
သူ့ မျက်နှာကလေး..
ဝိုးတ၀ါး မှုန်ရီဝေေ၀..
ပန်းကြွေလေးကို..သူ မြတ်နိုးတတ်ပါသလား..
ပန်းကြွေလေးကို..သူ နမ်းနိုင်ပါ့မလား..

ကြွေဆဲ ပွင့်ချပ်လို...လေထဲဝဲ..
မြေမကျခင်..တိုတောင်းတဲ့ကာလ
ချစ်သူရဲ့ ပါးပြင်ကို တကြိမ်လောက်နမ်းခွင့်ရပါရစေ..
မျှော်လင့်ထားသူ..

ချစ်သူရဲ့ ရယ်သံတွေ..အမြဲတမ်း..ကြားပါရစေ..
စစ်မှန်တဲ့ ချစ်ခြင်း..
ပိုင်ဆိုင်စိုးမိုးလိုခြင်းနတ္ထိ..
ဝေမျှ ပေးချင်မိသော..အကြင်နာ..
ချစ်သူ နားလည်ပါ့မလား..
ကိုယ်သည်သာ မိုက်မဲအရဲစွန့် ချင်သူလား.

ဘ၀ဟာ မနက်ဖြန် ဘာမှမရေရာဘူး..
မရေရာတဲ့ အရာတွေထဲ ရေရာတာက အချစ်
မမျှော်လင့်တဲ့ အချစ်အတွက်..မျှော်လင့်နေတာ အချစ်.
မယူရက်သော အတ္တအရ ပိုင်ဆိုင်ရမှု..
မချွေရက်တဲ့ သူ့ ရဲ နူပျိုသောဘ၀တခု
ဝေခွဲမရ..သောက ပွေဆဲ
ရွက်ကြွေထဲမှာ.. အကြွင်းမဲ့သော မျှော်လင့်ချက်
အိမ်မက်လှလှ၏ ကဗျာ
ချစ်သူရယ်..ခံစားကြည့်လှဲ့ ပါ.

အချစ်လား..come on in

ရင်ခုန်စွာနဲ့ စောင့်နေတယ်..
ရောင်နီတွေနဲ့ ..ဌက်ကလေးတွေတေးဆို..
အရှေ့ တံခါးဝဆီက.ခြေသံ
ညင်သာစွာ တံခါးခေါက်..
ချစ်သူ ကျမအိမ်.ရောက်လာမဲ့နေ့ 
ကြားရမဲ့ ခေါ်သံ
Hi! Honey...I'm Home.

သေချာတာက..ကျမ အားရပါးရပြုံးမိမှာ
ချစ်သူ၏ မျက်နှာကလေး..
အိမ်မက် မဟုတ်
တကယ်မြင်ရတဲ့အခါ..
( ချစ်သူရဲ့ မျက်နှာပေါ် ယုယစွာ..
လက်ချောင်းများနဲ့ ..ထိတွေ့ စမ်းကြည့်ချင်မိတယ်
ထိခွင့်ပေးပါ ချစ်သူ..)

ကျစ်ကျစ်ပါ လက်မောင်းတွေထဲ..
ရင်ခွင်မှာ ခေါင်းဖွက်
တင်းကြပ်စွာ ကျမ ဖက်ထားမိမလား..

ချစ်သူယူလာတဲ့ နှင်းဆီပွင့်..
ရနံ့ ရှူ နမ်းရှိုက်မိမှာ သေချာတယ်။
"မွှေးလိုက်တာမောင် ကျေးဇူးပါ"
(ချစ်သူပါးကလေးတော့ ဒီနေရာမှာ ဆင်ဆာ)

ချစ်သူ ပြုံးနေမှာဘဲ..
ရင်တွေတုန်..သူလည်း ဆောက်တည်ရာရပါ့မလား..
ရှက်စနိုး..ခေါင်းကြီးငုံ့ နေမှာလား..
ရေအေးအေး.တခွက်.သောက်
အနားယူလိုက်ပါဦးမောင်..

ဒီနောက်..ဒီနောက်..
အနာဂတ်ဆိုတာ..
အဖြေညှိ..ညီမျှခြင်းမသိတဲ့ ဖြေရခက်ပုစ္ဆာ..
ကာရန်ပျောက်..ထောက်နေတဲ့ကဗျာ..
သံစဉ်ပျောက်..ဆွံ့ အနေတဲ့ သီချင်း..
ဘာတွေ..ဆက်ဖြစ်ကြမလည်း..
ဗေဒင်မမေးရဲတဲ့ မေးခွန်းတွေ..

We'll see.
စောင့်ကြည့်ကြသေးတာပေါ့..
ရင်ခုန်သံသာ..သံစဉ်ညှိ..
တခုခုတော့ အဖြေရှိမှာပါ..
ဒို့ တတွေ တွေ့ ကြမဲ့ နေ့ တနေ့ ..
ပြောဖြစ်မှာ အသေချာဆုံး ဒီစကား
“ ချစ်သောမောင်လားဟင်?…၀င်ခဲ့ပါ”

ချစ်သောသူ သို့ 

သူနိုးလာခဲ့ရင် ဖတ်ဖို့ စာ...
နှလုံးသားထဲက ကဗျာ..
ရေးထားခဲ့တယ်..
မင်္ဂလာ နံနက်ခင်း..
အချစ်ရဲ့ ပျော်ရွှင်ခြင်းရရှိစေ.

အလုပ်ထဲ လည်းစဉ်းစား..
ကားမောင်းရင်း စဉ်းစား.
အတွေးထဲက သူ..
ဟွန်း နော်..
ကြိတ်ပြီး ရယ်မနေနဲ့ ..
ကိုယ်ချင်း စာနာ..
ချစ်သူသာ ကမ္ဘာ..

ချစ်တဲ့ အခါ..
ချစ်သူဟာ..ဘ၀ရဲ့အစိတ်အပိုင်း..
အေးတူပူမျှ..တူတကွ..
နေကြမဲ့ တနေ့ .
ချစ်သူရယ်..နင်မမေ့ ကြေး

ကြေကွဲစွာ ကြည်နူးခြင်း..

ဒီမရေရာတဲ့ ဘ၀တွေထဲ..
တွေ့ လိုက်ရတာကတော့
သေချာတဲ့ အချစ်ပါ...

အချစ်ဆုံးသူတွေကို
အကောင်းဆုံးတွေ အမြဲတမ်းပေးဖို့ 
ကြိုးစားခဲ့ဖူးသူဟာ..
မပြေလည်တွေတာ အံကြိတ်ရင်း..
အကောင်းဆုံးတွေကို မျှော်လင့်အားတင်းခဲ့သူဘဲ။

အချစ်..နူးညံ့တဲ့ပန်းဝတ်မှုန်ကလေးလား..
အေးမြတဲ့ လေပြေလေးလား..
ချိုမြတဲ့ ပျားရည်စက်လေးလား...
မှုန်ဝါးဝါးထဲ အချစ်ရှာခဲ့သူ..

မမျှော်လင့်ခဲ့ဘူး..
တွေုလိုက်တဲ့ အခါ..
ထိခိုက်ထိရှတဲ့ နှလုံးသား..
သူနဲ့မှ တကယ်ချစ်သွားတယ်။

မရေရာပေမဲ့ သေချာတဲ့အချစ်..
ဘယ်လောက်ဝေးဝေး..
ဘယ်လောက်ပြေးပြေး..
အနီးကပ်ဆုံးနေရာမှာ..
ရှိနေသေးတဲ့ အချစ်...

စောင့်ကြည့်ချင်သေးတယ်...
မနက်ဖြန်ရယ်...ဘာတွေဖြစ်..
ရင်ထဲမှာတော့ ကြေကွဲစွာ..
ကြည်နူးခဲ့ရတာ..မောင့်ရဲ့အချစ်..
အညတြပေမဲ့ ဂန္ဓ၀င် ချစ်ရတဲ့သူ

မ၀ံ့မရဲ..မျှော်လင့်ချက်မဲ့လည်း..မျှော်လင့်ဆဲပါမောင်

မောင် မနိုးသေးဘူး.
အိပ်နေတဲ့မောင် ကိုကြည့်ရင်း..
ကြည်နုးစွာ တွေးမိတယ်။
ကျမရင်ထဲမှာ ဘယ်လောက်ချစ်တယ်။
မောင်နဲ့အနားမှာ..
ဘယ်လိုဘ၀ဘဲဖြစ်ဖြစ် နေချင်တယ်။

အချိန်တွေကိုမျှော်ကြည့်
တကြိမ်လေးတောင်ဆုံခွင့်ရှိပါ့မလား..
တစ်ခါလေးတောင် ကြည့်ခွင့်ရပါ့မလား.
တစ်ချက်လေးတောင် နမ်းခွင့်ရပါ့မလား.

ကိုယ့် ကိုကိုယ် မပိုင်ခဲ့တဲ့ဘ၀..
အမှားပြင်ဆင်ရင်း
အမှားကြောင့် ဘ၀ရှုံးနေဆဲဘဝ
သူများအတွက်ဘဲ လူဖြစ်ခဲ့ကြ..
မောင်နဲ့ ကျမဘ၀မှာ..
မမျှော်လင့်ရဲရဲ..မျှော်လင့်ရဲရဲ..
မခွဲမခွါ..အတူဘ၀..
နောက် ၅ နှစ်တောင်..ရကြပ့ါ့မလားမောင်..။

အရွယ်လွန် ကြေမွ..
၅၀ကျော်မှ စတဲ့အချစ်..
ကျမအတွက်တော့ ထာဝရဘဲဖြစ်တယ်..
မောင်ရယ်..ကျမကိုနားလည်။

မောင်နဲ့ တူတူနေတဲ့အခါ

အိပ်ယာက ကိုယ်နိုးစ..
သူ က အိပ်ပျော်နေဆဲ..
သူ မသိအောင် တိတ်တိတ်ကလေး ထ..
သူ့ အတွက် မနက်စာပြင်ရတယ်။

သမီးလည်း အိပ်ရာထ..
ကျောင်းသွားကြရဖို့ အချိန်။
နောက်ကျနေမယ်..မောင်.
အိပ်ပုတ်မကြီးနဲ့လေ..တော်တော့

ညင်သာစွာ..ဖြေးဖြေး.
သူ့ လည်ပင်းကလေးကို မွှေး။
မောင်ရယ်.. ထပါတော့
ရောင်နီတွေ သမ်းပါပေါ့..
အချစ်လေး..က လိမ်မာတယ်..
အလုပ်သွားရမယ်..
အိပ်ချင်ယောင်ဆောင်နေတဲ့ လူလည်လေး..
ဟွန်း..သိတယ်နော်..
သူ လိုချင်တာ..ကျမရဲ့ မွှေးမွှေး..

ဒီလိုနဲ့ 
နေ့ သစ် တို့  အစပြု
ပျော်ရွင်စရာ..မိသားစု..
တောင့်တ လိုချင်ဆုံး ဆန္ဒ။
ဒီ ဘ၀ကလေးတစ်ခု ထဲပါ။

ပေးမှာလားချစ်သူ..
ကျမ ရဲ့ မေတ္တာတွေကို ယူ..
နှစ်ကိုယ်တူ..ဘ၀..
တစ် ကနေပြန်စ။

ပင်လယ်တွေ ခြားလည်း...မောင်..

ကျမ..သိတယ်..အသဲနှလုံးထဲမှာ..
မောင့်ရဲ့အချစ်တွေ
ကျမ..သိတယ်..လေပြေထဲမှာ..
မောင့်ရဲ့စကားတွေ..
ကျမ..သိတယ်..နေခြည်ထဲမှာ..
မောင့်ရဲ့အပွေ့ တွေ
ကျမ..သိတယ်..ရွက်ခြောက်ထဲမှာ..
မောင့်ရဲ့ခြေသံတွေ..

လေညှင်းလေးက နမ်းတယ်..မောင့်လို..
နှင်းစက်လေးက နမ်းတယ်..မောင့်လို..
ပျားရည်လေး က နမ်းတယ်..မောင့်လို..

ဘယ်ဘဲကြည့်ကြည့် ..
အချစ်၏မျက်နှာ..
မြူကန်လန်ု့ကာ ..၀ိုးတ၀ါး..
ဆောင်းတံတိုင်းကြား..သွေးပျက်အနေခက်..
သမုဒ္ဒရာမိုင် ၅၀၀၀ အဝေး..
လွမ်းရေးကခက်လှတယ်မောင်။

အကြင်နာဦးနဲ့ ရက်၊ အာရုဏ်ခူးမဲ့ဌက်

ခယောင်းတော မီးလမ်း။
နွမ်းနေတဲ့ ပန်းကလေး..
ရေကြည်မိုးတပေါက်..
ဘဝ ရဲ့ အာရုဏ်ဦးဟာ
ကြည်လင် မိုးသောက်။

တိမ်တောက်တဲ့ ညနေ
လင်းကြယ်မြူးညလေပြေ
လှိုင်းလေနဲ့..တွယ်ရာမဲ့ဗေဒါ.
ကမ်းခြေ ရှာတွေ့ ခဲ့ နားခိုရာ..

အဖြုရောင် အချစ်လွင်ပြင်..
အကြင်နာနဲ့ ရင်ခွင်.
လှမ်းလက်နဲ့ လက်တဖက်..
မျက်ရည်သုတ်ပေးလျှက်
ဘ၀တူချင်း ခရီးဆက်မဲ့လမ်း..
ကြမ်းချင်သလို ကြမ်း
မေတ္တာသာလျှင်..ပဓါန..
သစ္စာသည်..အဓိက
နားလည်မှူသည် စဉ်ထာဝရ
ဒို့ ဘ၀ အသစ်စကြရအောင်..

မျော်လင့်ပါတယ်..တနေ့ နေ့ ပေါ့

"မောင် ကလေ ချစ်တယ် " တဲ့
ဆိုပြီးပြောလာခဲ့ တီးတိုးသံ
သာယာစွာ..စမ်းချောင်းလေး..
ရင်ထဲမှာ အေးသွားတယ်။

ချစ်တာတွေ မယုံလို့ မဟုတ်..
မေတ္တာစစ်ဆိုတာ.အချစ်ရဲ့ပြယုဂ်
နေရောင်ထဲ နေကြာ..
မုန်တိုင်းကြားထဲက ကြာ..
ဘယ်လောက် အဆိုးတွေ လွှမ်းလွှမ်း..
ဘယ်လောက် နေပူထဲ နွမ်းနွမ်း..
ဘယ်လောက် ဆူးကြမ်းတဲ့လမ်း..
ကမ်းလက်လေး တစ်ဖက်
အားအင်နဲ့ ခရီးဆက်..
အချစ်စစ်တို့ ရဲ့ သက်သေ။

ညဥ့်သန်းခေါင်မိုးချုပ်..
ပိုးစုန်းကြုးတွေ မှိတ်တုတ်..
ကြယ်ရောင်..ရဲ့ မှိန်အလင်းတန်း..
အချစ်မျက်နှာလေးကိုလွမ်းတယ်။

အဝေးက တာရာ..
ခုနှစ်စဉ်ကြယ်ပြာ..
သောင်ပြင်ကလှိုင်းပုတ်သံနဲ့ 
ညကလေးတည။

ရင်ခုန်သံ.၀ရုန်းသုန်းကား
ချစ်သူနမ်းနဲ့ အနမ်းများ
သူ့ မျက်နှာကို ရှက်ကြည့် မရဲတရဲ..
ကြက်သီးထ.ထူပူနေဆဲ
မီးတောက်များဆူညံနိုးထ.
ဒါ ဒို့ ရဲ့ ပထမဆုံးည။

ရောင်နီမိုးသောက် အာရုံက
မြက်ဖျားပေါ်ကနှင်းတစ်စ ..
မနက်ခင်းလတ်ဆတ်တဲ့လေပြေညှင်း..
သစ်ရွက်များရဲ့ ပွတ်တိုက်သံ
ပုစဉ်းတို့ ရဲ့ရှိုက်သံ
နေခြည်နုတွေ တံခါးပေါက်..
နေ့ သစ်ရောက်ပြီ..

ချိုမြိန်တဲ့ ပျားရည်လေးတစ်စက်..
တတ်မက်နေဆဲဘဲ..
ချစ်ရယ်…လွမ်းမြေ့မြေ့..တမ်းတမရဲတရဲ..
တွေ့ ကြရမဲ့ ရက်များဆီ...

The Art of Love ချစ်ခြင်း၏ အနုပညာ။

နှင်းဆီဖူးလေးတစ်ခက်.
ဝိုင်လေးတစ်ခွက်..
ကြည့်ပြာရီ..မှိန်ဖျော့ဖျော့မီး..
ဇာခန်းစီးရဲ့..နောက်ကွယ်..

အရည်ပျော်.. ဖယောင်းတိုင်များ..
ဆည်းလည်းသံသွဲ့  ဂီတ..
မျက်လုံးများ..အကြည့်ကစတယ်။
နှလုံးသား နရီ က စတယ်..

ယုယလက်နဲ့  နှောင်ငင်
မေတ္တာဖုံးတဲ့..နှုတ်လွှာ..
ဆံနွယ်လျှလျှ..ပိုးကတ္တီပါ..
ပဟေဠိနဲ့  မူတဲ့အပြုံး
ကြင်နာတဲ့ မျက်လုံး..
နားလည်ရဆုံးလေးချစ်သူ..
ဒီကအနမ်းတွေ...ယူ။

ပါးပြင်ပေါ်က..ဆံနွယ်စ.
လက်ဖျားက အသာမတဲ့အခါ..
ဂယက်ထ..ရင်..
ကြက်သီးမွေးညှင်း..ထ
ရှက်ရမလား..ပျော်ရမလား..
ဟင့်အင်း..ဟင့်အင်းတောင်
ဟန်ဆောင်မငြင်းနိုင်
ရင်ခွင်မှာမျက်နှာဝှက်..
သူလေ..ရှက်ရှက်..

ရင်တွေ..ခုန်ဒိတ်ဒိတ်.
ဖယောင်းတိုင်မီး..တရိပ်ရိပ်..
လူခြေတိတ် ချိန်.

သက်ပြင်းရှိက်..ရင်သိမ့်သိမ့်
နွမ်းလျှသံ တီးတိုးတိတ်တိတ်.
ချစ်ခြင်း၏..အနုပညာ..
ခံစား၍ အဖြေရှာ…

တိမ်ငွေ့ ထဲဝဲတဲ့ ဝိညာဉ်.
နိဗ္ဗါန်ဖျား..ခေါင်ထွဋ္ဋ်က..စိတ်အစဉ်..
အချစ်ပေးလို့  အချစ်ယူသူ..
နဂါးငွေ့ တန်းရဲ့ ချစ်သူ..

တူညီ..သာမျှတဲ့ အချစ်..
ဘဝရဲ့ ရသအနှစ်..
လူဖြစ်ရကျိုးနပ်ခဲ့ပြီ။.

အိမ်မက်ထဲက မောင်

အိမ်မက်တွေ မှုန်ရီဝိုးတဝါး
မက်ပေါင်းလည်းများလှပြီ။
အနာဂတ်တွေ ရွယ်ရည်သမျှ..
အတွေးစလည်း..နှစ်ကြာရှည်။

အိမ်မက်များထဲကရွှေမင်းသား..
စနိုးဝှိုက်လို သူကနမ်း..
စင်ဒရဲလားလို..ပန်ုးကုံးစွပ်ကမ်း.
တမ်းတမ်းတတ ချစ်ပုံပြင်..
သူ ဘယ်သူလဲ ဟင်။

တစ်ရက် တစ်ရက်..
လက်တွေ့  သက်သက်နဲ့ ဘဝ
လှုပ်ရှား ရုန်းကန်..
ချစ်စိတ်ကို အမှောင်ချ။
ဝင်မဲ့သူ မလာအောင်တံခါးပိတ်မှ..
ခဲမှန်ဘူးတဲ့အတောင်ကျိုးဌက်..
ကြောက်ရွံ့ မူးမူး.
မချစ်တော့ဘူး။ .မချစ်ရဲဘူး။

ဘယ်လောက် တင်းထား..တင်းထား..
မင်းတုန်းချထားတဲ့ တံခါး
တိတ်တဆိတ် ထွင်းဖောက်
ရင်တွင်း ဝင်ရောက်..
လူတယောက်ရယ်..

နွေးထွေးတဲ့ ဒီိအရိပ်..
ဘ၀ရဲ့ နှောင်းအတိတ်တွေ..
ရေလို စင်ကြယ်အေး..
ချွေးသိပ်ပေးမဲ့ ချစ်သူ..

ကံကောင်းရင်..ဘ၀တစ်သက်.
ကံမကောင်းလည်း..မျက်ရည်လက်စက်
တရက်..တနာရီ..တမိနစ်..
တစက္ကန့် လေးဘဲ ချစ်ချစ်..
လူဖြစ်ရကျိုးနပ်ခဲ့ပြီ။

လွမ်းခက်ခက်..

လွမ်းတယ်မောင်.

မိုင် ငါးထောင်ကျော်တဲ့ တနယ်ဆီဝေး
တွေ့ ရေးက မလွယ်..
ဖုံးထဲမှာ အသံပေး..
အင်တာနက်ပေါ်စာတွေ ရေး..
ပြည်ထဲရေးထက်..လွမ်းရေးက ခက်တယ်..

မျှော်ရည်ပြီးသူ့ ကို နမ်းတဲ့အခါ..
သက်ပြင်းချသံ ညှင်းသဲ့သဲ့..
အချစ်ရဲ့ ရင်ထဲ.
မ.. လိုဘဲလွမ်းနေမလား..
မျက်ရည်ဝဲ..မသိအောင်ဘဲ ကြိတ်တင်းနေဆဲလား

ရေပြင်ကျယ် ဝေးဝေး။။
တိမ်ယံမှာ..သူ့ မျက်နှာရေးရေး..
အချစ်လေးရယ်..ဘယ်မှာ..
ပြည့်လ၀န်းပေါ် ကိုယ်လိုက်ရှာ.။

ညလေပြေခတ် သစ်ရွက်လှုပ်ရင်..
ချစ်သူလည်းလေ..လွမ်းရင်ခုန်မလား..
မေ့မရနိုင်တဲ့  လွမ်းညများစွာ..
ရင်ခွင်မှာ ဟာနေဆဲ..
ချစ်သူမောင်ရယ်..အဝေးမှာ.
စာသားမဲ့ ပြောပြခက် ဒီဝေဒနာ..။

စာသားမဲ့ ချစ်ခြင်း..ရင်တွင်းနဲ့ အမျှ

မောင် အိပ်မောကျနေတဲ့အခါ
ပကတိခလေးလေး..
ဖြူစင်သေးတဲ့ နှလုံးသား..
ကျမ မြတ်နိုးခြင်းများစွာ။

ရင်ခွင်မဲ့ ခလေး..
ကြိုးပြတ်ဖူးတဲ့စွန်ကလေး..
တွယ်ရာမဲ့ ရေမြောပန်းတပွင့်..
ကျမ မောင့်ကိုချစ်တယ်။

မသေချာ မရေရာ..
အနာဂတ်တွေ ယောင်ချာချာပေမဲ့
ရင်ခွင်ထဲ ကအချစ်ဦး..
မောင်တဦးဘဲ ဖြစ်တယ်။

မောင်နဲ့ ကျမရဲ့ ကြား
ပြောစရာမလိုတဲ့ စကား
အပြုံးမှာ..စာ..
မျက်လုံးမှာ..နားလည်မှုကဗျာ..
နှုတ်ခမ်းဖျားက မေတ္တာ
လက်ဖျားမှာ အကြင်နာ

စာသားမဲ့ တဲ့ အချစ်..
ရင်နဲ့အမျှ ခံစားပြီး ချစ်
နှလုံးသားထဲ နင့်
မပြောဘဲ နားလည်
မထိရလည်း ချစ်တယ်။
မနမ်းရလည်း..အသည်းစွဲ.
ဝိညာဉ်ရဲ့ အရိပ်.တွေ ဘယ်မခွဲ

လေပြေထဲမှာ မင်းစကား
တိမ်ယံထဲက အပြုံးများ.
နေရောင်ခြည်ထဲက အနမ်းများ..
ဘယ်လောက် ဒို့ ဝေးနေပေ့စေ…
အသည်းထဲမှာ။ ဒို့ အတူတူနေ။


စုစု

တမ်းတရတဲ့ ဆောင်း.

ဆောင်းလေမြူးက..
နဖူးစကို..
အေးစက်တဲ့ လူသေလက်နဲ့ 
မတရားညှင်းရက်တယ်..

ချမ်းခိုက်ခိုက်တုန်..
မီးလင်းဖို ကလေးနားမီးလှုံ..
မီးညွန့်  အရောင်ရိပ်ရိပ်..
အချစ် ရင်ခွင်ထဲ တိုးတိုးတိတ်တိတ်
ကြားရတဲ့ တဒိတ်ဒိတ် ရင်ခုန်သံ
သွေးကြောထဲမှာ..ကခုန်တဲ့ ချစ်လူဆိုး
သူ့ ရင်ခွင်ထဲ
ကိုယ်ဟာလေ ပြတ်တဲ့ အရုပ်ကြိုး.
တွေ့ ခဲ့ရတဲ့ ဆောင်းတစ်ည..
ရက်ပေါင်း ခုနှစ်ရာ နှမျောတသစွာ။

ခုများတော့ ရက်တွေ ဘဲရေ..
ဘယ်တော့နီးမလဲ ချစ်သူရေ
ဆောင်းညတွေ ခါခါ နှိပ်စက်..
ကိုယ် အိပ်ရေးပျက်တာများလှပြီ။

ချစ်သူရေ နားဆင်

ချစ်သူရေ..
ရင်ခွင်ထဲ မျက်နှာအပ်..
ကိုယ်ဘယ်လောက်ချစ်တာတွေ ထပ်တလဲလဲဆို။

ချစ်သူရေ..
နှူတ်ခမ်းလေးကို လာထိတဲ့ လက်
ကိုယ် အသက်ထွက်မတတ်..ရင်ထဲခုန်။

ချစ်သူလေ.. မှောင်တရီ..အလင်း..
ကြယ်လိုဘဲ..မင်းအကြည့်က စူးရှဘိခြင်း..
အသက်ရှူမိမှား..ရေနည်းငါးလို..ခံရခက်..
ချစ်ခြင်းမြှားချက်က အဆိပ်ပြင်းတယ်။

ချစ်သူရေ..
မင်းညာလက်လက်ရုံး ကိုယ်ခေါင်းအုံး..
ယောက်ျားတို့ ဘုန်းကြောင့်.
ဇနီးမယားရဲ့ အပျော်ဆုံးအချိန်..
ဘ၀ မွာ တၾကိမ္ဘဲရရ..
သေပျော်ပါရစေ။

ချစ်သူရေ..
နားလည်မှူ ကြင်နာမှူ
မြတ်နိုးမှူရဲ့ အရင်းတည်။
ဆောက်ခဲ့တဲ့ ကိုယ်တို့ ရဲ့ အချစ်ဘုံနန်း
မနာလိုသူ ဘယ်သူတွေဘဲ ဖျက်ဖျက်
ဖြိုရန်ခက်ခဲတဲ့ အချစ်တံတိုင်း
ကျမ တို့ ရာဇ၀င်သမိုင်းမှာ
အချစ်ရယ်..ကျမရယ်။
ဘယ်အချစ်ပုံပြင်မှ လိုက်မမီ..
အချစ်သို့ လွမ်းတေး ပန်းချီ..
ဘယ်သူဖျက်စေ မဖျက်မဲ့သစ္စာရည်။

အဝေးက အနီးဆုံးလူ

လပြည့်လေးတစ်ည
အနက်ရောင်ကတ္တီပါစအပေါ်က
ပုလဲဖြူကလေးတစ်လုံးရဲ့ အရောင်
ကျမနဲ့ မောင်..
စကားပြောနေရင်း..
မောင် ရုတ်ချည်း အိပ်ပျော်သွားတယ်။

အသက်ရှူတဲ့အသံ.
ဟောက်သံသဲ့သဲ့ နရီမှန်..
ကျမ ရီရမလား..
ကျမ ငိုရမလား.
လှုပ်ဘဲပြန်နိုးရမလား..
နေပါစေလေ
မောင်သိပ်ပင်ပန်းနေတယ်.
အိပ်ပါစေတော့..
ပြန်နိုးတဲ့အထိ စောင့်တာပေါ့။

ချစ်သူရဲ့ အိမ်မက်တွေထဲ..
ကိုယ်ဘဲ စိုးမိုး
ညအရိပ်မှာ..လအရိပ်ကိုခိုးမဲ့သူ။
ချွေးသိပ်ကာ..မောပန်းစိတ်ပြေစေတဲ့သူ။

ကျမရှိရင်.သူပျော်တယ်တဲ့။
ကျမရဲ့ အသံကြား..သူရင်ခုန်တယ်တဲ့..
ကျမလည်း ဒီလိုဘဲ မောင်..
အချစ်တူ..အလွမ်းတူ..
နေရတဲ့ ကမ်းမတူတဲ့ လူ။
ဒီကလည်း..လွမ်းသိမ့်ရင်ဆူ။

ပင်လယ်တွေခြား..အတွေးထဲတိတ်တိတ်
တောင်ကမ်းပါးယံခြားလည်း..တွေ့ ထိရစိတ်
မောင့်ရင်ခွင်ထဲအိပ်တဲ့ လပြည့်ည.
အမှောင်ကင်းမဲ့ လ၀န်းသာ.
ကြည်သာရွန်းလဲ့..အိမ်မက်ပြာ
ကွာစေဝေး လည်း အတွေးထဲ.
နီးနီးလေးဘဲ
တစက္ကန့် မှ မခွဲတဲ့ သူ..
ဒါ ကျမနဲ့ သူ

ရာသီမဲ့ မှာ ပွင့်တဲ့ပန်း..ချစ်သူနမ်းဖို့ 

ပိတ်ဆောင်းနှင်းမြူ
အေးစက်ကလူ..
တယောက်ထဲ နေဆဲ.
အဖေါ်ကွဲတဲ့သူ..
အားငယ်တာ..မကြည့်ရက်ပြီလား
နှင်းစက်မှုန်မွှား..ကျီစယ်ရက်သား

မြက်ဖျားပေါ်က နှင်းရည်စက်လို
မြေပြင်ကို မကျစေသား
ချစ်သူ ကို ပွေ့ ထားချင်တယ်။

အေးစက်တဲ့ဆောင်းည.
ချစ်သူရေ..တရေးနိုးထနေမှာလား.
ဆံနွယ်နုတွေကို အသာအယာထိတွေ့ 
အို အေ့ အေ့..

ပြန်အိပ်တော့မောင်။
ခလေးငယ်လေးလို..ရင်ခွင်ခေါင်းတိုး..
ဟင်း..
မောင် တော်တော် မဆိုးနဲ့ 

အတွေးတိုင်းမှာ..စိုးမိုးသူ..
အပြုံးများရဲ့ ဖန်တီးသူ
တိုးချည်နှောင်ငင် သံယောဇဉ်
ကြာကြာရစ်. ပိုပို စူးနင့်
အတူတူ ဘဝတစ်ခုဖြစ်ချင်တယ်။

နွေ ပူပူ..ဖုန် ထူထူ
မိုးမစဲ.. သည်းဘဲသည်းစေ
ဆောင်းနှင်းကြွင်း..အေးစက်ညှင်းစေ.
ချစ်သူရဲ့ တွဲလက်.
အနမ်းတခု ပါးပေါ်သက်
ဘဝရှေ့ ဆက်မယ်..
ခေါ်လှည့်ပါတော့ ချစ်ဦးသူ.

မျှော်လင့်ခြင်း မိုးတိမ်

ကာရံ မကျ၊ သံစဉ်မရ။
ကဗျာ မဆန်။ တေးသံမဟုတ်
ရင်မှာရှိတာ..ရိုးရှင်းစွာ ဖွင့်ထုတ်။


အကြိမ်များစွာ ပဲ့တင်ထပ်။
ရင်မှာ..စာသားထပ်လည်း..
ထပ်ဘဲပြောမယ်။
သိပ် ချစ်တယ်။

တနယ်ဝေးဝေး။
တွေ့ ရေးခက်ခက်
အတွေးထဲကြုံ။ အိမ်မက် ရုံမျှ.
လွမ်းဆွတ် ကဗျာ။
မြတ်နိုးရင်မှာ။
ရွက်နုဖြာ..

အတူမနေနိုင်သေးဘဝ။.
ကြမ္မာကံ မလှလည်း..
တစ်နေ့ တစ်ရက်
တစ်နာရီ တစ်စက္ကန့် .
ရေတွက်ရင်းဖြင့် ..
အချစ်အတွက် မျှော်လင့်တယ်။
လင်းလက်မဲ့ အနာဂတ်ငယ်..
ချစ်သူအတွက်
အသက်ဆွဲဆန့် ထားတယ်။

ကိုယ်ဘဝ
မင်းအတွက်ဘဲ တကယ်။

Thursday, April 14, 2016

မျော်လင့်ခြင်းပွင့်ဝေသီ မနက်ဖြန်၏ နေခြည်

ယုံကြည်နော်…မောင်ချစ်တာ..
ဒီရင်ထဲမှာ….မတယောက်ဘဲ…ယုံ။

ကြည်ဖြူနော်…ကြင်နာမှုဝေ
ဒီလောကအလည်..မနဲ့မှ တင့်တယ်။

နေခြည်တွေ..သာစေလည်းလေ..
မ မရှိတဲ့အခါ..အမှောင်ထဲ အထီးကျန်.

ပန်းလေပြေ..သင်းပျံ့ ပျံ့ ရနံ့ တွေ..
ကိုယ်သင်းနံ့ ကို ဘယ်လိုမှ လိုက်မမီ

ရောင်စုံကြွယ်..ပန်းရှုခင်းလှပန်းချီ
မ မရှိရင်..အဖြူ နဲ့ အမည်းရောင်..

သိပ်ချစ်တယ်…
စကားလုံးတောင် ဖွေရှာလို့ မပြည်စုံ ..
တွေးမိရုံ
ရင်တွင်း လှိုက် သိမ့်သိမ့်ခုန်
ဒိတ် ဒိတ် မြည်သံ
နှလုံးသားရဲ့ လိုအင်..
ရှက်ပြုံးလေး မပီတပီ
ကြည်လင်ဆုံး… နွဲ့ ပန်းချီ
မောင့်အချစ်…ယုံကြည်။
အချစ်ညတို့ ..သက်ဆုံးတိုင်..ဝေရီ။

သူ့  အတွက်ဆို

တခါတခါ.
ဘ၀ရဲ့ ကျော်ကြားမှု.
ဘ၀ရဲ့ ကြွယ်ဝမှု.
ဥစ္စာ ဂုဏ်သိန်.စည်းစိမ်
ချိန်ခွင်တွေနဲ့ ချိန်တဲ့ ဘဝ
ဘာမလုပ်ရ..ညာမလုပ်ရ
လူတွေ ရေးတဲ့ စည်းကမ်း ကလနား..
မေ့ထားပစ်ချင်တယ်။

ချစ်သူ့ ရင်ခွင်မှာ မှီ.
ချုပ်ညစ..မှောင်တရီ
မိုးမြင့်ကြယ်ပွင့် တွေ ရေတွက်.
ပန်းလေမြူးတွေထဲ ကပင့်သက်
အချစ်နဲ့ အသက်ဆက်။

နွေးထွေးတဲ့ မီးပုံ
ကခုန်နေတဲ့ မီးညွန့်တွေကြား.
မင်းမျက်လုံး အကြည့်မှာရင်ခုန်
အရည်ပျော်ကျတဲ့ ဘ၀..
ခဏကလေးဘဲ ဖြစ်ပါရစေ။

အမေ့က
ချစ်သူထက် အရင် မွေးတဲ့တဲ့နှစ်။
ဒါ အပြစ်လား..
ကြာရင် ဟောင်းမဲ့ အလှ.
ဇရာ ကသာ.အမြဲစဉ်ထာဝရ..
တိုတောင်းတဲ့ ဘ၀ရဲ့
မအိုဟောင်းတဲ့ ရက်ကလေးတွေက
ချိုမြိန် တဲ့ ချစ်ပျားရည်..
ဒါးသွားပေါ်ဘဲ တင်နေစမ်းပစေ
မြည်းကြည့်ပါရစေ။

ခလေးလေးလို နုပျိုနေတဲ့ချစ်သူ.
နှင်းကလေးလို ဖြူစင်နေတဲ့ချစ်သူ။
ပန်းကလေးလို အမြဲလန်းနေစေရေး
နှောင်ကြိုးတွေ မပေးချင်ဘူးချစ်သူ။

လာချင်လာ..ပြန်လိုပြန်.
တားရန် မရှိ။ ထိန်းချုပ်မှုနတ္ထိ။
အချစ်စစ်မှန်က မဲ့တဲ့ အတ္တ။
ချစ်သူပျော်ဖို့ သာ အရေးကြီးတယ်။

ချစ်သူရေ
ပျော်သလောက် နေကြည့်.
ပေးခဲ့ပါ ချစ်သလောက်သာ မင်းရင်ထဲအရှိ။

ကိုယ့် ဘ၀အတွက် နောက်ဆုံး ပျော်ရွှင်မှု။
မင်း တခုသာဘဲ ဖြစ်တယ်။

စု

မင်္ဂလာနံနက်ခင်းပါ မောင်

မနက်ခင်းဆို online ကို
ကိုယ် လာလာကြည့်.
ချစ်သူများ နိုးပြီလား.
နေသစ် အစ..
သူနေမှကောင်းရဲ့လား..

ချစ်သူအမည်နဲ့ အိမ်
မီးပုံးစိမ်းလေး လင်းလိုလင်းညား
ရင်ခုန်စွာ..ခဏခဏ.
စောင့်ရ မောလျှ
လွမ်းရတဲ့နေ့ တွေ။။

မနက်လည်းဆုံ..
ညလည်းဆုံလည်း..
မဝရေစာ အချစ်..
အဝေးကနေချစ်ရတာ။

တွေ့ ရမလား..မတွေ့ ရမလား..
အတွေးနဲ့ မော
အိမ်မက်ထဲ က ချစ်သူ..

ပွေ့ ခွင့်ရမလား..သူများဦးမလား.
အဆွေး လေမှာလွင့်သော
မရေရာ..မသဲကွဲတဲ့ နှင်းမြူ

ဘာဘဲဖြစ်ဖြစ်.
ရင်တွင်းဖြစ်တဲ့အချစ်..
အတွေ့ ထက်..အငွေ့ 
မသွေ့ ခြောက်ဘူး.
ရင်၌ အရူးအမူး။
မေ့ လိုကို မရဘူး.

တစ်နေ့ နေ့ ၊ တစ်ချိန်ချိန်
တစ်ကြိမ် တစ်ခါဘဲဖြစ်ဖြစ်။
တမိနစ် တစ်စက္ကန့် ဘဲ ချစ်ချစ်
ခဏတာ တွေ့ ခွင့်လေးတော့ရှိပါရစေ။

မိုးတွေရွာတဲ့ အခါ..


ညက မိုးရွာတယ်။
သဲသဲမဲမဲ..မစဲတမ်းဘဲ။

အချစ်မရှိတဲ့အခါ.
ဒီမှာလေ လွမ်းလိုက်တာ..
ကျမလေ..ချမ်းလိုက်တာ..

မိုးတွေထစ်ချုန်း..စိုးထိတ်ရင်မှာ.
လျှပ်ပန်းခက်ခက်..
ကြောက်လန့် သွေးပျက်..
မောင် ကို ဖက်ထားချင်တယ်။

ရွေ့ လျှား မိုးတိမ်တိုက်တွေထဲ
ကျေးဇူးပြုပြီး.
လေပြေရယ်
ကျမကို သယ်ဆောင်သွားနိုင်မလား.
ဌက်မွေးလေးလို..
လဲမှို့ စလေးလို..
ချစ်သူ ရှိတဲ့ ကမ်းမြေဆီကို.

ဇင်ရော်တွေ ဝဲ
သောင်ပြင်ကျယ် ရဲ့ အဝေး
မမြင်နိုင်တဲ့ ကမ်းခြေတနေရာ..
ချစ်သူရှိနေတာ..

ပန်းပွင့်လေးတွေ မြှေုာ..
ပင်လယ်ရေကြော မှာ..
ပုလင်းကလေးထဲက ကျမရဲ့စာ.
ချစ်သူရယ်..ကောက်ယူဖတ်ရှုပါ။

ဖားကလေးတွေ အော်မြည်ခဲ့
ညဌက်သံတွေ စီညံရဲ့
အေးစက်နေတဲ့ နှုတ်ခမ်းများ.
တုန်ယင် ကြေကွဲ နှလုံးသား
လွမ်းခွင့်တွေ သာများ
တွေ့ ခွင့်က ရှားပါး၊

အတူတူ မနေနိုင်သေးတဲ့ မိုးည။
ကမ်းခြေကလေးပေါ်က ကျမ..
ချစ်သူကို သိပ်လွမ်းရတယ်မောင်။

ရင်ထဲက မြင်မရတဲ့ ကြိုးများ


သေးကွေးတဲ့ ပင့်ကူမျှင်ငယ်..
သားကောင်ဖမ်းဖို့ ခိုင်ခန့် သလို
ကျမတို့ ရဲ့ သံယောဇဉ်ကြိုး..
ဘဝတစ်ခု အစပျိုးဖို့ 
အစွမ်း ထက်တယ်။

ပိုးကြိုးလေး တစ်ကြိုး..
စောင်းသံသာ သံစဉ်ချိုစေသလို
ကျမတို့ ရဲ့မေတ္တာကြိုး..
နူးညံ့တဲ့ ပန်းခင်းလမ်းများသို့
အကြင်နာ။
 


နွယ်နှာမောင်းလေး တစ်နွယ်
မှီခိုရာ နေရောင်ရှာ တွယ်တက်သလို
ကျမတို့ ရဲ့သစ္စာကြိုး..
အမှောင်မဲ့ အလင်း
ချင်းနင်း ထွင်းဖောက်စေဖို့ 
အလွန် သန်မာ။

အုန်းဆံမျှင်ကြိုး တစ်ကြိုး..
လေးလံတဲ့ အရာတွေ သယ်ဆွဲသလို
ကျမတို့ ရဲ့..ဂရုဏာကြိုး..
အားမာန်သို့ ဘဝစိတ်တန်ခိုး။

စတီးကြိုးချောင်းများ.
မြစ်ကုးတံတားအဖြစ်ထောက်ပို့ သလို
ကျမနဲ့မောင်ရင်ထဲ..
နွယ်ယှက်တဲ့ ကြိုးကလေးတွေ..
ခိုင်မာစေ သွေမပျက်.
အတူ တာဝရ.. နှစ်ဘ၀အတွက်။


စုစု

အကြွင်းမဲ့တဲ့ အချစ်

အမှောင်ရီဝိုးတ၀ါး…
လမ်းပြမဲ့ မီးအိမ်
အန္တရာယ် တွေ မကြောက်နဲ့ …
အမြဲတမ်း မင်းရဲ့ အနား..မှာ..
အကြွင်းမဲ့  ယုံကြည်

ငိုနေတဲ့ နှလုံးသား…
မင်း သောကများတဲ့ အချိန်
ခေါ်ပါနော် မကြောက်နဲ့ …
အမြဲတမ်း မင်းရဲ့ အပါး..မှာ
ဘ၀တသက် ယုံကြည်။.

ဒဏ္ဍာရီ ပုံပြင်လား..
အတွေးများတော့ မမှားစေချင်.
ယုံချင်ယုံ..မယုံရင်လည်း …
အမြဲတမ်း မင်း အနားမှာ.
အရိပ်ကလေးအဖြစ် ကိုယ်ရှိနေ။..

နွေးထွေးမဲ့ ကမ်းလက်တွေ..
အမောပြေ ကျောက်စက်ရေ..
မင်းလိုတဲ့ အချိန်..တချက်ငဲ့ကြည့်ပါ။

နောက်တော်ပါးမှာ စေလိုရာ..စေမဲ့သူ
ဘယ်အရာမဆို..စွန့် လွတ်ပြီး ချစ်မယ်။
ဘ၀နဲ့ ရင်းသူ။…အသဲနင့် ထိအောင်..

ကိုယ်ဟာ…မင်းဘ၀ အတွက် အလုံးစုံ…
ကိုယ်ဟာ…မင်း အဖြည်ခံ အသက်တို့ ပုံ

ထာဝရ..အဆုံးမဲ့..မြတ်နိုးခဲ့ ယုံ..
ကိုယ်ဟာ…မင်းအတွက်ဆို အလုံးစုံ…

ခိုင်မာ..ဖြတ်မရအောင်..နှောင် ကြိုးတစုံ
ကိုယ်ဟာ…မင်း အဖြည့်တော် အလုံးစုံ…

ရင်တွင်းအမျှ.. ချစ်တယ်…
ရင်တွင်းအမျှ.. လွမ်းတယ်…
ရင်တွင်းအမျှ.. လှိုက်ခုံ
ရင်တွင်းအမျှ.. ကိုယ့် သစ္စာပုံ……

အနမ်းသူခိုး...

မနက်ခင်း အိပ်ရာထ..
ကြည့်..မောင် လူလည်ကျပြန်ပြီ။
ပြူတင်းဝမှာ နေခြည်တွေ ထိုး
အပြင်မှာ ဌက်ကလေးတွေ နိုး
သူ ကတော့ ခုထိ အိပ်နေတာ သိုး။

သူ့ အနားမှာ တိုးတိုးလေး..
နုနုပါးပေါ်အနမ်းလေး..
ဟေး ထတော့လေ မောင်.
အိပ်ချင်ယောင် မောင်မဆိုးနဲ့ 

မျက်တောင်ကော့တွေ ပိတ်.
မှိတ်နေဆဲ မျက်လုံး
ကိုယ် နမ်းတဲ့အချိန်
အသက်ရှူမှားတဲ့သူ့ ရှိုက်သက်
ဟင်း ရင်ထဲသိလိုက်တယ်။
သူအိပ်ချင်ယောင်ဘဲ ဆောင်မှဆောင်။

တဖက်ပါးကလေ..တဖက်ပါး
လက်ဝဲ နံတောင်း ကနေ။
လက်ျာ နံတောင်းရွေ့ ထား
ညစ်ကျယ်ကျယ်.သူဘဲတတ်.
ကျမ အနမ်းတွေ ခိုးတတ်တဲ့သူ

တကဲ့ အချော့ကြိုက် ခလေးလေး
မောင်လေ တော်တော် ဆိုးတာ။
ဟင်.. ဒီတခါ မရဘူး..
ခွေးပေါက်စ ကလေးကို
ကုတင် ပေါ်တက်
လျှာနဲ့ သူမျက်နှာကို ရက်မှ..
ဗြုံးကနဲ သူထ..
ရှက်ဒေါသ ဖြစ်လေချင်း..
ကျမ ပြုံးမိတဲ့ မနက်ခင်းတွေ..

ဒို့ တတွေ ဝေးနေသော်လည်း.

ပင်လယ်တွေရဲ့ အဆုံး
လှိုင်းဖြူတွေ ဖွေးတဲ့ရေ
မင်းနဲ့  ဘယ်လောက်ဘဲ ဝေးပစေ.
မျက်ခွံတွေ ကိုချ
မြင်လွှာထဲမှာမင်းရှိနေတယ်…

မိုင်ပေါင်း ထောင်ချီဝေး..
နှင်းမြူတွေ အေးတဲ့မြေ..
မင်းနဲ့  ဘယ်လောက်ဘဲ ဝေးပစေ.
မြောက်ပြန်လေ အသွေးမှာ
မင်းအနမ်းတွေ ရှိနေတယ်…

မနက်နဲ့  ညခြား
ကမ္ဘာ့ အရှေ့ နဲ့ အနောက်ဖျား
နေ့ စွဲမျဉ်းက စည်းတား.
နေ့ မတူ အချိန်မတူလည်း
စိတ်ထဲမှာ မင်း
အတွေးထဲမှာ မင်း..
နှလုံးသားထဲမှာ မင်း
ကြင်နာ ချစ်ခြင်းများစွာ..
နေရာတိုင်းမှာ မင်းမျက်နှာ။

လမဲ့ည၏ လွမ်းချင်း

ကြယ်စုံ..မလင်းမှောင်ရီ..
ပျောက်ခဲ့တဲ့ ..လပုဏ္ဍမီ..

ညင်သာ နွဲ့ သရီ..
ပန်းသင်းတဲ့…ညလေပြေဆီ..

အေးစက် တုန်ရီ..
နှုတ်ခမ်းလေး အေး..မနွေးပြီ..

ဘယ်ဆီ များဝယ်…
တမ်းတမိ ချစ်တဲ့ရင်ခွင်..
တနယ်စီခြားနေ…
တကမ္ဘာဝေးနေ..
ညည တိုင်းမှာ..အမှတ်တရ..လွမ်းတယ်။။

ကြယ်မစုံ..ညအသင်္ချေ..
ရင်ခွင်မဲ့ ဘ၀တွေ..ကုန်ဆုံးပါရစေ။
ဆုတောင်းလည်းလေ…
ရင်မှာမောတယ်..ချစ်သူရယ်..
ပြန်ဆုံမဲ့..နေ့ တွေ…ကိုယ်လက်ချိုးရေ…

ယုံကြည်…မျှော်လင့် တယ်။
ညည…အိမ်မက်ချို..တွေ့ ချင်တယ် မင်းကို..

ထာဝစဉ် ကိုယ်ချစ်တယ်။
ညည…တယောက်ထဲဆို...တွေ့ ချင်တယ် မင်းကို..

ဆန္ဒ

ကြည့်ပါရစေ။
မိုးစဲစ..ပွင့်တဲ့ပန်းလို.
မင်းအပြုံးလေး ချိုချို.. မြင်ချင်တွေ့  တကယ်။

စွဲလန်းမိ နေ..
ဆည်းလည်းရဲ့ လှုပ်ခတ်တီးသံ
မင်းရီသံ ချိုချို….ကြားချင်စိတ် ..ရင်ဝယ်...

သိပါရစေ။
မင်းရင်တွင်းဖြစ်သံ..ပင့်သက်ငယ်
တီးတိုးလေးပြောမယ်..ချစ်တယ်..ငယ်…

အမြတ်နိုးဆုံး ဘ၀မှာ..
အတူတူမခွဲ နေမယ်။။
အတွေးထဲက အိမ်…မင်း ပိုင်စိုးဧကရီ..

ဆံခြည်တစ်မျှင်..ဝေးတောင်..
အိပ်မရဆုံးသူ..သောကနဲ့ ကိုယ်လေ။။
အိမ်မက်များမှာ…စိုးမိုးထား..
သက်ထား ချစ်သူ။

ယော်ဝါ ရွက်ကြွေ…
ဝေးခဲ့ရ..ကိုယ်ဘ၀ တေလေ..
တူတူ.နေနိုင်ခွင့်ဟာ..
မင်းရဲ့အဖြေ..စီရင်ချက်တခုပါ..
ပြုံးပြလို့  ပြောပါ။

ဝင့်ရှက်သွေး မျက်နှာ..
ချစ်တယ်တဲ့ အဖြေ..
ကိုယ့်အတွက်တော့ အမောပြေ။

ရှက်နီသွေး မစင့်တစင်..
နဖူးလေးပေါ်တွင်..
ပျော်ရွှင်နမ်းမယ်..ကိုယ် ချစ်တယ် ငယ်။

အနန္တမေတ္တာ၊၊ တိုင်းဆ မဲ့ ဤအရာ

အဆုံးမဲ့ အချစ်တွေ
အနှိုင်းမဲ့ မေတ္တာ
အကြွင်းမဲ့. သစ္စာ.
ရင်တွင်းဖြစ် ကဗျာ။

အအိပ်မဲ့ ည အသင်္ချေ.
နှိပ်စက်တဲ့ ဆောင်းလေ..
နွေးထွေးမဲ့ အနမ်းတွေ..
မျှော်လင့်ချက် ကဗျာ။

မြတ်နိုးဆုံး ချစ်သူ
တမ်းတတ လွမ်းပူ
ခံစားမဲ့ ၀ိညာဉ်
လွင့်ခဲ့ ဝေဟင် လေတံခွန်ရဲ့အသွင်။

လွမ်းချင်းရဲ့ အလင်္ကာ..
အချစ်ရနံ့ နဲ့ ဝေဖြာ
နာကျင်မဲ့ .ဒဏ်ရာ…ကိုယ်သာ ဘဲယူမယ်။

အဆုံးမဲ့ အပျော်ရွင်
တိုင်းဆ မဲ့ အပြုံးတွေ..
အကြွင်းမဲ့. ယူစေ…
ကိုယ် ပေးပါရစေ။

ဆေးရောင်စုံတဲ့ .မနက်ဖြန်များ

တကယ်ချစ်သလား.
ခဏခဏ မေးမိတာ..
နှုတ်ခမ်းစူမှာလား ချစ်သူ..
ဒါ မယုံလို့ မဟုတ်ဘူး..
ချစ်တယ်ဆိုတာ…ခဏခဏ ကြားချင်လို့ မောင်.

တူတူ နေမလား..
ခဏခဏ မေးမိတာ..
ဗွေယူ..စိတ်ကောက်မလား ချစ်သူ..
ဒါ မယုံ လို့ မဟုတ်ဘူး..
နေမယ် ဆိုတာ…ခဏခဏ ကြားချင်လို့ မောင်.

စိတ်၏ တန်ခိုး..ကြည်ဖြူ
နှစ်ကိုယ်ချစ်ရသူရေ။
တစက္ကန့် မျှ တောင်..မတွေ့ ရ ရင်..မနေသာ
သ၀န်တိုတယ်ဘဲ ထင်ချင်လည်းထင်။

တိမ်ခိုးမဲ့ မိုးပြင်
ကြည်လင်ခဲ့ပြီ။
မုန်တိုင်းကင်းနေခြည်..ရွန်းလဲ့ ဌက်တေးသီ
နေ့ သစ်တို့ တွေ..ဒါ ဒို့  မနက်ဖြန်။

စု

ရှင်းရှင်းဘဲပြောမယ်..မင်းနားလည်မလား

ယုံကြည်မယ်ဆို..ပြောပြပါရစေ။
အပိုမပါ..ရိုးသားစကားတွေ..
စကားလုံးဖွေရှာ..
ကိုယ် ခေါင်းတောင်မူးနေတယ်။
ဘယ်လောက်ထိချစ်တာ..
စကားလုံးတောင် လိုက်မမီ..
ပြောကြည့်လိုက်မယ်..
သိပ်ချစ်တယ်။

ကာရန်ဖွေရှာ။ ရင် လှိုက်ခုန်မောတယ်။
ဘယ်လို အစရှာ..ပြောဖို့ ရာ။
ကဗျာသမားတောင် ခက်နေပြီ..
ဘာစကားမှ..ဖေါ်ပြရန်မမီ..
ပုံခိုင်းစရာ့ အချစ်တွေ။။
ပြောကြည့်လိုက်မယ်..
သိပ်ချစ်တယ်။

ရိုးရိုးကလေး သာ..
စာသုံးလုံးရဲ့ အလင်္ကာ..
လူတိုင်းက သိတယ်။
မင်း နားမလည်ဘူး မငြင်းနိုင်..
ပြောကြည့်လိုက်မယ်..
သိပ်ချစ်တယ်။

တဖန်ပြန် မွေးဖွားခဲ့ တဲ့ ဝိညာဉ်

ကိုယ်တယောက်ထဲ နေလာတာ…ကြာခဲ့ပြီ..
ခဲမှန်ဖူးတဲ့ ဒဏ်ရာ..
ခုထိတောင် နာကြင်ဆဲလေ..
ကြောက်ရွံ့ တံခါးအသေ..
ပိတ်လှောင်ကာ...ကိုယ်တယောက်ထဲနေ..
အမှောင်ထဲမှာ..လမ်းပျောက်ဖူးသူ..

ကံကောင်းတယ် ဆိုမလား..
ကံမကောင်းတယ်.ဆိုမလား.
ကိုယ် မင်းနဲ့ အမှတ်တမဲ့  လမ်းကြုံ ဆုံတွေ့ မိတယ်.
ချစ်မိတယ်..ထင်တယ်။
အဖြေရှာကြည့်ပါ။

မင်းနဲ့ ဆုံခဲ့တဲ့ အခါ..
ပျော်ရွှင်ခြင်း ပန်းပွင့်တွေ..
စုတ်ပြဲတဲ့ ကိုယ်ဘ၀ဟာ..
ပြန်အသစ်သို့ ..ဖြစ်ခါနီးတာ..
ဘာကြောင့်များလည်း..
ကြောက်ရွံ့ ရွံ့  နှလုံးသားအိမ်..မီးအိမ်လင်းခဲ့ပြီ..
မင်းရောက်လာ..ရောင်အလင်းတန်းထိန်။

မင်းနဲ့ ကြုံခဲ့တဲ့ အခါ..
ငြိမ်းချမ်းသော သီချင်းရဲ့သံစဉ်.
နာကြင်တဲ့ နှလုံးသားဟာ..
ဘ၀အသစ်သို့ ..မွေးဖွားခဲ့တာ..
ဘာကြောင့်များလည်း..
မရဲဝံ့ဝံ့ အိမ်မက်အိမ် ဖန်ဆင်းခဲ့ပြီ..
မင်းရောက်လာ..ပျော်ရွှင်ညကဗျာ။


စုစု

အချစ်ကဗျာ (သို့ ) ရည်းစားစာ

အချစ်ဖတ်ရန်..
ပေးတဲ့ အချစ်ရဲ့ စာ..
ဒါကို ခေါ်တယ် လား.. ရည်းစားစာ

ထိတ် ရင်ခုန်..
မပေးဝံ့ဝံ့ အရဲစွန့် စွာ.
ဒါကို ခေါ်တယ် လား.. ရည်းစားစာ

အချိန်မရှိတောင်..
ခဏလေးတော့ ဖတ်ကြည့်ပေးနော်.
ယုံရင် ပြောပါ ခေါင်းလေး ညိတ်လိုက်ရုံ။
မယုံရင် ခေါင်းခါ..ကိုယ့် အသဲတော့ကွဲဖို့ သေချာ။

ဒါ ရည်းစားစာ….ခဏလေးတော့ဖတ်ကြည့်ပါ။
ဒါ ရည်းစားစာ….ကိုယ့်အတွက် မျှော်လင့်ချက် ကဗျာ။

ကာရံ မည်ီညာနဲ့ .. အမှတ်တရစာ။.
ဘယ်လို ချစ်တာ..ပြောဖို့ .သိပ်တော့ မလွယ်
ဒိတ်ဒိတ်ခုန်နေ..ရင် ကိုယ်..ပင်ပန်းပြီ။

သံစဉ်ဟာ လှုပ်ရှားတဲ့ ..အနိုမ့် အမြင့် ဒီရေ
ဘယ်လို ခံစားတာ..ပြောဖို့သိပ်တော့ မလွယ်
ကြားသိချင်အဖြေ . ကိုယ် မျှော်လင့်ပြီ။

အိမ်မက်ထဲက ပန်းလှေငယ်..

ရာသီ…ကြည်လင်တဲ့နွေ..
ပြာကြည်..စိမ်းလဲ့လဲ့ကန်ရေ…
ညှင်းလေပြေ ထုံသင်းရနံ့ ဝေ။
ပန်းအပြည့် ဆောင်ယူ..ပန်းအိမ်မက်လှေ..

နေခြည်…ဇာပုဝါစလို..
ရွှေရည်…၀င်းလဲ့လဲ့ ပါးပြင်..
ဆံနွယ်သွယ် ကဗျာဆန်တဲ့မေ.
ရင်ခွင်ထဲမှာနေ…ဘ၀ အိမ်မက်လှေ..

ချိုသာ…ဆည်းလည်းလှုပ်ရယ်သံ
ဝေဖြာ..မူနွဲ့ နွဲ့ အပြုံးရှင်
ရင်မှာ..ထာဝရ ချစ်သူ..
အချစ်အပြည့်သယ်ယူ…အချစ်အိမ်မက်လှေ..

လှော်..မယ်..မိုးသား အောက်ခြေ
လှော်..မယ်..မြူခိုး လွင့်ရေပြင်ဝယ်။
အချစ်နဲ့ မွေ့ လျှော် ...ပန်းလှေမွေ့ ယာပေါ်မှာ..
ဘ၀တည်ဆောက်ယူ။။

မေတ္တာ..နေခြည်ထဲမှာ..
အချစ်ဟာ...ချိုမြိန်ဆုံးအရာ။
ခုနှစ်ရောင်ဖြာ..သက်တန့် ရဲ့အောက်ခြေ…
အချစ် အပြည့်သယ်ဆောင်..ပန်းအိပ်မက်လှေ။

ပန်းမွေ့ တော သို့  ဖိတ်ခေါ်ခြင်း

ပဲ့ကြေဖူးတဲ့ နှလုံးသား…
ကွက်လပ်များက…ကိုယ်စီ..
နွမ်းနယ်စွာ..ဘ၀လမ်း..
စမ်းရေက..ခမ်းနေတဲ့အချိန်..
လစ်ဟာဘူးတဲ့..အပိုင်းအစ..
အကောင်းပြန်ဖြစ်ချင်ကြတဲ့ ကျမနဲ့ သူ..
မျှော်လင့်တမ်းတ..ဘဝအသစ်ကို.
ပြန်စချင်တယ်။

အချစ်ဆိုတဲ့ ချိုမြိန်ရသ..
ပျားရည်ဆမ်းတဲ့ ဘဝ..
တမိနစ်ဘဲ ရရ..
တစက္ကန့် ဘဲ ရရ..

အဆိပ်ပြင်းစွာ..ပူလောင်လည်းလောင်
အလင်းတန်းကွယ် မှောင်ချင်လည်းမှောင်.
ကြိုးများလို နှောင်ချင်လည်းနှောင်..
အချစ်ဆိုတဲ့…ထောင်..
ကြင်နာသူရယ်…ကျမကို ဆောင်ယူပါ လှည့်..
ပန်းနုရောင် ချစ်အိမ်မက်..
အချစ်ရေ..လာ..အတူတူ မက်ကြပါစို့ ရဲ့။

ချိုသော အိမ်မက်မက်ပါစေ။

အချိန်တွေ ကကွာ..
ကိုယ်အိပ်ရာဝင်ချိန်..
သူ က အိပ်ရာထ..
ဘယ်လိုများ စကားပြောရပါ့..
ကမ္ဘာ တခြမ်းစီက ချစ်တဲ့သူ

သူအေးနေချိန်..
ကိုယ်က..နွေအလည်..ပူအိုက်ဆဲ..
ဘယ်လို များခံစားပေးရပါ့မလည်း..

ရာသီခြား..အချိန်ခြား..
နေ့ နဲ့ ည..အပိုင်းအခြားမှာ..
ဝေးနေတာ..လွမ်းလျှမောစွာ..
ချစ်သူရယ်..တနေ့ နေ့ ..
မင်းရင်ခွင်ထဲမှာ..
ဘ၀တွေ..အရည်ပျော် မေ့ချင်တယ်..

အသံဘဲကြားရတဲ့ သံလိုက်လှိုင်း.
စာသားဘဲတွေ့ ရတဲ့..လျှပ်စစ်စာတိုက်..
ရင်ထဲ မှာ..
တုန်ယင်ရိုင်းခဲ့..
ချိုသောအိမ်မက်..
ဝေးနေတုန်းဘဲ ခဏခဏ မက်ဖြစ်တယ်။

ပဲ့နေတဲ့ လနဲ့ 
မှောင်အလင်းမရ..
တယောက်ထည်း ည..
ဘဝက..မင်းမရှိရင်..
ပလာ သက်သက်..
လွမ်းမှ လွမ်းတယ်..ရင်မောတယ်။

မယုံရင်တော့ ပုံပြင်ဘဲမှတ်ပေါ့။

ဘယ်လောက်ချစ်သလဲ..
သံသယနဲ့  မင်းမေးတဲ့အခါ..
စကားလုံး ရွေးမမီ..ပြောပြဖို့ ခက်တယ်
မယုံရင်..ရင်ခုန်သံ တိုးတိုး နားထောင်.
ဒါဟာလေ..
မင်းအတွက်တော့ အဖြေ။

ဘယ်ထိချစ်မလဲ..
စိုးရွံ့ ရွံ့ နဲ့  မင်းမေးတဲ့အချိန်.
ပြောဖို့  ကဗျာမပီ..ရှင်းပြရခက်တယ်
မယုံရင်..မျက်ဝန်းထဲ စိုက်ကြည့် ရှာဖွေ
ဒါဟာလေ.
မင်းအတွက်တော့ အဖြေ။

ရေလို..ဖြတ်မရတဲ့ သံယောဇဉ်နွယ်
မြေပြင်လို .တည်မြဲမဲ့ အချစ်တခုတွင်..

ယုံကြည်ပါ..ပြောပြဖို့ မလိုဘူးနော်
လက်တွေ့  မှာ..ထာဝရ နဲ့သစ္စာ.

ယုံကြည်ပါ..ပါးစပ်ဖျားနဲ့မဆိုဘူးနော်
စွဲမြဲစွာ ..သက်သေပြ မေတ္တာ.

ယုံချင်ယုံ..မယုံတတ်ရင်..ပုံပြင်ပေါ့ကွယ်။
ယုံချင်ယုံ..မယုံလည်းလေ..တနေ့ တော့ သိမယ်။
ယုံချင်ယုံ..မယုံလည်းလေ..ခွင့်လွှတ်ချစ်တယ်။

နက်ရှိုင်းခိုင်မာ..သက်ဆုံးထိတိုင်။

ဝေးနေတဲ့ခဏ..

ဖြစ်နိုင်ရင်..ကိုယ်
ရေတစက်ဘဲ ဖြစ်လိုက်ချင်..
စီးဆင်းပင်လယ်..အချစ်ဆီအရောက် သွားမယ်..

ဖြစ်နိုင်ရင်..ကိုယ်
ဇင်ရော်ကလေးဘဲ ဖြစ်လိုက်ချင်..
ပျံသန်းပင်လယ်..အချစ်ဆီအရောက် သွားမယ်..

ဖြစ်နိုင်ရင်..ကိုယ်
တိမ်တိုက်ဘဲ ဖြစ်လိုက်ချင်..
လွင့်ပါးဝေဟင်..အချစ်ဆီအရောက် သွားမယ်..

**( လွမ်းတယ်..မောင်..
သမုဒ္ဒရာရဲ့အစွန်း တနယ်..
ဆည်းဆာနေခြည်မှာ မင်းကို လွမ်းတယ်။။

ချစ်တယ်..မောင်..
ကွာဝေးကြတဲ့ မိုင်ပေါင်းကဋ္ဋေ..
အိမ်မက်ထဲတောင် သတိတရ လွမ်းမပြေ )

ဖြစ်နိုင်ရင်..ကိုယ်
ငါးကလေးဘဲ ဖြစ်လိုက်ချင်..
ကူးခတ်ပင်လယ်..အချစ်ဆီအရောက် သွားမယ်..

ဖြစ်နိုင်ရင်..ကိုယ်
လေညှင်းလေးဘဲ ဖြစ်လိုက်ချင်..
တိုက်ခတ်ပင်လယ်..အချစ်ဆီအရောက် သွားမယ်..

ဖြစ်နိုင်ရင်..ကိုယ်
သက်တန့် ဘဲ ဖြစ်လိုက်ချင်..
မိုးရွာတဲ့အခါ..အချစ်ဆီအရောက် သွားမယ်..

စုစု

မင်းအနားမှာ ကိုယ်ဟာအရိပ်

မင်း..မောပန်းလို့  အိပ်နေချိန်..
အနားမှာ စောင့်နေ..ကိုယ်တယောက်လေ..
အေးချမ်းမြေ့စွာ အိပ်စက်နေစေ။
စောင့်ရှောက်ပါရစေ။

မင်း..မောပန်းလို့ အိမ်ပြန်ချိန်..
အပြုံးနဲ့ ကြိုနေ..ကိုယ်တယောက်လေ..
အမောပြေ ..ကျောက်စက် ရေ
တိုက်ပါရစေ။

မင်း..စိတ်ညစ်လို့  ဆူပူနေချိန်..
စိတ်လက်ရှည်ရှည်..ကိုယ်တယောက်လေ..
ညင်ညင်သာ နှစ်သိမ့်ပါရစေ။
နမ်းချော့ပါရစေ။

နှလုံးသားချင်းဖလှယ်..ဒို့ တတွေ နားလည်
ခွင့်လွှတ်မှ သာ..ဒီ အချစ်က စင်ကြယ်..
မင်းအတွက် အပြုံးကို..မွေးဖွားစေချင်သူ..
အပျော်မျက်လုံးရှင်…မင်းဘဲ အနိုင်ယူ
ဘဝ ရဲ့ အဆုံးတိုင် ပါရမီဖြည့်မယ်
တွဲလက်ဆုတ်ကာ..အားပေးနေသူ
ယုံကြည်နိုင်မလား အချစ်ရယ်။


စုစု

လှမ်းခေါ်ပါ။ မောင် လိုအပ်တဲ့ အချိန်

စောင်ပုံတွေကြားထဲမှာ..သူကွေး..
အပြစ်မဲ့တဲ့ခလေးလေးလို အိပ်စက်
တုတ်ကွေး အဖျားတက်နေတယ်။

ဆောင်းရာသီကူး..တုတ်ကွေးရာသီမှာ
အအေးပတ်..နွေးအောင်မနေ.
ကိုယ်ကျန်းမာရေး..ကိုယ်ဂရုမစိုက်
ဒါတွေ ကျမပြောလည်း သူမကြိုက်

နှစ်ခြိုက်စွာ အိပ်မောကျ.
စင်းကျနေတဲ့ သူ့ မျက်လုံးတွေ.
သူ့ ကုတင်ဘေးမှာအသာရပ်.
ကိုယ် ကဗျာလို ဖတ်နေတယ်။

အသက်ရှူသံ တိုးတိုး.
ညှိုးနေတဲ့ မျက်နှာ.
ဆေး သောက်ကာ အိပ်မောကျ.
အနားယူနေရတဲ့ အချိန်။

သူ့ နဖူးလေးကို အသာနမ်း.
အဖျားဒီကရီ..မှန်းစမ်း..
ပူခြစ်နေတဲ့ သူ့ အသား..
မျက်ရည်များတောင်လည်မိတယ်။

အချစ်ရယ် နားလည်မလား..
ချစ်ကြတဲ့အခါ နှစ်ကိုယ်တူဘဝ.
သူ သက်သာမယ်ဆို..အဖျားကို တောင်မျှ.
ကိုယ် ဖဲ့ ယူပါရစေ။

မောင်..
နေမကောင်းရင်အနားယူ.အလုပ်ကခွင့်ယူ.
ဆေးခန်း သွား၊ ဆေးသောက်မပျင်းနဲ့ 
အစားပူပူစား။ အရည်များများသောက်
ကျမပြုစုရမှာ မကြောက်ပါဘူး.
မောင် ဖျားနေတဲ့အချိန်။
နာမကျန်းတဲ့ အခိုက်။
လူတိုင်းဟာ အပြုအစုကြိုက်တယ်။

နဖူးလေး စမ်း..ပါးလေးနမ်း။
ဆွတ်ပြုတ်လေးတိုက်။ ပြုစုလိုက်.
အနားမှာနေ..ပုံပြောပြပါရစေ။
ခလေးလို..ရင်ခွင်ထဲမှာ ထား..
ကျောကလေး ပွတ်ပေးရမလား..
ခလေးလို..ရေပတ်တိုက်..
သန့် စင်ပေးတာ ကြိုက်သလား..

တကယ်ဘဲ သန့် စင်တဲ့မေတ္တာ..
တွေ့ မှာပါ…မောင် နာမကျန်းတဲ့အခိုက်။
တကယ်ဘဲ လိုအင်ရှင်းတဲ့ မေတ္တာ..
တွေ့ မှာပါ…မောင် နိုမ့်ပါးတဲ့ အခိုက်။

ဘယ်နေရာ..ဘယ်အချိန်ဖြစ်ဖြစ်..
လိုအပ်ပါရင်..လှမ်းခေါ်ရစ်..
ကျမရဲ့ ဖြူစင်တဲ့ လိုအင်မဲ့ အချစ်..
ဒါ...မောင့်တယောက်ထည်း အတွက် ဖြစ်တယ်။
ထာဝရ ရည်ရွယ်။


စုစု

Tuesday, April 12, 2016

အထီးကျန်နေတဲ့ အခိုက်အတန့် 

ချစ်သူနဲ့  ကွေကွင်းတဲ့ ဆင်းရဲ
ငရဲထက် ဆိုးတယ်။

ညည ထထယောင်နိုးထ..
စမ်းမိတဲ့ ည.
အအိပ်မဲ့ မျက်ဝန်း
အေးစက်တဲ့ အိပ်ယာ
ကိုယ်လေ တဦးထည်း..
နက်နေတဲ့ သန်းခေါင်လည် မှ…
ည..ဘ၀ က မှောင်လွန်းတယ်..

ရက်စက်လွန်းတဲ့ ကံကြမ္မာ..
ခြားထားတာ.
ဒို့  နှစ်ယောက် တယောက်တကမ္ဘာ။

အိမ်မက် ထဲ ဝိုးတဝါး
ချစ်သူရဲ့ မျက်နှာ.
လေပြေအဝှေ့ မှာကြား.
သူ့ ခေါ်သံများလား..
နွေးထွေးတဲ့ မနက်ခင်းရောင်ခြည်
သူ့ အနမ်းအလား နဖူးထက်ဆီ..

ကိုယ်ရူးနေပြီလား.
ဘာတွေဘဲ လုပ်နေလုပ်နေ.
ချစ်သူဆီဘဲ စိတ်ကတစ္ဆေ.
ဘယ်သွားသွား ဘယ်လာလာ
ချစ်သူကဘဲ အပါး အရိပ်လိုနေ

တနေ့ နေ့ မှာ
နူးညံ့တဲ့ အချစ်သီချင်း
ချစ်သူရင်ခွင်တွင်းမှာ.
အကြွင်းမဲ့ ချစ်ခြင်း
အအိပ်မဲ့ ည
စကားမဲ့ တိတ်ဆိတ်ခြင်း
ပြူတင်းပေါက်မဲ့ မျက်ဝန်း
သံစဉ်မဲ့ နှုတ်ခမ်း..
အဆုံးမဲ့ အနမ်း
နူးညံ့တဲ့ လက်ဖျားကဗျာ..
နှိုင်းဆမဲ့ အာရုံ နဲ့ ဝိညာဉ်
ဧဒင်ဥယျာဉ် ၏..ပန်းသီး.
တူတူ မြည်းကြည့်ကြမယ်။

ဝေးနေခိုက် ကလေး..
ပင်ဒိုရာရဲ့ သေတ္တာလေး သာပိုက်..
မျှော်လင့်ခြင်းလေးနဲ့သာ ခဏလေးနေလိုက်ပါ..

တိမ်ပြာနေ့  တစ်ရက်ရက်
အနာဂတ်တွေဟာ..လင်းလက်ဖြူ..
အချစ်ကို..ရွက်တိုင်ထူ
တိမ်ယံအောက်မှာ.. ဒို့ တူတူ..

စုစု

အရိုးဆုံး ဒီပုံပြင်.

ကျမဟာ..ပုံပြင်ထဲက ရွှေမင်းသမီးလေးမဟုတ်ဘူး
လက်ရှိလောကထဲက ရွက်ကြမ်းရေကြိုမိန်းမ
အချစ်ရယ်..ကြည်ဖြူမယ်လား..

သူဟာ..ပုံပြင်ထဲက ဟာကြူလီ မဟုတ်ဘူး
သာမန် လောကထဲက ယောက်ျား..
ကျမတော့ စိတ်ဝင်စားတယ်။..

ကျမဘ၀ က တခြမ်းပဲ့နေတဲ့လှေ
သူ့ ဘ၀က တက်ပျောက်နေတဲ့ လှေ
တူတူတွဲ ဘ၀ကို ပြန်ရင်ဆိုင်ရဲပါသလား.
အချစ်ရယ်..သတ္တိရှိတယ်လား..

မှောင်နေတဲ့ လှိုင်ဂူ ရဲ့ အဆုံး
အလင်းတန်းနဲ့ ထွက်ပေါက်ရှိတယ်.
ချိုသော သစ်သီးတော လည်းရှိတယ်.
အေးမြသော စမ်းရေ လည်းရှိတယ်.
လွတ်လပ်တဲ့ ဌက်ကလေးတွေလည်း ရှိတယ်။
အချစ်ရယ်..လိုက်ရဲသလား..

သူက ကျမကို ချစ်တယ်။
ကျမက သူကို ချစ်တယ်။
အသက်တွေ မလို
ပညာလည်း မလို.
သူ ရှာကြွေးမဲ့ အစာ
ကျမ ချက်ပြုတ်ထားမဲ့အစာ
ထားတဲ့ အကြင်နာ နဲ့စေတနာ
မိသားစု တစုရဲ့ မေတ္တာ..
ရွှေငွေမလို..ဂုဏ်သိက္ခာ မလို
ကျော်ကြားမှူ မလိုဘူး။
ပျော်ရွှင်မှူ တစ်ခုတော့ ရလိမ့်မယ်
ထာဝရ အာမခံ နိုင်တယ်။

တပ်ပြောချင်တယ်..
သူက ကျမကို ချစ်တယ်။
ကျမက သူ့ ကို ချစ်တယ်။
သိနေတယ် အလိုလို စိတ်ထဲမှာ
အဆင်ပြေမှာပါ။
တနေ့ နေ့  ဒို့ ၂ယောက်..
မိုးကုပ်စက်ဝိုင်းအောက်..
ဘ၀တခု တည်ဆောက်ကြမယ်။

စုစု

အိပ်စက်မှု သူခိုး.....အိမ်မက်ဆိုးများ ၏ အလွန်..

ယမ်းယောင် နိုးထ
အိပ်မက်ဆိုးညတွေ
ဇောချွေးပြန်ဆဲ..
တယောက်ထည်း တကိုယ်ရည်
အိပ်ရေးပျက်ညများ.. သံသရာရှည်။

အမှောင်တွေ ရစ်ဝိုင်း
အကြည့်ရိုင်းတွေ.
တစ်စိမ်းတရံစာ တွေကြား..
အချစ်ရယ်..အားငယ်နေမလား.။

နုပျို ဘ၀တွေ ပျောက်ဆုံး..
ကြင်သူတွေနဲ့ အဝေးဆုံးမှာ.
ခါးသီးတဲ့ စိတ်ဒဏ်ရာ..
ဖြေဖျက်မရ သေရာပါ။

မကြောက် နဲ့ မောင်။။
အမှောင်ထဲမှာ..လမ်းဆက်ဖြတ်သန်းဖို့ 
ဒီမှာ.......ကျမ တူတူရှိတယ်..
လဲပြိုမဲ့ ခြေလှမ်း..လက်ကမ်းပေးဖို့ 
ဒီမှာ.......ကျမ လက်တလှမ်းမှာ စောင့်နေတယ်..
နာကြင်ဒဏ်ရာ..တူတူခံစားဖို့ 
ဒီမှာ.......ကျမ မညူမစူ ရှိတယ်။

မောင့်ဘ၀ ကောင်းစားတဲ့အချိန်.
ကျမ မရှိလို့  မောင် ဘာမှ မဖြစ်ပါဘူး..
ဘဝမီးမှိန် အားငယ်တဲ့ အချိန်..
ဒီမှာ.......ကျမ..ရှိမှ ဖြစ်မယ်။
ကျမ မောင့်ကို ချစ်တယ်။

နိုမ့်ကျ..အလင်းမဲ့ဘ၀ ဆိုတာ..
တဒင်္ဂပါ... တခဏ တာ။
အမှောင်..တွေ တသက်လုံးမမှောင်နိုင်ပါဘူး..
ခါးသီးမှူတွေ တသက်လုံး မချည်နှောင်နိုင်ပါဘူး ..
ကံဆိုးမှု တွေ တသက်လုံးအရောင်မဆိုးနိုင်ပါဘူး..
အချစ်ရယ်။
ကျမအတွက် အသက် ဆက် ရှင်ပေးပါ။

ဘ၀ဆိုတာ..ရေလေးတပွက်..
စိမ်းရာက ယော်ကျမဲ့ သစ်ရွက် တရွက်.
ရှိနေ နိုင်သမျှ အချိန်လေးတွေက သာ
ကျမ တို့ အတွက်.
ရှေ့ ဆက်ကြမဲ့ မနက်ဖြန်။
အိမ်မက်ဆိုးများ မှ နိုးထရန်။
စုစု

တဖန်မွေးဖွားခဲ့တဲ့ အိမ်မက်.မျှော်လင့်ခြင်းနဲ့ အသက်ဆက်

မျက်လုံးပွင့်နိုးထလာချိန်..
အပြင်ဘက်မှာနေခြည်နွေးတွေရှိတယ်။
သာယာလှပတဲ့လောကကြီးရှိတယ်။
ဘာကြောင့်လည်း ဆိုတော့
သူက ကိုယ့်ကိုချစ်တယ်။

အချိန်တိုင်းမှာ.
ပျော်ရွှင်ဖွယ်ရာရှိတယ်။
ချိုမြတဲ့သံစဉ်တွေလည်းရှိတယ်။
ဘာကြောင့်လည်း ဆိုတော့
ကိုယ်က သူ့ ကိုချစ်တယ်။

မျှော်လင့်ချက်နဲ့အသက်ရှင်နေတယ်။
နိုးကြားတဲ့ခွန်အားတွေလည်းသူ့ အတွက်ရှိတယ်။
ဘာကြောင့်လည်း ဆိုတော့
သူနဲ့  ကိုယ်နဲ့ တူတူနေချင်တယ်။

အချစ်ရဲ့ သိုင်းခြုံတဲ့အခါ.
တမင်းရည်ပူတောင်..နတ်သုဒ္ဓါတဲ့..
တဖန်ဘ၀ကို ပြန်တည်ဆောက်မဲ့ အချစ်..
ရင်နင့်အောင်ချစ်တာ.ကိုယ်နဲ့ သူ..

ပန်းတွေလည်းအရောင်စုံ..
လေပြေလည်း..ရနံ့ တွေထုံပေါ့.
အချစ်နဲ့ အသက်ဆက်.
မက်ကြမဲ့ ကြည်ပြာရောင်အိမ်မက်။
လွမ်းရက်ကလေးတွေဘဲ အရင်ကုန်ပါရစေ။
စုစု

အဆက်မပြတ် လွမ်းနေ..

သတိရနေတယ်.
အိပ်ယာကခဏခဏလန့် နိုး.
သူများ လွမ်းနေမလား..
သူများ ချမ်းနေမလား..
ဒီကတော့ လွမ်းနေတယ်မောင်..

တွေ့ ရဖို့  အများကြီးစောင့်ရမဲ့ ရက်..
အချိန်တွေတွေးရင်း သွေးပျက်.
အားမလျှော့ပါနဲ့ ချစ်သူ..
သစ္စာ ကို ယူပါ။

ဘယ်လောက်ဝေးဝေး.
အတွေးထဲမှာ..မောင်ရှိတယ်.
ကြားလေဘဲသွေးသွေး.
နှလုံးသားထဲမှာ..မောင်ရှိတယ်။

တမင်းစားလည်း..တမျိုးလို..
အိပ်ယာဝင်လည်း..တမျိုးလို...
ခပ်ရှက်ရှက်နဲ့..။
ဒါ...ဆေးလိပ်တိုလို့ လွှဲမချလို

မောင့်ကိုသာ မရှက်တမ်းလွမ်း..
မောင့်ကိုသာ စဉ်ထာဝရ လွမ်း..
နေလောင်ပန်းလိုနွမ်းနယ်..
ချစ်သူရယ်...ဘယ်တော့များမှ တွေ့ ရပါ့မယ်။
စုစု

သယ်ဆောင်ယူပါ အလွမ်းတွေ..

ပြောပေးနိုင်မလား....လေညှင်းလေးရေ..
အနောက်ဖက်ရဲ့ တနေရာ..ဒီမှာ ကိုယ်ရှိတယ်..

ပြောပေးနိုင်မလား....မိုးစက်ကလေးတွေ
သောင်ကမ်းစ ပင်လယ်ပြာ....ဒီမှာ ကိုယ်ရှိတယ်..

အရမ်းဘဲ လွမ်းနေတယ်လေ။ မင်းမရှိတဲ့ ခဏမှာ.
ဒီ ရင်မှာ..လစ်ဟာ..
ပြောပေးကြနော်..
ကိုယ်ဘယ်လောက်ထိ လွမ်းတယ်။။
ကိုယ်ဘယ်လောက်ထိ ချစ်တယ်။။

မြစ်တစ်စင်းရဲ့ ဝေဒနာ..
စီးဆင်းရင်း လှုပ်ရှားရုန်းကန်..
ချစ်သူရယ်..နေတယ်..တမြို့  တကမ္ဘာ။

ကြားမိပါသလား....ကိုယ်ရဲ့ ခေါ်သံ
လေပြေရဲ့ တနေရာ..ဒီမှာ ကိုယ်ရှိတယ်..

နမ်းမိလိုက်သလား...မင်းရဲ့ပါးအပေါ်
နေခြည်ရဲ့ ရောင်ဖြာ...ဒီမှာ ကိုယ်ရှိတယ်..

ပြောပေးနိုင်မလား....လေညှင်းလေးရေ..
အနောက်ဖက်ရဲ့ တနေရာ..ဒီမှာ ကိုယ်ရှိတယ်..

ပြောပေးနိုင်မလား....မိုးစက်ကလေးတွေ
သောင်ကမ်းစ ပင်လယ်ပြာ....ဒီမှာ ကိုယ်ရှိတယ်..

တယောက်ထဲ အထီးကျန်။ ဝေးကြတဲ့ ခဏတာ.
ဒီ ရင်မှာ..ရူးပြီ.
ပြောပေးကြနော်..
ကိုယ်ဘယ်လောက်ထိ နမ်းချင်။။
ကိုယ်ဘယ်လောက်ထိ ချစ်တယ်။။

စုစု

ကောင်းသောညပါ..

အိပ်ယာကနိုးရင်..
အချစ်ဖတ်ဖို့ ကဗျာ..ကိုယ်ရေးထားခဲ့တယ်..

ကောင်းသောညပါ..နှစ်ခြိုက်စွာ..
မင်း အိပ်စက်အနားယူနော်..

မင်းအိပ်တဲ့အချိန်..
မင်းနဖူးပေါ်..ညင်သာစွာ..အနမ်း ချန်ထားခဲ့မယ်..

မနက်ဖက် ရောက်ရင်..
အာရုဏ်ဦး အရှေ့ ဆီ.
မနက်ဖြန်တိုင်းဟာ..သစ်လွင်တဲ့နေ့ တွေ..

ဝမ်းနည်းတဲ့မျက်ရည်...ညင်သာစွာ သုတ်ပေးမယ်။
အဆုံးမဲ့ လမ်းပေါ်..မင်းနဲ့ ကိုယ် အဖေါ်.

အိမ်မက်ဆိုးတွေ...မေ့ထားခဲ့ အတိတ်ဆီ..
ဘ၀သစ်တခုတည်....မင်းနဲ့.ဘ၀..
တစ် ကပြန်စမည်..။

စုစု

ဝဋ္ဋ်..

မျက်စေ့တဆုံး မြင်နေရတဲ့
မိုးကုပ်စက်ဝိုင်းကြီး..
ပင်လယ်ကြီးနဲ့ ထိတွေ့ တဲ့နေရာမှာ.
ကိုယ်ချစ်သူ ရှိနေပါတယ်။

နှင်းဆီငုံ ကလေးတွေ တွေ့ လေတိုင်း
ပန်သူမဲ့လို့  သူမျက်ရည်ဝိုင်းတယ်..
ကျမ ကိုလွမ်းတယ်တဲ့

ညနေ မိုးဖွဲကလေးတွေ ကျတိုင်း.
ခုနှစ်ရောင်သက်တန့် ခုံးအောက်..
သူ့ ချစ်သူ ရှိနေပါတယ်။

သူနှစ်သက်တဲ့ အစာချက်မိတိုင်း
ကျမ မျက်ရည်ဝိုင်းတယ်..
မောင့် ကိုစားစေချင်ရဲ့။
ညဖက် ဝရန်တာမှာ..
ဖြာနေတဲ့ လအရောင်
မိုးတိမ်တောက် နေတဲ့ည..
မျက်နှာချင်း လမင်းမှာဘဲ ဆုံရမလား..
စကားသံချင်း..ဖုံးထဲမှာဘဲ ဆုံရမလား..
စာသား သီရင်း..chat ထဲမှာဘဲ ဆုံရမလား..

ဒီလိုနဲ့ ဘဲ တစ်ရက်တစ်ရက်..
ရွက်လွင့် နေဆဲ မျှော်လင့်ခြင်းလှေ.
ခံစားချက် ဒီရေလှိုင်းထဲမှာ လူးလွန့် ခါနေ

နောက်ထပ် လွမ်းရမဲ့ ရက်ပေါင်း တစ်ထောင်..
နီးဖို့ စောင့်ရမဲ့ အခိုက်အတန့် များကပူလောင်..
အိမ်မက်ထဲ နိုးထယောင်ခဲ့..
အိပ်ယာထဲမှာ တစ်ယောက်ထဲ
ကျမ တော့ သွေးပျက်နေတယ်။
စုစု

ဘွာတေး..

အချစ်ကို
အိပ်မက်ထဲမှာ..
တွေ့ လိုက်တဲ့ အခါ..
တကယ် ပြန်ထဖို့ မေ့သွားတယ်..

အချစ်ကို
အိပ်မက်ထဲမှာ..
နမ်းလိုက်တဲ့ အခါ..
မောပြီး အိပ်ပျော်သွားတယ်။

အိမ်မက်တွေထဲ
ရွက်လွင့်နေတဲ့ကျမကို
အပြင်ဘဝ
ဖုန်းပွတ်
ထိုင်စောင့်နေမဲ့ သူ က နှုတ်ခမ်းစူ
ဒီညကျ  ကျမအနမ်းတွေယူနော်။

တညလုံး မအိပ်တမ်း
ကျမ ထိုင်စောင့်နေမယ်..
မောင့်ကိုချစ်တယ်

ဘွာတေးနော်..ဘွာတေး..
ကျမ ပန်းတွေနဲ့ အနမ်းတွေပေးမယ်..
ဒီည ဆက်ဆက်လာ.
စိတ် မကောက်နဲ့ ကွာ။

စုစု

ဝေဟင်ပျံတဲ့..နွေအလွမ်း

ပင်ယံထက်က ချိုးကလေး..
အသံပေး အဖော်ကွဲလွမ်းနေဆဲ။။

ညညဆို နွေပုရစ်များ..
အော်သံပေး မှောင်ထဲရှိုက်နေဆဲ။

သစ်ရွက်ကြွေ အနီရောင်များ
လေဟုန်စီး လွင့်ကြွေမြဲ။။

စက္ကန့် လေးတွေရယ်..
မြန်မြန် ကုန်ပါစေတော့
ဝင်ထွက်နေကျ နေမင်းကြီးရယ်.
အချိန်တွေစောင့်ရင်း ရင်တွေလည်းပူပြင်း
ချစ်သူနဲ့ တွေ့ ဖို့ ရက်ကလေးများ
အမြန် လာကြပါစေတော့။

အငိုလွယ် အရှိုက်ခက်။
လွမ်းရရက် တွေ..
ခါးလှပါ၏။
နေမချည့်..ထိုင်မရ.
နှစ်ယောက်သားငိုင်.
တိမ်စိုင်တွေ ဆီငေး..
တွေးလေလေ ဆွေးလေလေ
ဆွေးလေလေ တွေ့ ချင်လေလေ
တၾကိမ္ဘဲ ရွိရွိ..
ဆုံခွင့်လေး ရပါရစေ။
စုစု

ရယ်စရာမကောင်းသေးတဲ့ ရယ်စရာပုံပြင်များ

ပို့ လိုက်တယ်..
ဝေဟင်ကနေ..
ဖမ်းဆုတ်ကိုင်ယူ..
ချိုမြတဲ့အနမ်းတွေ။။

ပို့ လိုက်တယ်..
အိမ်မက်ကနေ..
ခံစားပြီးရင်ခုန်
ချစ်ခြင်း၏ အနူပညာ။

ပို့ လိုက်တယ်..
လျှပ်စစ်လှိုင်းကနေ.
သိစေချင်တယ်.
ကိုယ်ဘယ်လောက်ထိ လွမ်းတာ။

မျက်လုံးမှိတ်ယူ..
ခံစားလို့ ယူ..
မင်းအတွက် မဆုံးတမ်းပြောချင်..
အိပ်ယာဝင် ပုံပြင်။

အတူနေကြရရင်..
ကိုယ်တို့ ရဲ့ အလွမ်းတွေ..
အရည်ပျော်ပြီးလွင့်စင်.။
ဖြစ်လာလိမ့်မယ်...ရယ်စရာ ပုံပြင်..
စုစု

အလွမ်းတရ..မှတ်တမ်းများ.

နံနက်ခင်း နေခြည်စ..
ကန့် လန်ု့ ကာပေါ်ကျတဲ့ အချိန်..
ကြင်နာ အနမ်းလေး..သူ့ ပါးပေါ်
ခြွေချချင်တယ်။

မြောက်ပြန် နှင်းလေအေးတွေ တိုက်တဲ့အချိန်
ချစ်သူရယ်..နေပါ
ကိုယ့်ရင်ခွင်ထဲ ငြိမ်ငြိမ်။

ဆည်းဆာ တိမ်တောက်ချိန်..
အိပ်တန်းပြန် ဌက်တွေကိုကြည့်ရင်း..
သောင်ပြင်ပေါ်မှာ..
လမ်းလျှောက်ချင်တယ် .တူတူ။

ပျော်ရွှင်ကြည်နူးစွာ..
သူ့ ရဲ့ ရယ်မောသံ
ချစ်တယ် ပြောတဲ့
ပုခုံးအစပ်က နားဝကိုရိုက်ခတ်
တိုးတိတ်သံလေးရယ်.
မသိမသာ သက်ပြင်းရှိုက်..
ဝေးနေခိုက်က လွမ်းမောသံ
ရင်ခုန်သံတွေ ဒုံးစိုင်း..
အကြည့်ရိုင်းတစ်ခုရယ်..
မှောင်မိုက်ထဲက..
အိပ်ယာဝင်ပုံပြင်လေးများရယ်။
ကိုယ်ငိုချိန် ကြင်နာစွာ
ကျမျက်ရည်စ သုတ်ပေးမဲ့ လက်ချောင်းလေးများရယ်..
မတွေ့ ဘဲ ပျောက်နေချိန်
စိုးရိမ်တကြီးနဲ့ မေးသံလေးရယ်.
အားလုံးကို ရင်ထဲထား
သတိတရ..လွမ်းနေတယ်။

ဘာဘဲဖြစ်ဖြစ်..
အချစ်ရယ်..
ရင်ထဲ စွဲနစ်..
အချိန်တိုင်းမှာ..သတိရ..
တိုက်ဆိုင်မှူတွေ့ တဲ့အခါ.အလွမ်းတရ..
အချစ်ဆိုတာ..တမ်းတမ်းတတ
ရင်ထဲက အမှတ်တရတွေ
ဒါ သူ့ အတွက်..
ကိုယ်ရဲ့ ထာဝရ…မေ့မရတဲ့ ချစ်ဒိုင်ယာယီ။
စုစု

အမှတ်တမဲ့မှ အမှတ်ထင်ထင်သို့ ။

သူ ဘယ်သူမှ မဟုတ်ဘူး..
ကျမ လည်း ဘယ်သူမှ မဟုတ်ဘူး..
အမှတ်မထင်ပေမဲ့.
အမှတ်တရ အချစ်တွေနဲ့ သူ..

ပင်လယ်ခြား..နှစ်နိုင်ငံရောက်..ချစ်သူ..

မတူညီတာ..မွေးရပ်မြို့ ဌာန။
တူညီတာက..မြန်မာစကားပြောကြ။

မတူညီတာ..မွေးတဲ့ခုနှစ်
တူညီတာက..နှလုံးသားနဲ့ နီးစပ်ချစ်။

မတူညီတာတွေ..ညှိရင်း
တူညီတာတွေ ပေါင်းစည်းရင်း.
ဘဝရင်းပြီး ချစ်ကြရင်း.
ပင်လယ်တွေ ခြားတဲ့ခဏ.
အတောမသတ်..
လွမ်းနေကြတာ။

ကြမ္မာဆိုးတွေ နဲ့၂ယောက်သား..
ဒီတခါ ကံကောင်း ကြမလား..

အမှတ်မထင်နဲ့ အမှတ်ထင်ထင်.
အခက်အခဲတွေ ကျော်ဖြတ်
တနေ့ မှာ..တနေရာသော ဆုံရပ်..
အတူတူရရင် ကျေနပ်ပြီ။
စုစု

Honey! I am Home.

အလုပ်တွေများ ပင်ပန်းပြီး..
အိမ်ပြန်လာမဲ့ မောင့်ကို..
မအိပ်ဘဲ စောင့်နေတယ်။
ဒီနေ့ 
မောင် နောက်ကျမယ်တဲ့။

အမောပြေ..ရေအေးအေး..
အမောပြေ..အနမ်းကလေး.
လှလှပပ..မွှေးမွှေးကလေး
ထမင်း စားပွဲပြင်ပြီး ကျမကကြို

လွန်ခဲ့တဲ့ နှစ် ၃၀ က
အိမ်လှေခါးရင်း..
အမေက..အဖေ့ကိုကြို..
“ မောနေလားမောင် “တဲ့.
ကျမ ခုထိ သတိရတယ်..။

မောင့်အမောတွေ အဆုံးသတ်အောင်..
အချိုဆုံး အပြုံး
အကြင်နာမျက်လုံးတွေနဲ့ 
ရင်ခုန်စွာ..ကျမမျှော်နေဆဲ
ရင်ခုန်စွာ.ကျမစောင့်နေဆဲ..

ကြားချင်တယ်..
“Honey .. I am home.”
ဆိုတဲ့ အချိုဆုံး မောင့်အသံ။

စုစု

ပြိုင်ဖက်

မပျင်းအောင် သူနဲ့ကျမ..
တခါတခါ ပြိုင်ပွဲတွေစ..
ကျီစယ်ကြတယ်။

မြွေနဲ့  လှေကား.
ဘုရင်ကို ချောင်ပိတ်ဖမ်းမဲ့ စစ်တုရင်ရုပ်များ
ကျားကွက်လေး တကွက်.
အံဇာတုံး ကလေး..ကြွေတစ်လက်
စာလုံးတွေစီမဲ့. Scrabble game
သုံးဖက်မြင် ရုပ်ကြွ ဗီဒီယို ဂိန်း
အငိုက်ထိုး..အရှိုက်ပင့်
ယောက်ျား.မိန်းမဘဲဖြစ်ဖြစ်..
သမီးဘဲ အဖေဘဲဖြစ်ဖြစ်..
ဥာဏ်ချင်းတူ..လျှင်သူ နိုင်စတမ်း
မညစ်ကြေး မညင်းကြေး..
မှန်ကန်စွာ..ပြိုင်..
ဘယ်သူဘဲနိုင်နိုင်။
မိသားစုပျော်ရွှင်ဖို့ က..မဏ္ဍိုင်။

ကျီစယ်..ရီသံများနဲ့
စိတ်မဆိုးတမ်း
ရှုံးသူက နမ်းကြေး..
နိုင်သူ ကို ပန်းပေး..
စိတ်လှုပ်ရှားစေ မဲ့ အချစ်..
ပြိုင်ဖက်ကောင်းမှသာ လက်ရည်တူဖြစ်
အဖေါ်ကောင်းမှသာ မရိုးတမ်းရင်နင့်..
ဘ၀လမ်းကို..အတူသွားဖို့  ချစ်ကြတဲ့အခါ..
မိသားစု တစ်ဘဝ .တည်ဆောက်ကြတဲ့နေရာ။

ရှုံးသူ နိုင်သူ..
ဗွေမယူပါဘူး.
တခါတခါ..တမင် အလျှော့ပေး..
တခါတခါ..တမင် အကျောပေး..
သူက ပြေးနေတဲ့ ယုန်ကလေး..
ဘယ်နှစ်ခါ ရှိပြီလည်း..
ဘယ်နှစ်ခါ ရှုံးသလည်း..
ဘုတ်အုပ်ကြီးထဲမှတ်..
သူ က..တကဲ့သမာသမတ်..
ကျမကသာ..ခပ်ညစ်ကျယ်ကျယ်..
အရှုံးမပေးလို..စည်းခိုးညစ်..
သူမေ့နေရင်..နိုင်ပွဲတွေ ရော်ပစ်..
သူ.စိတ်ရှည်တာ သိလို့ ..
သူ.သည်းခံတာ သိလို့ ..
ဆိုးမှ ဆိုး....သူ.ချစ်တာသိလို့ ..

မနေ့ ညက ပြိုင်တဲ့..
အအိပ်ပြိုင်ပွဲ..
နိုင်သူမရှိ..ကျမဗိုလ်စွဲ..
တရှုးရှူး တရှဲရှဲ..
စကားပြောနေဆဲ..
တိုက်ပွဲကျ..အိပ်ပျော်သွားတာ..
ပြန်တွေးမိတောင် ရှက်စရာ..

ဒီနေ့ ညမှ..ပြန်ချော့..
မောင် ဒီည.. အနိုင်ယူတော့
စုစု

စွန့် ရဲ..

လိုက်ရဲတယ်လား..
နှစ်ယောက်သားဆို..
သွားစို့ လေ။
ကြယ်တာရာ.နဂါးငွေ့ တန်း.
ထက်မိုးအာကာ ဆီ။

လိုက်ရဲတယ်လား..
နှစ်ယောက်သားဆို..
သွားစို့ လေ။
စိမ်းမြညို အုပ်ဆိုင်း
တောင်တံတိုင်းဘက်ဆီ။

လိုက်ရဲတယ်လား..
နှစ်ယောက်သားဆို..
သွားစို့ လေ။
လူမရှိ ကျွန်းကလေး.
ဘယ်လောက်ဘဲဝေးပစေ။

လိုက်ရဲတယ်ဆို..
မင်းနဲ့ ကိုယ်..
စိမ်ခေါ်ပြီးတောင်
မီးပြင်းပင်လယ်..ဆူးကန္တာနယ်
ဖြတ်ကျော်ရဲတယ်။

မင်းရှိတဲ့ခဏ.
တစိမ့်စိမ့်ရင် ကြည်နူး..
မင်းအပြုံးလေးတွေ ခူးတဲ့အခိုက်..
ပြည်စုံခဲ့ပြီ ဘဝရဲ့ အမိုက်.
ကြယ်စင်ဝင်းလက် လမင်းသာ။
စုစု

ရင်လှိုင်းခတ်သံ..

နူးညံ့စွာခံစား..
ပန်းကတ္တီပါ..ပွင့်ချပ်တို့ အပေါ်
ချိုမြ ဝတ်ရည်ချိုစို့ ..
မနက်ခင်းလေပြေသို့ ..
နားဝမှာ..တိုးခိုက်ခိုက်..
ပြောလိုက်တယ်..
သူ ဘယ်လောက်ချစ်တယ်။

ဘဝရဲ့ ချိုမြိန်ခြင်း.
ကောက်ရိုးမျှင်အသက်
ဖက်ရွက်ထက်က ပျားရည်ချို..
သောက်စို့ လိုတဲ့.ဆန္ဒ..
လူတိုင်းမှာရှိကြ။

ပုရွက်ဆိတ် အကောင်တသိန်း.
ရင်ထဲမှာ..ရွစိရွစိ
လျှပ်စီးငယ် အကြိမ်တစ်သောင်း.
ရင်ထဲမှာ..ဆောင်းနှင်းမုန်တိုင်းမိ
မြတ်နိုးခံ ရသပီတိ..
ဒီကလည်း အရမ်းချစ်နေမိ။

လာလေ..မရဲတရဲ
လွတ်လပ်တဲ့ ကောင်းကင်ထက်..
အချစ်ဌက်တွေလို ပျံကြရအောင်..
ရင်တွင်းမှာ..အလွမ်းမြစ်..
တူတူ..ရွက်လွှင့်ရအောင်..။
ချစ်တာ..ပြောမပြတတ်..မောင်။
စုစု

လမင်းရှက်ရှက်.. ည

ကောင်းကင်အရောင် ပိန်းပိတ်မှောင်
ကတ္တီပါည.. အနက်ရောင်
ကြယ်မီးအိမ် မှိန်တစ်လင်း
ပြည့်ဝန်းပပ လမင်း
ချစ်သူ့ ရင်တွင်း..

ကြယ်တွေကို မော့ကြည့်..
ရေတွက်မိ.
အချစ်ရှိသည့် ကမ္ဘာ..
ပြည့်ဝကုံလုံ ဘဝလုံခြုံတယ်။

ဆံနွယ်တွေ ညလေရိုင်းနှော့နောက်
ပိုးချည်စသို့  လွင့်လွင့်လူး.
ကိုယ်သင်းရနံ့  တစ်ရှိုက်
စိတ်တွေ တိမ်တိုက်လိုဘဲ..
မြေပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်။

အမှောင်ထဲ..မလင်းတလင်း.
သူ့ မျက်ဝန်းရဲ့ အကြည့်.
ရင်မှာ ဆူးဝင်ညိသလို..
ဆားငန်ရေ.အဆက်မပြတ်
ရင်ပူ ဆာလောင် ရေငတ်..

ချုပ်တီးမဲ့ ဝိညာဉ်.
လွင့်ပါးတဲ့..စိတ်အစဉ်..
တိမ်မီးခိုးငွေ့ တောက်လျှောက်.
ချစ်သူနောက် တကောက်ကောက်။

သက်ပြင်းသံရှိုက်ရှိုက်.
လခြည်ဇာ တိမ်ထဲဝင် အရောင်မိုက်.
ပါးပြင်ပေါ်..ညင်သာ..သူနမ်း ခိုက်
အချစ်ရယ်..သူ့ ရင်တွင်း..
ကိုယ်အရည်ပျော်ဆင်းခဲ့ပြီ။

တဒိတ်ဒိတ်သံစဉ် နဲ့ ထွေးသိပ်တဲ့ခဏ
တသက်တာမေ့မရ..
တိမ်ပြာအောက်က လမင်းည။

သူ့ အလိုလို..ချစ်..

သူ ကပြောတယ်.
ကိုယ်ချစ်လာအောင် သူ ဘာမှမလုပ်ခဲ့ပါဘူး
ရိုးရိုးဘဲပြောမိတယ်... ချစ်တယ်.
ဘာကြောင့် ကိုယ် ချစ်မိပါသလဲ..သူ့ ကို။

ကိုယ် ကပြောတယ်.
သူကို ကိုယ် မဆွဲဆောင်ခဲ့ပါဘူး
ရိုးရိုးဘဲပြသခဲ့..ကြင်နာတဲ့ အကြောင်း
ဘာကြောင့် သူ ချစ်မိပါသလဲ..ကိုယ့်ကို။

ဘာကြောင့် ဒီလောက် ချိုနေပါသလဲ။
သူ စကားပြောရင်..
ဘာကြောင့် ဒီလောက် နူးညံ့ ပါသလဲ။
ကိုယ် စကားပြောရင်..
ဘာကြောင့် သူ ဒီလောက် ဂရုစိုက်ပါသလဲ။
ကိုယ့်ကိုတနေ့ မတွေ့ ရင်..
ဘာကြောင့် ဒီလောက် စိတ်ပူရပါသလဲ။
သူ နေမကောင်းရင်..

ကိုယ်တို့  အဝေးကြီးမှာ..
ပုံမှန်မတွေ့ နိုင်ကြပါဖူး.
နေအိုအို..ညိုတဲ့အချိန်..
ကောင်းကင်ပျံ ဌက်တွေ အိပ်တန်းတက်ချိန်
နှစ်ယောက်စလုံးလွမ်းနေတယ်။
ကိုယ်တို့  တနေရာစီနေ..
တွေ့ မဲ့ရက်တွေ ရေနေကြတယ်..
ဒို့ နှစ်ယောက်သား..သိပ်ချစ်တယ်။

ချိပ်ပိတ် အခန်းတံခါးများရဲ့ အဖွင့်

ချိပ်ပိတ်ထားခဲ့ တံခါးတစ်ချပ်..
ကြောက်ရွံ့  မုန်းတီးခဲ့တဲ့ အချစ်တစ်ရပ်..
သူ နဲ့ အတွေ့ မှာ နိဂုံးသတ်ခဲ့တယ်..

ညအမှောင်..လမရှိည..
တာရာကြယ်..ကြွေခ..
သန်းခေါင်ယံ အလွမ်းမျက်ရည်စ
တဖန် ပြန်နိုးထ..
အာရုဏ်ဦး.နေခြည်..
ကန့် လန်ကာ..အမ.
နေ့ သစ်သို့  ပြန်စပြီ
လန်းဆတ်တဲ့ ဘ၀တစ်ခုဆီ။
ထူးဆန်းသည်..ထင်မလား..

မချစ် မနှစ်သက်သူနဲ့ 
ညပေါင်း ကဋ္ဋေ.
ကိုယ်လေ..ခြောက်သွေ့ တဲ့ ပန်းတစ်ပွင့်
နေလောင် ညှိုးညစ်။

ချစ်ခင်သူနဲ့ မိနစ်ပေါင်းတစ်ထောင်..
ကိုယ်လေ..စီးဆင်းနေတဲ့ရှင်သန်မြစ်..
ဘဝဟာ အချစ်အတွက်..အသစ်ပြန်ဖြစ်။

လွတ်လပ်တဲ့  လေဆန်မဲ့ ဌက်

ချိတ်ပိတ်ထားတဲ့ တံခါးရွက်..
ပွင့်လေပြီလေ..သူ့ လက်ချက်..
ကဲ..ဝင်လာခဲ့မလား..မောင်..

စုစု

မပြောင်းလဲသော. ဤအရာ..

ပြောင်းလဲခြင်း သာ..
မပြောင်းလဲတဲ့ ပြောင်းလဲမှု..
အိုမင်းရွတ်တွ..ဇရာအချိန်ကျ
မောင့် အချစ်ရော..ပြောင်းလဲလေမလား
အရင်လိုဘဲ..ချစ်ပါ့မလား မောင်။.

သေတပန် တသက်..
ရိုးမြေကျ ပေါင်းဖက်..
ရှေးရိုးကျတယ်..ပြောပြော..
ကျမတော့ စွဲမြဲချစ်တတ်တဲ့သူ..
အပြောင်းအလဲ မုန်းတီးတဲ့သူ

မယုံကြည်လို့ မဟုတ်ဘူး..
မပြောင်းလဲမဲ့..မောင့် အချစ်.
ပြောင်းလဲခဲ့ လည်းအစဉ်ချစ်..
တဘဝတာ.ရင်တနင့်နင့်..
မျှော်လင့်ပြီးဘဲချစ်ပါရစေ။

ကိန္နရာတွေ လို ချောင်းခြားတဲ့မျက်ရည်..
အောက်ချင်းဌက်တို့  အဖေါ်ကွဲရုံနဲ့ သေ.
အချစ်စစ်၏ သက်သေ..
မပြောင်းလဲခြင်းသာ..
မပြောင်းလဲမဲ့ ပရမတ် တရား..
ကျမရဲ့ သစ္စာစကားမှာ..
မောင်ရယ်.. အကြွင်းမဲ့ ယုံကြည်ပါ။

လေခြူသံတွေ..ကြားမိလေတိုင်း

မာင်..
နွေလေပြေရူးငင်..ပြူတင်းပေါက်အပြင်က
လေခြူသံ ဆည်းလည်း..
တင်..တင်..မြည်..ရိုက်ခတ်နေဆဲ..
မောင်ရင်ခုန်သံဘဲ ထင်မိတယ်။
ပိုတယ်..ပြောမယ်လား..

မောင့်အိမ် တံစက်မြိတ်က..
လေထန် တိုက်ချိန်..
လေခြူဆည်းလည်းသံကြား..
မောင်လည်း ကျမကို လွမ်းနေမှာလား..

ညပုရစ်အော်သံ..ယော်ရွက်ခြောက်
လေပေါ်ဝဲ ကြွေနေဆဲနေ့ များ..
တနေ့ ပြီးတနေ့ ကွယ်ပျောက်..
မောင်..ရောက်မဲ့နေ့ တွေ နီးမလား.
ကံကြမ္မာကျည်ဆန်များ ကို..သစ္စာဒိုင်းနဲ့ ကာ..
ဆုတောင်းနေဆဲ..တစ်နေ့ နီးဖို့ ရာ။

ဆံနွယ်တွေ..လေပြေအတိုး.
ရင်ခုန်သံ မတိုးတတိုး..
လွမ်းမိတဲ့ ရင်..
မောင် ဘယ်နေ့ လာမှာလည်းဟင်။

စုစု

သူနဲ့ သာဆို။

ချစ်သူသာ ပါခဲ့ရင်..
ဘယ်နေရာသွားသွား..
လုံခြုံရဲရင့်.
သူဟာလေ..
ကိုယ်ရံတော် မင်းသားလေး.
ကိုယ်ဟာလေ. သူချစ်တဲ့
ပုံပြင်ထဲကမင်းသမီးလေး..

စိတ်အားငယ်..စိုးရိမ်ကြောင့်ကျ.
ချစ်သူရင်ခွင်သာ.နားခိုရိပ်မြုံ..
သူ့ ဖျစ်ညှစ်ဆုတ်ကိုင်တဲ့ လက်..
အားတက်ယုံကြည်.
ဘာဘဲဖြစ်ဖြစ် ရင်ဆိုင်ရဲသည်။

ဖြတ်ကြမဲ့ မီးပင်လယ်..
အားငယ်စိုးနှောင့်..
မင်းမကြောက်နဲ့ ..
ကျမနဲ့အတူတူ.
သေလည်းတူတူ..
ရှင်တူတူပေါ့..
နှစ်ကိုယ်တူ ကြည်ဖြုလျှောက်မဲ့လမ်း။
ဘယ်လောက်ဘဲ ကြမ်းစေပစမ်း..
တွဲလက်တွယ်ယှက်..
ဒို့ ထာဝရ..မပျက်.
လှမ်းကြမယ်..တဘ၀အတွက်။
နေခြည်လင်းမဲ့ မနက်ဖြန်များ..
ဒို့ ကို ခစားကြတော့မယ်။..

မြေ့မြေ့ရင်ထဲ..ခံရခက်..

တကူးကူးနဲ့ 
သစ်ပင်ပေါ်က ချွဲတဲ့ ချိုးဌက်..
ရင်မှာ..လွမ်းသက်သက်မမေ့
သူလည်းလေ..အဖေါ်ကွဲ
ကိုယ့်လို…ဘဲဆွေးမြေ့။

ချစ်သူအသံကြားတိုင်း..
ရင်ခုန်သံ ဒုန်းစိုင်း.
ပြေးချင်တဲ့ မြင်းရိုင်းလိုစိတ်..
ချစ်သူရင်ခွင်ထဲ.လှဲပစ်လိုက်ချင်တယ်..

နေကြာပန်းလို..နေရောင်အနောက်လိုက်..
ပုစဉ်းရင်ကွဲလို..ရင်ကွဲအောင်.အော်ငိုချင်ခိုက်..
ချစ်သူလည်း ကိုယ့်လိုလွမ်းလျှနေမှာ..
ယုံကြည်တယ်..
မောင်ရယ်..
လွမ်းဝေဒနာ..အနေရခက်လွန်းတယ်..

တနေ့ နဲ့တနေ့ ..
ပိုပို..တွေ့ ချင်တဲ့ဝေဒနာ..
ဆို့ နင်ကြေကွဲ အနေရခက်စွာ..
ဝေးနေတဲ့ရက်တွေ..ရေတွက်ကာမှတ်..
ပြက္ခဒိန်ရက်များ ကြက်ခြေခတ်.
ရုပ်သေးရုပ် ကြိုးပြတ်...
ရင်မှာ..ဟာတာတာ ကွက်လပ်
အချစ် မရှိတာ..
ရေငတ် နေသလိုဘဲ..
နေမထိ ထိုင်မသာ..
နွမ်းလျှရင်မှာ…
စိုးနှောင့်မချိ ..ဗျာပါဒါ

ချစ်သူ.

ည..ကလေးတစ်ည.
တိုက်ခတ်လေတွေထဲက..
ဆောင်ယူ သယ်လာခဲ့
ညမွှေးပန်းများရဲ့ ပန်းလေပြေ..
ချစ်သူရဲ့.ကိုယ်သင်းရနံ့ ..ကိုဘယ်မမီ..

စန္ဒယားခလုတ်များရဲ့ သံစဉ်ဟာ
ချစ်သူ့  ရင်ခုန်သံလောက်.မချိုနိုင်ပါဘူး

ပိုးကတ္တီပါစ ရဲ့ ပွတ်တိုက်ညင်သာမှု
ချစ်သူရဲ့နှုတ်ခမ်း တွေ့ ထိမှု လောက်..မနူးညံ့ပါဘူး။

နှင်းဆီပွင့်ချပ် ပန်းမွေ့ ယာရဲ့ လန်းဆတ်မှု
ချစ်သူ ရင်ခွင်ကြားလောက် စိတ်ကြည်နူးမှုမရှိနိုင်ပါဘူး.

အာရုဏ်နေခြည်ရဲ့.ထွေးပွေ့ မှု
ချစ်သူ.အပြုံးများလောက်.. နွေးထွေးရှိနိုင်ပါဘူး။

ပျားရည်သကာရဲ့ အရသာ
ချစ်သူရဲ့
ချစ်တယ်ဆိုတဲ့ စကားသံလောက် ချိုမြမှု မရှိနိုင်ပါဘူး။

ချစ်သူ နဲ့ ပတ်သက်ရင်..
အရာရာဟာ..ပြီးပြည့်စုံတဲ့ ဘဝ
ဆေးရောင်စုံတောက်ပ. ပန်းချီတစ်ချပ်
ကြင်နာမှုပန်းပုဘောင်..အနားသတ်နဲ့ 
မျှော်လင့်ချက် နေခြည်အောက်မှာ
လန်းဆတ်လှပနေမြဲ

ဟန်ဆောင်မာယာ တွေ မဆိုတတ်ပါဖူး
ရိုးရိုးလေးနဲ့ ဘဲ ပြောချင်တယ်.
တိုးတိုးလေးနဲ့ ဘဲ ပြောချင်တယ်.
..သိပ်ချစ်တယ်။

တမ်းတမ်းတ..အမောပြေ

ကမ်းသောင်ကို တက်မဲ့
ပင်လယ်ဒီရေ..တွေ..လမင်းကို.စောင့်မျှော်နေသလို

လွင့်မြောလိုတဲ့
ပန်းဝတ်မှုန်တွေက..လေပြေတွေကို စောင့်မျှော်နေသလို

သက်တန့် ဖြစ်မဲ့
မိုးရေမှုန်တွေကတဲ့ နေခြည်နုကို စောင့်မျှော်နေသလို

ကိုယ်လည်းလေ
မင်းကို အချိန်တိုင်း … စက္ကန့် တိုင်း တွေ့ချင်နေတယ်။

လမင်းကြီးလို..လကွယ်ရက်များ..မှောင်ချမထားပါနဲ့ 
လေပွေတွေလို ဝေ့လည်တိုက်..မလှည်ုစားလိုက်ပါနဲ့ 
နေခြည်တွေလို. တိမ်မဲညိုတွေကြား မပုန်းလိုက်ပါနဲ့ 
တွေ့ ချင်နေတဲ့ ချစ်သူကို..မျက်နှာညို.စိတ်မကောက်လိုက်ပါနဲ့ ။

နူးညံ့တဲ့ အပြုံးများ..
အမောပြေ ခြွေချထားလှည့်ပါခဲ့။
ပေးနေကြ အနမ်းများ..
အလွမ်းပြေ ပေးသနားလှည့်ပါခဲ့။
တဘ၀စာအတွက်..
မင်းနဲ့ အသက်ဆက်ပါရစေ။

ချဉ်ခြင်း

လေယာဉ်ကြီးအတက်..
အကြည့်..တစ်ချက်
ပြူတင်းပေါက်ကနေ..အပြင်ဖက်

မြင်လွှာတွေ..မှုန်မွှား
မျက်ရည်များလား..
နှင်းစက်များလား..
ဝေဝါးနေတယ်။

တွေ့ ရတဲ့ တိုတောင်းကာလ..
ပျော်ရွှင်ဆုံးညတွေ..
သီချင်းလေးတွေနဲ့ .
ကြည်နူးစွာ.သူ့ ရင်ခွင်ထဲအိပ်စက်
ပြန်တွေးမိရုံလေး တောင်
ရင် မုန်တိုင်းထန်.
သူနဲ့ နေရတဲ့ ရက်နိဗ္ဗာန်။

ခုချိန်လေး
တူတူမနေနိုင်သေးတဲ့..
အခိုက်အတန့် ..
လွမ်းတာတွေ..စု..
ကျမျက်ရည်ဥ
ရင်ဝေဒနာက ခိုးလိုးခုလု.

မကွဲကွာသော ခွဲခွါရခြင်း..
ခါးသီးစွာ ရင်ဆိုင်ရင်း
တနေ့ တချိန်ချိန်..အတူတူနေ.
လွမ်းချိန်တွေ..အကြွေးဆပ်..
မောင့်ရင်ခွင်မှာ
တိုးတိတ်တိတ်.မျက်နှာအပ်။

ရင်တွင်းရဲ့ ထာဝရ
ချဉ်ခြင်းအာသာတစ်ရပ်
ဘဝရဲ့..နောက်ဆုံးရက်များ..
နိဗ္ဗါန်ရည်ရွယ်.
ကုသိုလ်တွေ..
မင်းနဲ့ တူတူ..ဝေယူချင်တယ်။

စုစု

ကော်ဖီမဲ့ မနက်..အချစ်မဲ့ သက်ခါးခါး

မနက်ခင်း..ကော်ဖီ.
မသောက်ရ..စိတ်မကြည်..
ရင်မှာ..ဟာတာတာ
ခေါင်းမူးကိုက်.
စွဲလမ်းခဲ့တဲ့..ဘဝမှာ

သူ့ မျက်လုံးကြည်..
အပြစ်ကင်းတဲ့ရယ်သံများသည်
မကြားရ..လွမ်းမိပြီ။
ရင်မှာ..မဖြေသာ.
လောင်ကျွမ်းမြိုက်
စွဲလမ်းခဲ့တာ..ပြောမပြသာ

တိမ်ပြာတွေရဲ့ အဝေး
သောင်ကမ်းဘေးမှာ သူရှိနေမှာ။
ပင်လယ်ပြင်ဘက်ငေး..
ကိုယ့်ကို သတိရနေမယ် အသေချာ။

စွဲလမ်းမိသူ. နှစ်ယောက်သား.
ရေမြေဝေး တဲ့ တဒင်္ဂ
ကော်ဖီ မရှိတဲ့ မနက်ခင်းရက်များက
နေမထိ ထိုင်မသာ..
နှစ်ဦးသားလွမ်းလိုက်တာ။
ဆို့ ကြင်နစ်နစ်...တကဲ့ ဝေဒနာစစ်

ချစ်ခြင်းရဲ့ နိမိတ်ပုံ.

မျက်လုံးခြင်း ဆုံတဲ့ အခိုက်အတန့် 
ကိုယ်စိတ်တွေ..ဝေဟင်ထဲ
ဆိုင်းကြိုးပြတ်.စွန်တစ်ကောင်လိုစီးမြောခဲ့
ဒါ..ဘာကြောင့်ပါလဲ။

နူးညံ့ သူ့ စကားသံ ကြားရတဲ့ အခိုက်အတန့် 
ကိုယ့်နှလုံးသွေးကြောထဲ..
ရေနွေးအဆက်မပြတ် ပျော်ဝင်စီးဆင်းခဲ့
ဒါ..ဘာကြောင့်ပါလဲ။

ချိုလွင် သူ့ ရယ်သံ ကြားရတဲ့ အခိုက်အတန့် 
ကိုယ့်အားအင်ပြတ်..
လည်ချောင်းခြောက် ရေငတ်မိရဲ့
ဒါ..ဘာကြောင့်ပါလဲ။

တိတ်တဆိတ် ကျေးဇူးပြုပြီး
ကျမ ရင်ခုန်သံတွေရယ် တိတ်ပေးကြပါ
ပြင်းပြတဲ့ ရှိုက်ဝင်သက်
စိတ်မလုံ..
ကျမလေ..ရှက်..ရှက်..ရှက်
သူ ရိပ်မိသွားပါ့မယ်။

ပါးပြင်ပေါ်က ရှက်သွေးစို့ နှင်းဆ်ီရောင်
ကျမအပေါ် ကျီစယ်မှာလားမောင်။

ရေအလျှင်တားမရ..
ချစ်ရေကာတာ ပြိုဆင်းနေဆဲ..
မချစ်ရဲ..ချစ်ရဲနဲ့ ကျမ.
နောက်ဆုံးကျ..
ယုံစားချစ်လိုက်ပြီ။

မိုက်သည်ပြောပြော..
ဒီ မှော်ရုံတော..တစ်ကြော
အချစ်နဲ့ လွင့်မြော..
မောင့်အတွက်..ဇော..
ပန်းမွေ့ ယာ၌ ပျော်မွေ့ သော..

ချစ်သူနဲ့ ချစ်ရမဲ့..မနက်ခင်း..တစ်မနက်
ချစ်သူနဲ့ ကိုနမ်းရမဲ့..ရက်ကလေးတစ်ရက်
လဲခဲ့လိုက်ပြီ..
နောင် ပေးဆပ်ရမည့်..
လွမ်းရက်ပေါင်းက ခုနှစ်ရာ။

 
/* EOT ----------------------------------------- */